Latest News

Thursday, December 15, 2016

တရားဥပဒေမစိုးမိုးသရွေ့ နိုင်ငံဖွံ့ဖြိုး တိုးတက်မည်မဟုတ်ဟု ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီပြော



တရားဥပဒေမစိုးမိုးသရွေ့ နိုင်ငံဖွံ့ဖြိုး တိုးတက်မည်မဟုတ်ဟု ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီပြော
====================

တရားဥပဒေမစိုးမိုးသရွေ့ နိုင်ငံဖွံ့ဖြိုးတိုးတက်မည်မဟုတ် ဘဲ တရားဥပဒေစိုးမိုးမှသာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်သဖြင့် ပြည်သူများ အကြောက်တရား ကင်းစွာ ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီက ပြော  ကြားသည်။

ပုသိမ်မြို့ စိန့်ပီတာခရစ် ယာန် ဘုရားရှိခိုးကျောင်းတွင် ဒီဇင်ဘာ ၁၄ ရက်က ကျင်းပသည့် ခရစ္စမတ်အကြို မိတ်ဆုံစားပွဲ၌ ဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

တရားဥပဒေရုံးများ၏တ ရားခြင်း၊ မတရားခြင်းကို အစိုးရအနေဖြင့် သိနိုင်မည်မဟုတ်ဘဲ တရားရုံးများတွင် တရားဥပဒေ ဖြင့် ရင်ဆိုင်နေရသော ပြည်သူ များကသာ သိနိုင်မည်ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ဒီချုပ် ပါတီ အနိုင်ရရှိခြင်းမှာလည်း တရားဥပဒေစိုးမိုးရေး၊ လာဘ် ပေးလာဘ်ယူ ကင်းရှင်းရေးဆို သည့် မူဝါဒကို အခြေခံခဲ့သဖြင့် အနိုင်ရရှိခြင်းဖြစ်သည်ဟု ဝန် ကြီးချုပ် မန်းဂျော်နီက ပြောသည်။‘‘တရားဥပဒေရုံးမှာ ရင်ဆိုင် နေရတဲ့ ပြည်သူတွေကိုယ်တိုင် တရားသလား၊ မတရားသလား ဆိုတာ သိပြီးတော့ ကျွန်တော်တို့ ကို တိုင်ကြားပါ။ တိုင်ခွင့်ရှိပါ တယ်။ အဲဒါသည် အပြောင်းအလဲ တစ်ရပ်ပါ။ တိုင်ခွင့်ရှိပါလျက်နဲ့ မတိုင်ရဲတာကတော့ ကျွန်တော် လည်း မတတ်နိုင်ပါဘူး။ တိုင်တဲ့ အခါမှာ သူများကိုဒုက္ခရောက်စေ လိုသော၊ ပျက်စီးစေလိုသော၊ အန္တရာယ်ဖြစ်စေလိုသော သ ဘောတရားနဲ့ လိမ်လည်လှည့် ဖြားတိုင်မယ်ဆိုရင် အဲဒီလူတွေကို ကျွန်တော်တို့ပြန်အရေးယူမှာပါ’’ ဟု ဝန်ကြီးချုပ်က ပြောသည်။

၁၉၉၀ က လွှတ်တော်ကိုယ် စားလှယ်အဖြစ် ရွေးချယ်ခံရစဉ် မိမိကိုယ်တိုင် အပြစ်မရှိဘဲ ပတ် ဝန်းကျင်၏ဝိုင်းပယ်မှုကို ခံစားခဲ့ရ ကြောင်း၊ သို့သော် လက်ရှိတွင် အခြေအနေများ ပြောင်းလဲသွား ပြီဖြစ်ကြောင်း၊ အပြောင်းအလဲ ကာလတွင် ပြည်သူများပူးပေါင်း ပါဝင်မှုသည် အရေးကြီးကြောင်း၊ ပြည်သူများအနေဖြင့် သတ္တိရှိရန်၊ ပြောရဲဆိုရဲရှိရန်၊ အမှန်တရား ကို ချစ်မြတ်နိုးရန်၊ အမှန်တရား အတိုင်း လုပ်ကြပါက နိုင်ငံဖွံ့ဖြိုး တိုးတက်အောင်မြင်မည် ဖြစ် ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြားသည်။

Source: 7 Day
ZN.H

No comments:

Post a Comment