Latest News

Wednesday, December 14, 2016

တရားခံတွေကို ဖမ်းပေးပါ

တရားခံတွေကို ဖမ်းပေးပါ

မြန်မာနိုင်ငံရဲတပ်ဖွဲ့ စွမ်းဆောင်ရည် ကျဆင်းလာပြီလား

MS Group ငွေလဲကောင်တာ နေ့ခင်းကြောင်တောင် ဓားပြတိုက်ခံရပြီးနောက် အဆိုပါညနေတွင် ရဲတပ်ဖွဲ့တာဝန်ရှိသူနှင့် ဆိုင်တာဝန်ရှိသူအချို့ကို ဆိုင်းအ၀င်ဝ၌ တွေ့ရစဉ် ဓာတ်ပုံ-စိုင်းဇော်
‘‘ကျွန်မကတော့ ဘယ်သူပဲဖြစ်ဖြစ် ခွင့်မလွှတ်ဘူး။ အဲဒီလိုပဲ ရဲက ဖမ်းမမိတာတို့၊ လွတ်သွားတာတို့ ဆိုရင်တောင် ကံတရားကလည်း ခွင့်မလွှတ်ဖို့မျှော်လင့်တယ်’’

အဆိုပါစကားကို ဒေါ်ရီရီနွဲ့ တစ်ယောက် မျက်ရည်များနှင့်အ တူ အံကိုကြိတ်လျက်ပြောနေခဲ့ သည်။ ဒေါ်ရီရီနွဲ့သည် သြဂုတ် ၂၀ ရက်က မင်္ဂလာဒုံမြို့နယ်၌ဖြစ် ပွားခဲ့သည့် လေးလောင်းပြိုင်လူ သတ်မှုတွင် အသတ်ခံခဲ့ရသူအမျိုး သမီး၏ မိခင်ဖြစ်သည်။

ထိုဖြစ်ရပ်ဆိုးမဖြစ်မီ တစ် ရက်အလိုက ညဥ့်အိပ်ညဥ့်နေ အ ပြင်သွားခဲ့သဖြင့် ဒေါ်ရီရီနွဲ့တစ် ယောက် အသက်ဘေးမှ လွတ်ခဲ့ ခြင်းဖြစ်သည်။ နံနက်မိုးသောက် အိမ်ပြန်ရောက်ချိန်တွင်တော့ ရက် ရက်စက်စက် အသတ်ခံထားရ သည့် သမီးဖြစ်သူနှင့် မိသားစုဝင် များ၏ အသက်မဲ့ရုပ်အလောင်းများက သူ့ကိုဆီးကြိုနေသည်။ သူသာ အပြင်မသွားခဲ့လျှင် အသုဘတစ်လောင်း သေချာပေါက်ပိုသည်ဟု ဒေါ်ရီရီနွဲ့ကဆိုသည်။

လာမည့်ဒီဇင်ဘာ ၂၀ ရက် ဆိုလျှင် ဒေါ်ရီရီနွဲ့မိသားစုဝင်လေး ယောက်ဆုံးရှုံးခဲ့သည်မှာ လေးလ တင်းတင်းပြည့်ပြီဖြစ်သည်။အဖြစ် အပျက်တို့က လေးလကျော်သွား ခဲ့ပြီဖြစ်သော်လည်း ဒေါ်ရီရီနွဲ့၏ ရင်ထဲတွင် နေ့စဉ်နှင့်အမျှ ပူ လောင်နေဆဲ။ သမီးဖြစ်သူ၊ ရဲအ ရာရှိဟောင်းဖြစ်သည့် သမက် ကို စိုးနောင်နှင့် လောကကြီး အ ကြောင်း မသိတတ်သေးသည့် (၁၀)နှစ်ဝန်းကျင် မြေးငယ်နှစ်ဦး တို့ ရက်ရက်စက်စက် အသတ်ခံရ သည်ကို ယနေ့တိုင်မေ့ဖျောက်မ ရနိုင်သေးပေ။ တရားခံကလည်း လွတ်မြောက်နေဆဲမို့ မိမိလုံခြုံရေး အတွက် နေ့စဉ်နှင့်အမျှ ထိတ်လန့် နေရကြောင်း ပြောသည်။

