Latest News

Sunday, December 11, 2016

မွန်ပြည်နယ်ဝန်ကြီးချုပ် တနသာင်္ရီတိုင်းလွတ်တော်ဥက္ကဌနဲ့ ဒုဥက္ကဌတို့ကို အန်အယ်ဒီ စတင်စစ်ဆေး”

မွန်ပြည်နယ်ဝန်ကြီးချုပ် တနသာင်္ရီတိုင်းလွတ်တော်ဥက္ကဌနဲ့ ဒုဥက္ကဌတို့ကို အန်အယ်ဒီ စတင်စစ်ဆေး”

၁၁၊ဒီဇင်ဘာ၊ရန်ကုန်။ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ တနသာင်္ရီတိုင်းဒေသကြီး လွတ်တော်ဥက္ကဌနဲ့  ဒုဥက္ကဌတို့ ကို အမျိုးသားဒီမိုက ရေစီအဖွဲ့ ချုပ် ရုံးချုပ်မှာ စတင်ခေါ်ယူစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

” မနက်ပိုင်းမှာ တနသာင်္ရီလွတ်တော်ဥက္ကဌနဲ့  ဒုဥက္ကဌနဲ့ တွေ့ တယ်။ ကျွန်တော်တို့ လိုချင်တဲ့ အချက်အလတ် တွေကို မေးတယ်။ တောင်းတယ်ပေါ့ဗျာ။ သူတို့ လည်း ပြောပြတယ်။ပေးတယ်ပေါ့။ သူတို ဘက်ကအထောက် အထားတွေ တင်ပြတယ်။နေ့ လည် ပိုင်းမှာ မွန်ဝန်ကြီးချုပ် နဲ့ တွေ့ တယ်။ သူလည်း ကျွန်တော်တို့ လိုချင်တာ တွေ တောင်းတယ်။ သူတင်ပြတာတွေလည်း ယူထားတယ်။အချက်အလက်တွေကို စီစစ်မယ်။ ကျွန်တော်တို့ ပြန် ထိုင်ကြရဦးမှာပါ” လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လေ့လာသုံးသပ်ရေးအဖွဲ့ ဝင် ဦးကျော်ဟိုးက ပြောပါတယ်။

လောလောဆယ်မှာတော့ လေ့လာသုံးသပ်ရေးအဖွဲ့ အနေနဲ့  မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး၊ တနသာင်္ရီတိုင်းဒေသကြီးလွတ်တော် ဥက္ကဌ ဦးခင်မောင်အေးနဲ့  ဒုဥက္ကဌဦးကြည်စိုးတို့ ဆီက ရရှိထားတဲ့ အချက်အလက်တွေကို ဗဟိုကော်မတီသို့ တင်ပြမှာဖြစ်တယ်လို့  ဦးကျော်ဟိုးက ပြောပါတယ်။

” ကျွန်တော်တို့ က ဒီအချက်အလက်တွေကို ပြည့်စုံတယ်။မစုံဘူးစီစစ်မယ်။ ပြည့်စုံရင် ဗဟိုကော်မတီကိုတင်ပြမယ်။ ထုတ်ပြောလို့ တော့မရသေးပါဘူး။”လို့  ဦးကျော်ဟိုးက ပြောပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့ က မွန်ပြည်နယ်မှာ ပြည်နယ်ဝန်ကြီးအပြောင်းအလဲပြုလုပ်မယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ဦးမင်းမင်းဦးဟာ ပြည်နယ်စည်ပင် သာယာရေးနဲ့  ဆောက်လုပ်ရေးဝန်ကြီးဌာနကိုပါ ပူးတွဲတာဝန်ယူထားသူတစ်ဦးဖြစ်ပါတယ်။

ဝန်ကြီးချုပ်အဖြစ်တာဝန်ယူတဲ့ သက်တမ်း ၈ လအတွင်းမှာ ၀န်ကြီးချုပ် ခွင့်ရက်ရှည်ယူတာ၊ ပြည်နယ်ကော်မတီအဖွဲ့ ဖွဲ့ စည်းရာမှာလည်း ဘက်လိုက်မှုရှိတာ၊ ပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့  မကြာခဏတွေ့ ဆုံ တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာ၊ လူမှုရေး၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းတွေ လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ နေတာတွေကြောင့် ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

တနသာင်္ရီတိုင်းဒေသကြီးလွတ်တော် ဥက္ကဌ ဦးခင်မောင်အေးနဲ့  ဒုဥက္ကဌဦးကြည်စိုးတို့ ဟာ တိုင်းဒေသကြီးအ တွင်းမှာ အဆောက်အုံဆောက်လုပ်ခွင့်တင်ဒါကိစ္စတွေမှာ ပွင့်လင်းမြင်သာမှုမရှိ တာတွေကြောင့် လွတ်တော် ကိုယ်စားလှယ်တွေကိုယ်စားလှယ်တွေက ပြန်လည်စီစစ်ပေးဖို့  တိုင်ကြားခံထားရတာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့  လေ့လာသုံး သပ်ရေးအဖွဲ့ ဟာ မွန်ပြည်နယ်က ကိစ္စရပ်တွေ၊ ၀န်ကြီးချုပ်ဦးမင်းမင်းဦး နဲ့  တနသာင်္ရီတိုင်းဒေသကြီးလွတ်တော်ဥက္ကဌနဲ့  ဒုဥက္ကဌတို့ ရဲ့ ကိစ္စရပ်တွေကို လေ့လာစစ်ဆေးဖို့  နိုဝင်ဘာလ ၂၅ ရက်နေ့ မှာ ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုအလုပ်မှုဆောင် အဖွဲ့ ဝင်အစည်းအဝေးဆုံးဖြတ်ချက်အရ ဖွဲ့ စည်းထားတာဖြစ်ပါတယ်။

အဲသည်အဖွဲ့ ကို အဖွဲ့ ဝင်သုံးဦးနဲ့ ဖွဲ့ စည်းထားတာဖြစ်ပြီး ဗဟိုအလုပ်မှုဆောင်အဖွဲ့ ဝင်ဖြစ်တဲ့ ဦးဥာဏ်ဝင်းက အဖွဲ့ ခေါင်းဆောင်၊ ဒေါက်တာမျိုးညွန့် နဲ့  တရားလွတ်တော်ရှေ့ နေဦးကျော်ဟိုး တို့ က အဖွဲ့ ဝင်တွေ အဖြစ် တာဝန်ယူဆောင်ရွက်မှာဖြစ်ပါတယ်။

Sources ; ချမ်းသာ : Kumudra

No comments:

Post a Comment