Latest News

Sunday, December 4, 2016

မုံးကိုးတပ်စခန်းသို့ တပ်မတော်စစ်ကူ စစ်ကြောင်းများ ရောက်ရှိပူးပေါင်း၊ မုံးကိုးမြို့အား ထိန်းချုပ်နိုင်

မုံးကိုးတပ်စခန်းသို့ တပ်မတော်စစ်ကူ စစ်ကြောင်းများ ရောက်ရှိပူးပေါင်း၊ မုံးကိုးမြို့အား ထိန်းချုပ်နိုင်


နေပြည်တော် ဒီဇင်ဘာ ၎

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ မုံးကိုးမြို့ရှိ မုံးကိုးတပ်စခန်းအား KIA၊ TNLA၊ MNDAA၊ AA အကြမ်းဖက် သောင်းကျန်းသူများမှ နိုဝင်ဘာ ၂၀ ရက်မှစ၍ ယနေ့အထိ ၁၄ ရက်အကြာ အင်းအားသုံး ၀ိုင်းပတ် တိုက်ခိုက်လျက်ရှိရာ အဆိုပါ တပ်စခန်းသို့ စစ်ကူပေးရန် သွားရောက်သည့် တပ်မတော်စစ်ကြောင်းများသည် အကြမ်းဖက်သောင်းကျန်းသူများ၏ အဆင့်ဆင့်ပိတ်ဆို့ ဖြတ်တောက်တိုက်ခိုက်မှုများကို ထိုးဖောက် ကျော်လွှား၍ ယနေ့ညနေ ၃ နာရီ ၁၅ မိနစ်တွင် မုံးကိုး တပ်စခန်းသို့ ရောက်ရှိပူးပေါင်းနိုင်ခဲ့ကြောင်း သိရသည်။ တပ်မတော် စစ်ကြောင်းများက မုံးကိုးမြို့အတွင်း အသေးစိတ်ရှင်းလင်းမှုများကြောင့် မြို့တွင်းရှိ အကြမ်းဖက် သောင်းကျန်းသူများသည် ဦးတည်ရာမဲ့ ကစဥ့်ကလျား ဆုတ်ခွာ ထွက်ပြေးလျက်ရှိကြောင်းနှင့် တပ်မတော်အနေဖြင့် မုံးကိုးမြို့အား ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

Ref; တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

No comments:

Post a Comment