‘‘အခုထိ စိုးရိမ်ပူပန်နေရ တော့ ကိုယ်ပါသေသွားရင်ကောင်း သားတောင် တွေးမိတယ်။ ရဲတပ် ဖွဲ့ရဲ့ အရေးယူဖို့၊ ဖမ်းဆီးဖို့လုပ်နေ တဲ့ပုံစံတွေကလည်း အလွဲအမှား တွေနဲ့’’ဟူ၍ ဒေါ်ရီရီနွဲ့ကဆိုသည်။ လူသတ်မှုအပေါ်အဖြေရှာနေ သည့် ရဲတပ်ဖွဲ့၏ လုပ်ရပ်အချို့ အပေါ် စိတ်ပျက်ကာ အားမလို အားမရဖြစ်လာသည်ဟုလည်း သူ ကဆိုသည်။

အခင်းဖြစ်ပွားမှု မတိုင်မီက သူတို့ အိမ်ရှေ့တွင် မကြာခဏ ဖြတ်လျှောက်၍ ဖုန်းကင်မရာဖြင့်  ဓာတ်ပုံရိုက်သူနှစ်ဦးကို ဒေါ်ရီရီနွဲ့ က သတိထားမိခဲ့ပြီး ထိုသူနှစ်ဦး၏ ပုံပန်းသဏ္ဌာန်ကိုလည်း ရဲတပ်ဖွဲ့ ထံ သတင်းပေးပို့ခဲ့သည်။ သို့သော် ရဲတပ်ဖွဲ့က အသတ်ခံရသူ၏ ဆွေ မျိုး အသိုင်းအ၀ိုင်းမှ လူများကို သာ ခေါ်ယူစစ်ဆေးနေခဲ့ပြီး သူ သံသယ၀င်နေသည့် လူများအ ကြောင်း အမေးအမြန်းပင်မလုပ် ဟုဆိုသည်။

ထို့အပြင် အိမ်ထောင်ဦးစီးက မိမိကိုယ်ကိုယ်သေကြောင်းကြံ ကာ မိသားစုဝင်များအား သတ်ခဲ့ သည်ဟု ကောက်ချက်ချပြောကြား မှုများပင် ထွက်ပေါ်ခဲ့ကြောင်း သူ ကဆိုသည်။

‘‘ဟိုငါးလောင်းပြိုင်လိုမျိုး အ မှုပိတ်သွားမှာတော့ မလိုလား ဘူး။ ဒီလိုရက်ရက်စက်စက် ဖြစ် သွားတာကိုလည်း ဘယ်လိုမှ မ ဖြေဆည်နိုင်ဘူး။ ကျွန်မမသေမ ချင်းတော့ ဖမ်းဖို့၊ ဆီးဖို့ရဲတွေကို တွန်းအားပေးနေရမှာပဲ’’ဟု သူက ဆိုသည်။

ရန်ကုန်တိုင်းတွင်ယခုနှစ် ၁၁ လအတွင်း လူသတ်မှု ၁၆၃ မှု ဖြစ်ပွားပြီး အောက်တိုဘာ တစ်လ တည်းမှာပင် လူသတ်မှု ၂၅ မှုဖြစ် ပွားခဲ့သည်။ ထို့အပြင် လုယက်မှု၊ ရိုက်နှက်များနှင့် မုဒိမ်းမှုများလည်း ခပ်စိပ်စိပ်ဖြစ်ပွားပြီး အများပြည်သူကို ကျောချမ်းစေသည့် တုန်လှုပ်စရာ အမှုအခင်းများစွာ ဖြစ် ပွားခဲ့သော နှစ်တစ်နှစ်လည်းဖြစ်ခဲ့ သည်။

