Latest News

Sunday, December 4, 2016

ပုလဲမြို့တွင်တရားမ၀င် ပိတောက်တုံး ၉၆ တုံး ပိုင်ရှင်မဲ့ ဖမ်းဆီးရမိ




ဇင်ဘာ   ၎

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ် သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ် ဖွဲ့တို့ ပူးပေါင်း၍ တရားမဝင်သစ်များ ခိုးယူခြင်း ခုတ်လှဲခြင်း သယ်ဆောင်ခြင်းများကို တားဆီး ကာကွယ်ဖမ်းဆီးလျှက်ရှိရာ ဒီဇင်ဘာလ ၄ ရက်က တရားမဝင်သစ် ပိတောက်တုံး ၉၆ တုံးကို  ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ် မှာ ပုလဲမြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးတိုးတိုးဝင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မြင့်နှင့် ရဲတပ်ဖွဲ့ဝင်များ မြို့နယ်သစ်တော ဦးစီးဌာန တောအုပ်ကြီးဦးစိုးနိုင်နှင့်ဝန်ထမ်းများ ပါဝင်သည့် ပူးပေါင်း အဖွဲ့သည် ဒီဇင်ဘာ ၃ရက် ည ၁၁ နာရီ ၃ဝ မိနစ်က ချင်ပြစ်ကျင်းကျေးရွာ အုပ်စု ပျော်ဘွယ်ကျင်း(မ)ကျေးရွာ ဘုန်းတော် ကြီးကျောင်း၏ မြောက်ဘက် ချုံစပ်အနီးသို့ သတင်းအရ ဝင်ရောက်ရှာဖွေရာ ပိတောက် ဆိုဒ်စုံ ၅၀တုံးကို လည်းကောင်း ဒီဇင်ဘာ၎ရက် နံနက် ၀၀း၃၀ နာရီတွင် ပျော်ဘွယ်ကျင်း(မ) ကျေးရွာ၏ အရှေ့ဘက် ယာခင်းအစပ်သို့ ဆက်လက်ရှာဖွေရာ ပိတောက်ဆိုဒ်စုံ ၄၆တုံးကို လည်းကောင်း ပိုင်ရှင်မဲ့သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သော တရား မဝင်သစ် ပိတောက်တုံး ၉၆တုံးကို ပုလဲမြို့နယ် မင်းတိုင် ပင်ကျေးရွာ ယမားနယ်သစ်ထုတ်လုပ် ရေးကွင်းသို့ သယ်ဆောင်ထိန်းသိမ်းထားရှိမည် ဖြစ်ကြောင်းနှင့် တရားမဝင သစ်များ ခိုးယူခြင်း သယ်ဆောင်ခြင်းလုပ်ငန်း ဆောင်ရွက်နေသူများကို ဖော်ထုတ် ဖမ်းဆီးရမိရေး အတွက် နယ်မြေ ကွင်းဆင်းခြင်း လုပ်ငန်းများကို အရှိန်တိုးမြှင့် ဆောင်ရွက်မည် ဖြစ်ကြောင်း မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သတင်းရရှိသည်။

မြို့နယ်ပြန်/ဆက်

No comments:

Post a Comment