Latest News

Sunday, December 11, 2016

လွှတ်တော် ကိုယ်စားလှယ် လုပ်ကြံခံရတာနဲ့ ပတ်သတ်ပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည်

လွှတ်တော် ကိုယ်စားလှယ် လုပ်ကြံခံရတာနဲ့ ပတ်သတ်ပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည်

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

တောင်ဒဂုံမြို့နယ် တိုင်းဒေသကြီး လွတ်တော် ကိုယ်စားလှယ် ဦးညီညီဟာ လေးထောင့်ကန် မြို့နယ်မှာ အဟာရ ချို့တဲ့ ကလေးငယ်များကို သွားရောက် ကြည့်ရူပြီး အပြန် အသက် အန္တရာယ် လုပ်ကြံခံရတာနဲ့ ပတ်သတ်ပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မယ် လို့ သိရပါတယ်။

“အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် ညနေငါးနာရီ ရုံးမှာ ရှင်းလင်းသွားမှာပါ လောလောဆယ် ဖြေကြားနိုင်ခြင်း မရှိသေးလို့ပါ“ လို့ ဦးညီညီ က ပြောပါတယ်။

တောင်ဒဂုံမြို့နယ် တိုင်းဒေသကြီး လွတ်တော် ကိုယ်စားလှယ် ဦးညီညီ ဟာ လေးထောင့်ကန် မြို့နယ်မှ အပြန် မနေ့ညက ၁၀ နာရီခန့်အချိန်မှာ လူအင်အား အပြည့် ပါလာတဲ့ အသက်အန္တရာယ် ခြိမ်းခြောက်မှု တစ်ခုနဲ့ ကြုံတွေ့ခဲ့ရတယ်။

Taxi အနက်ရောင် ကားတစ်စီးပေါ်က လူတွေကို သတ်မယ် ဖြတ်မယ်လို့ ချိန်းခြောက်တဲ့အပြင် လွတ်တော် ကိုယ်စားလှယ် မောင်းနှင်လာတဲ့ကားရှေ့မှာ ကန့်လန့်ပိတ် ရပ်ခဲ့တယ်။ အဲဒီနောက်မှာလုပ်ကြံမယ့် သူတွေက ကားပေါ်မှာ ဆင်းလာချိန်မှာ လွတ်တော် ကိုယ်စားလှယ် ဦးညီညီ က ကားကို ကျော်တတ်ပြီး ရဲစခန်း ရှေ့ထိ မောင်းပြေး ခဲ့ရတယ်လို့ သူ့ရဲ့ ဖေ့ဘုတ် စာမျက်နှာမှာ ရေးသားထားပါတယ်။

ဒါ့အပြင် အသက် အန္တရာယ် ခြိမ်းခြောက်ခံရတဲ့ အချိန်မှာ သက်ဆိုင်ရာ ရဲစခန်းကို အကြောင်းကြားခဲ့ပေမယ့် ရဲက လာရောက်ခြင်း မရှိဘူး ဆိုတဲ့ အချက်ကိုလည်း ထည့်သွင်း ရေးသားထားပါတယ်။

လွတ်တော် ကိုယ်စားလှယ် ဦးညီညီ ဟာ လုပ်ကြံခံရတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး တောင်ဒဂုံ ရဲစခန်းမှာ အမှုဖွင့် ထားတယ်လို့သိရပါတယ်။

Author ၀င်းနန္ဒ
ကုမုဒြာ

No comments:

Post a Comment