Latest News

Sunday, December 11, 2016

လက်ဖက်အုပ်ဘုန်းကြီးကျောင်းဝင်းအတွင်း ပေါက်ကွဲစေတတ်တဲ့လျှပ်စစ်ဒီတို နေတာတွေသိုလှောင်ထားမှု ရဲစုံစမ်းနေ

လက်ဖက်အုပ်ဘုန်းကြီးကျောင်းဝင်းအတွင်း ပေါက်ကွဲစေတတ်တဲ့လျှပ်စစ်ဒီတို နေတာတွေသိုလှောင်ထားမှု ရဲစုံစမ်းနေ




မန္တလေး၊ဒီဇင်ဘာ၁၂

မန္တလေး မဟာအောင်မြေမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းဝင်းတစ်ခုမှာ ဒီဇင်ဘာ ၁၁ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်က တရုတ်နိုင်ငံထုတ်နဲ့ အိန္ဒိယနိုင်ငံထုတ် ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေ၊ ဆက်စပ်ပစ္စည်းတွေနဲ့အတူ လူနှစ်ဦးအားဖမ်းဆီးရမိထားကြောင်း နယ်မြေခံသတင်းတပ်ဖွဲ့ တွေဆီကစုံစမ်းသိရပါတယ်။

မန္တလေးတိုင်းဒေသကြီး မှုခင်းအကူဌာနစုမှဒုရဲမှူးဌေးမြင့်ဦးစီးတဲ့ရဲအုပ်အောင်ဇော်မိုးနဲ့အဖွဲ့၊ စစ်အင်ဂျင်နီယာတပ်ရင်း ၉၁၀(မန်း)မှ ဗိုလ်ကြီးအောင်သူ ၀င်းနဲ့အဖွဲ့၊ ခေတ္တမခရခွဲ(၃)ရဲမှူးစိုးနိုင်နဲ့အဖွဲ့၊ မန္တလေးခရိုင်မှုခင်းအကူဌာနစိတ်မှရဲအုပ်ကြည်ဇင်နဲ့အဖွဲ့ နယ်မြေခံအမှတ်(၇)ရဲစခန်းမှစခန်းမှူးရဲအုပ် ကျော်သူနဲ့အဖွဲ့၊ မမစ(၉)မှနယ်ထိန်းခေါင်းဆောင်ရဲအုပ်မိုးဝင်းစိန်နဲ့အဖွဲ့၊ သက်သေဒေ၀န်းအရှေ့ရပ်ကွက်မှအကွက်မှူးဦးတင့်ကို၊ စိန်ပန်းရပ်ကွက်မှ အကွက်မှူးဦးဌေးကျော်၊ ချမ်း/နောက်ရပ်ကွက်မှအကွက်မှူးဦးရှိန်းပိုင်တို့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မဟာအောင်မြေမြို့နယ် ဒေးဝန်းအရှေ့ရပ်ကွက်၊ အကွက်အမှတ် ၂၉၄၊ ညောင်ကုန်းရပ်ရှိ ရေပန်းဘုန်းကြီးကျောင်းတိုက်၊ လက်ဖက်အုပ်ဘုန်းကြီးကျောင်းဝင်းအတွင်း ပေါက်ကွဲစေတတ်တဲ့လျှပ်စစ်ဒီတို နေတာတွေသိုလှောင်ထားတယ်ဆိုတဲ့သတင်းအရ ၀င်ရောက်ရှာဖွေခဲ့ရာမှ အမှန်တကယ်ပဲ အဲဒီပစ္စည်းတွေတွေ့ရှိခဲ့တယ်လို့ နယ်မြေခံသတင်းတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ကျောင်းဝင်းအတွင်းရပ်ထားတဲ့ လိုက်ထရပ်ယာဉ်ရှေ့ခန်းမှာ ကိုသူရိန်ဖြိုး(ခ)သူရိန်အားတွေ့ရှိပြီး ယာဉ်နောက်ခန်းမှာတော့ အမိုးနီးယားနိုက်ထရိတ်မြေ ဆီအိတ် ၄ အိတ်အနက် မြေဆီအိတ် ၁ အိတ်အတွင်းမှ ရောင်စုံဝါယာကြိုးတွေတပ်ဆင်ထားတဲ့ တရုတ်နိုင်ငံထုတ်ဒီတိုနေတာ(ခ)လျှပ်စစ်စနက်တံ ၂၀၀၊ ကိုရဲစိမ်းအောင်ဆိုသူနေထိုင်တဲ့ သွပ်မိုးအုတ်ကာကျောင်းဆောင်မြေအောက်ခန်းအတွင်း ရောင်စုံဝါယာကြိုးတွေတပ်ဆင်ထားတဲ့ တရုတ်နိုင်ငံထုတ် ဒီတို နေတာ(ခ) လျှပ်စစ်စနက်တံ ၁၃၁ ချောင်း နဲ့ ဂျပ်စက္ကူဗူးအတွင်းထည့်ထားတဲ့ အိန္ဒိယနိုင်ငံထုတ် SOD တံဆိပ်ပါ မီးရှို့ဒီတိုနေတာ ၁၇၃ ချောင်း၊ လူမနေ တဲ့ပစ္စည်းသိုလှောင်ရုံ ၃ လုံးအတွင်း GARRY တံဆိပ်ပါ ပီနံအိတ်ချုပ်စက် ၁ လုံး နဲ့ SONY တံဆိပ်ပါပီနံအိတ်ချုပ်စက် ၁ လုံး၊ အရှည် ၂၅ ပေရှိမီးပလပ်ခုံပါမီးကြိုး ၁ ချောင်း၊ စင်ထွာတံဆိပ်ပါဒစ်ဂျစ်တယ်ကတ္တား ၁ လုံး၊ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေနဲ့ရောစပ်အသုံးပြုလို့ရတဲ့ မြေဆီအိတ် မျိုးစုံအလုံး ၂၅၀၊ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေနဲ့ရောစပ်အသုံးပြုလို့ရတဲ့မီးသွေးအိတ် ၂ လုံး၊ ကျောင်းဝင်းအတွင်းရပ်ထားတဲ့ကိုရဲစိမ်းအောင်ရဲ့အဖြူ ရောင် CRV အမျိုးအစားယာဉ်တစ်စီးတို့ကို သိမ်းဆည်းရမိလိုက်တာလို့သိရပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး နယ်မြေခံအမှတ် ၇ ရဲစခန်းက (ပ)၄၇၇/၂၀၁၆ ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများအက်ဥပဒေပုဒ်မ ၅ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ဖို့စီစဉ်ထားတယ်လို့လည်းသိရပါတယ်။

စောထွေး
#PopularNews

No comments:

Post a Comment