Latest News

Sunday, December 11, 2016

သတင်းထောက်ဖြစ်နေတာကြောင့် သက်သေမထွက်လိုဘူးလို့ ကိုဆွေဝင်းပြော

သတင်းထောက်ဖြစ်နေတာကြောင့် သက်သေမထွက်လိုဘူးလို့ ကိုဆွေဝင်းပြော

သတင်းပိုင်းမှာပဲ လုပ်ချင်တဲ့အတွက် မပါတာပါ။

သတင်းသမားဖြစ်တာကြောင့် အင်းဝအပ်ချုပ်ဆိုင် အမှုမှာ သက်သေ မထွက်လိုဘူးလို့ အဆိုပါအမှုမှာ တရားလိုပြသက်သေအဖြစ် တင်သွင်းခံထားရတဲ့ Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းက ပြောထားပါတယ်။

မျက်မြင်သက်သေလည်း မဟုတ်ဘဲ၊ သတင်းသမားဆိုတာ တစ်ဖက်ဘက်မှာ ရပ်တယ်ဆိုတဲ့ဟာမျိုးလည်း မလုပ်ချင်တာကြောင့် သတင်းပိုင်းမှာပဲ လုပ်ချင်တဲ့အတွက် မပါတာပါလို့  ကိုဆွေဝင်းက ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

ကိုဆွေဝင်းဟာ ခုနစ်ဦးမြောက် တရားလိုပြသက်သေအဖြစ် တရားရုံးမှာ ထွက်ဆိုဖို့ ပျက်ကွက်တာဟာ ယခုတစ်ပတ် ဒီဇင်ဘာ ၈ ရက် ရုံးချိန်းနဲ့ဆိုရင် နှစ်ကြိမ်ရှိပြီဖြစ်ပါတယ်။ အနောက်ပိုင်းခရိုင်တရားရုံးက တရားလိုပြသက်သေအဖြစ် တင်သွင်းထားတာကို  ခရီး ထွက်နေတာကြောင့် မသိရှိဘူးလို့လည်း ကိုဆွေဝင်းက ပြောထားပါတယ်။

Photos & Source: 7Day Daily: Duwun

No comments:

Post a Comment