Latest News

Sunday, December 11, 2016

ကရင်ဝန်ကြီးချုပ် ကျပ်သိန်းသုံးရာ ထီပေါက်

ကရင်ဝန်ကြီးချုပ် ကျပ်သိန်းသုံးရာ ထီပေါက်

(၃၃၅) ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် မိသားစုက ကျပ်သိန်း ၃၀၀ ဆုပေါက်ခဲ့ကြောင်းသတင်းရရှိသည်။

(၃၃၅)ကြိမ်မြောက် အောင် ဘာလေထီ ကံထူးရှင်များကို ဒီဇင်ဘာ ၁ ရက်က ကြေညာခဲ့ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်း ခင်ထွေးမြင့်က ၎င်း၏ အမျိုးသား ကံစမ်းသော ထီလက်မှတ်ကကျပ် သိန်း ၃၀၀ ဆု ပေါက်ကြောင်း ပြောသည်။

ကရင်ပြည်နယ် ၀န်ကြီးချုပ် က ‘‘ထီဆိုင်ရှေ့မှာ ဓာတ်ပုံနဲ့ တောင် ကြေညာထားပြီလို့ ပြော တယ်။ ကျွန်မအမျိုးသားကထီထိုး တာပေါ့။ သူကတော့ လစဉ်လိုလို ထီထိုးတာ။ ကျွန်မအမျိုးသားဆို တော့ ကျွန်မတို့ပဲပေါ့။ မိုးယံရွှေ လမင်းနဲ့ မြတ်ဆုကုဋေက ပေါက် တာ’’ဟု ပြောသည်။

ထီပေါက်ခြင်းနှင့်ပတ်သက် ၍ ကရင်ပြည်နယ် ၀န်ကြီးချုပ်က သီးခြားမှတ်ချက်မပေးပေ။ ဒေါ်နန်းခင်ထွေးမြင့်သည် ၂၀၁၅ ရွေးကောက်ပွဲ၌ ဘားအံမြို့နယ် ပြည်နယ်အမှတ် (၁) မဲဆန္ဒနယ် ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင် ခဲ့ကာ အနိုင်ရခဲ့ပြီးနောက် ကရင် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေး ချယ်ခန့်အပ်ခံခဲ့ရသူဖြစ်သည်။

7Day News Journal

No comments:

Post a Comment