Latest News

Tuesday, December 13, 2016

အမှတ် (၃) လမ်းမကြီးမှာ ကားငါးစီးဆင့်တိုက် ၂၀ ကျော် ဆေးရုံရောက်ပြီး သုံးဦးသေ


အမှတ် (၃) လမ်းမကြီးမှာ ကားငါးစီးဆင့်တိုက် ၂၀ ကျော် ဆေးရုံရောက်ပြီး သုံးဦးသေ

စက်ရုံဝန်ထမ်းကြိုပို့ Aircon Bus က လမ်းပြောင်းပြန်ကျော်တက်ပြီး တိုက်မိခဲ့တာပါ။

ဒီဇင်ဘာလ ၁၃ ရက်နေ့ ည ၇ နာရီအချိန်က မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ် အမှတ် ၃ လမ်းမပေါ်က အိုးအိမ်မှတ်တိုင်နားမှာ ယာဉ်ငါးစီးဆင့်တိုက်မှုဖြစ်ပွားခဲ့လို့ ဒဏ်ရာရရှိသူ ၂၀ ဦးကို မြောက်ဥက္ကလာဆေးရုံကို တင်ပို့ထားတယ်လို့ သိရပါတယ်။


ဟန်နီးအထည်ချုပ်စက်ရုံဝန်ထမ်းကြိုပို့ Aircon Bus က လမ်းပြောင်းပြန်ကျော်တက်တုန်းမှာ တစ်ဖက်ယာဉ်ကျောမှာရှိနေတဲ့ ဒိုင်နာယာဉ်နဲ့ တိုက်မိပြီး နောက်မှာရှိနေတဲ့ ဘီအမ်ယာဉ်တစ်စီး၊ Toyota Mark 2 Grande နဲ့ Toyota Wish တို့ပါ ထပ်ဆင့်တိုက်မိပြီး ဘီအမ်ကားက တိမ်းမှောက်သွားတာလို့ ပုလဲမြို့အရန်မီးသတ်အဖွဲ့ စခန်းတာဝန်ခံ ဒုတပ်ဖွဲ့မှူး ထင်လင်းအောင်က ပြောပါတယ်။


ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် အမျိုးသား ခြောက်ဦးနဲ့ အမျိုးသမီး ၁၄ ဦးဒဏ်ရာရရှိခဲ့ပြီး အမျိုးသား ခြောက်ဦးမှာ အထည်ချုပ်စက်ရုံဝန်ထမ်း လေးဦးနဲ့ ဘီအမ် ယာဉ်မောင်းတို့က အခြေနေဆိုးလို့ ဆေးရုံကို ချက်ချင်းပို့ဆောင်ခဲ့ပေမဲ့ အထည်ချုပ်စက်ရုံက ၀န်ထမ်းယောက်ျားလေး သုံးဦးက ဆေးရုံရောက်ပြီး သိပ်မကြာခင်အချိန်မှာပဲ ရှေ့ဆင့်နောက်ဆင့် သေဆုံးသွားခဲ့ကာ ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအ၀င် အမျိုးသမီး ၁၄ ဦးကတော့ စိုးရိမ်စရာမရှိတော့ဘူးလို့ ဆိုပါတယ်။

Source : Kumudra

Photos : Mizzima
 

No comments:

Post a Comment