Latest News

Sunday, December 4, 2016

တတိယအကြိမ် မြန်မာ - ဂျပန် နိုင်ငံတကာ သုတေသန စာတမ်းဖတ်ပွဲ ကျင်းပ



ပုသိမ် ဒီဇင်ဘာ ၃ ( ပြန်/ဆက်)

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့တွင် တတိယအကြိမ် မြန်မာ-ဂျပန် နိုင်ငံတကာ သုတေသန စာတမ်းဖတ်ပွဲကို ယနေ့ နံနက်ပိုင်းက ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခမ်းမတွင် ကျင်းပရာ ဝန်ကြီးချုပ် ဦးမန်းဂျော်နီ တက်ရောက်၍ အမှာစကားပြောကြားသည်။

ဆက်လက်ပြီး မြန်မာ - ဂျပန် တက္ကသိုလ်များ ပညာရေး ပူးပေါင်းဆောင်ရွက်မှု  စွမ်းရည်ဆုကို  ဂျပန်နိုင်ငံ က ပေးအပ်ရာ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာညွှန့်ဖေ က လက်ခံရယူပြီး ဝန်ကြီးချုပ် ဦးမန်းဂျော်နီ နှင့် လွှတ်တော် ဥက္ကဌ ဦးအောင်ကျော်ခိုင် တို့ က ဂျပန်တက္ကသိုလ်များ မှ ပညာရှင်ကိုယ်စားလှယ်များ အား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ စာတမ်းဖတ်ပွဲတွင် ပုသိမ်တက္ကသိုလ် ၌   Symposium    များ ကျင်းပရခြင်း ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန နှင့် အခြားသော ဝန်ကြီးဌာနများ အောက်မှာရှိသည့် တက္ကသိုလ်များ၊ ဦးစီးဌာနများမှ အသိပညာရှင် ၊ အတတ်ပညာရှင်များ ၊ ဆရာ / ဆရာမများနှင့် ကျောင်းသား/သူများ အနေဖြင့် နိုင်ငံတကာ အတွေ့အကြုံများ ရရှိအောင် သုတေသနများ ဆောင်ရွက်ရာမှာ နိုင်ငံတကာ အဆင့်မှီအောင် ဂျပန်နိုင်ငံမှ ပညာရှင်များ ၊ အခြားသော နိုင်ငံများ မှ ပညာရှင်များ နှင့် ချိတ်ဆက်ပြီး အသိပညာ အတတ်ပညာများ ဖလှယ်ခွင့် ရရှိပြီး မြန်မာ့ပညာရေး လောက တိုးတက်မြင့်မားစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

၂၀၁၄-ခုနှစ် ၊ ၃၀.၁၁.၂၀၁၄ မှ ၁.၁၂.၂၀၁၄ အထိ ပထမအကြိမ် Symposium တွင် ဂျပန်တက္ကသိုလ် (၁၀)ခုမှ ပညာရှင် ( ၃၆ ) ဦး ၊ ၅.၁၂.၂၀၁၅ မှ ၆.၁၂.၂၀၁၅ အထိ ဒုတိယအကြိမ် Symposium တွင် ဂျပန်တက္ကသိုလ် (၁၉)ခုမှ ပညာရှင် ( ၁၀၄ ) ဦး ၊ယခု ၃.၁၂.၂၀၁၆ မှ ၄.၁၂.၂၀၁၆ အထိ တတိယအကြိမ်  Symposium တွင် ဂျပန်တက္ကသိုလ် (၂၇)ခုမှ ပညာရှင် ( ၁၆၀ ) ဦး တက်ရောက်မှာဖြစ်ပြီး ဖိလစ်ပိုင် ၊ ထိုင်း ၊ ဗီယက်နမ် ၊ အမေရိကန် တက္ကသိုလ်များ မှ ပညာရှင် ( ၂၅ ) ဦး တက်ရောက်မည်ဖြစ်ကြောင်းသိရသည်။

ယခုကဲ့သို့   Symposium   ကျင်းပရခြင်းအားဖြင့် ( ၁ ) ပုသိမ်တက္ကသိုလ် အပါအဝင် ပြည်တွင်း တက္ကသိုလ်များ မှ ကျောင်းသား/သူများ ဆရာ/မ များ သုတေသနပြုမှု စွမ်းရည် တိုးတက်လာမှာဖြစ်ပြီး ( ၂ ) အနာဂတ်မှာ မြန်မာနိုင်ငံ နှင့် ဂျပန်နိုင်ငံအပါအဝင် အခြားနိုင်ငံများ ၏ ပညာရေးနှင့် သုတေသနများ ပူးပေါင်းဆောင်ရွက်မှုသည် ပိုမိုတိုးတက်လာဖို့ မျှော်လင့်နိုင်ကြောင်းသိရှိရသည်။

ယခုစာတမ်းဖတ်ပွဲတွင် သက်ဆိုင်ရာ ဘာသာရပ် နယ်ပယ်အလိုက် သုတေသန စာတမ်းဖတ်ကြားသူများ နှင့် လေ့လာသူ ပြည်တွင်းပြည်ပ ပညာရှင်ပေါင်း ( ၁၀၀၀)ကျော် တက်ေ၇ာက်မှာဖြစ်ပြီး ပုသိမ်တက္ကသိုလ် မှ စာတမ်း( ၇၄ ) စောင် ၊ မန္တလေးတက္ကသိုလ်မှ စာတမ်း ( ၃၇) စောင်  ၊ ရန်ကုန်တက္ကသိုလ်မှ စာတမ်း ( ၃၁ ) စောင် ၊ စုစုပေါင်း ပြည်တွင်း ပြည်ပ စာတမ်း (၄၀၀) ကျော် ကို ဒီဇင်ဘာ ၄ ရက်နေ့ အထိ ဖတ်ကြားမှာဖြစ်ကြောင်းသိရသည်။

အဆိုပါ စာတမ်းဖတ်ပွဲသို့ ဝန်ကြီးချုပ် ဦးမန်းဂျော်နီ ၊ လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ခိုင် ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ လွှတ်တော်ကိုယ်စားလှယ်များ တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ ၊ ဂျပန် ၊ ဖိလစ်ပိုင် ၊ ထိုင်း ၊ ဗီယက်နမ် နှင့် အမေရိကန်နိုင်ငံများ မှ ကိုယ်စားလှယ်များ ၊ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာညွှန့်ဖေ ၊ ဒုတိယ ပါမောက္ခ ၊ ပါမောက္ခ ( ဌာနမှူး ) များ ၊ ပါမောက္ခများ ၊ တွဲဖက်ပါမောက္ခများ ၊ စာတမ်းရှင်များ ၊လေ့လာသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။



No comments:

Post a Comment