ရဲတပ်ဖွဲ့မှတ်တမ်းများအရ အရေးယူမဖော်ထုတ်နိုင်သေး သည့် မှုခင်းများက ယခင်နှစ်ထက် ပို၍ များပြားနေသည်။ နှိုင်းယှဉ်ပြ ရမည်ဆိုလျှင် ၂၀၁၅ တွင် တရား ခံမမိသေးသည်မှာ အမှုကြီး ၁၁ မှု ခန့်နှင့် လူသတ်မှု တစ်မှုသာ ရှိပြီး ယခုနှစ်၌ အမှုကြီး ၂၀ ကျော်နှင့် လူသတ်မှုကိုးမှုမှာ တရားခံဖမ်းဆီး မရသေးပေ။

အဆိုပါမှတ်တမ်းများအနက် လူသိများသည့် ပြစ်မှုများကို ပြစ်မှု များကို စုစည်းဖော်ပြရလျှင် ဒေါ် ရီရီနွဲ့၏ မိသားစုဝင်လေးဦး အ သတ်ခံရမှုအပါအ၀င် မင်္ဂလာဒုံရှိ ဘီအီးယန္တရားတပ်ရှေ့ အငှား ယာဉ်ပေါ်တွင် ဓားဒဏ်ရာ များဖြင့် သေဆုံးနေသည့် လူသတ်မှု၊ ဒေါပုံ မြို့နယ် မြောင်းစပ်တွင် ဦးခေါင်း ဖြတ်အသတ်ခံရသည့် မိန်းကလေး ငယ်အမှု၊ သုံးခွမြို့နယ် ချောင်း ဘေးတွင် ဒဏ်ရာများဖြင့်သေဆုံး နေသည့် အမှု၊ မှော်ဘီမြောင်းတကာ စက်မှုဇုန်နေအိမ်တွင် လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေ သည့် အမှု၊ အဖျောက်မြို့ရှိ လူမ နေသည့် ခြံဝင်းအတွင်း ရေအိုင် စပ်၌ မှောက်လျက် သေဆုံးနေ သည့်အမှုနှင့် ခရမ်းမြို့နယ်တွင် မိန်းကလေးနှစ်ဦး အသတ်ခံရမှုတို့ အပြင် ရန်ကုန်မြို့လယ်ကောင် ၃၉ လမ်းမှ ဗြိတိန်နိုင်ငံသား အသတ်ခံရမှု၊ ဗဟန်းမြို့နယ် ရွှေ ဂုံရိပ်မွန်အိမ်ရာရှိငါးလွှာတိုက်ခန်း တစ်ခုတွင် အမျိုးသမီးတစ်ဦးလက် ပြန်ကြိုးတုပ် အသတ်ခံရမှုများ သည် ယနေ့တိုင် တရားခံမမိသေးသော လူသတ်မှုများဖြစ်သည်။

ထို့အပြင် မကြာသေးမီက လောလောလတ်လတ်ဖြစ်ပွားခဲ့ သည့် စမ်းချောင်းမြို့နယ်အတွင်း ရှိ ငွေလဲကောင်တာတစ်ခုကို သေ နတ်ဖြင့် ခြိမ်းခြောက်၍ ငွေများ လု ယူကာ မြေနီကုန်းမှ ပြည်လမ်းအတိုင်း ထွက်ပြေးသွားသည့် တရားခံ နှစ်ဦးကို စီစီတီဗီကင်မရာမှ ရိုက်ယူထားနိုင်သော်လည်း ဖမ်းဆီးရမိ ခြင်းမရှိသေးပေ။

ထို့အပြင် ကျောက်တံတား မြို့နယ် ၃၈ လမ်းရှိ အထည်ဆိုင် တစ်ခုကို အနုကြမ်းစီးသူအား စီစီ တီဗီတွင် ထင်ရှားစွာရိုက်ကူးထား သော်လည်း တရားခံက လွတ် မြောက်နေဆဲဖြစ်သည်။ ဧပြီက ကြည့်မြင်တိုင်၌ အိမ်တစ်အိမ်ကို အနုကြမ်းစီးသူအား ခဲခြစ်ပုံကြမ်း ထုတ်ပြန်ထားသော်လည်း ဖမ်းဆီး ရမိခြင်းမရှိသေးပေ။ အလားတူ အုပ်စုလိုက် ကျူးလွန်မှုများဖြစ်ပွား ခဲ့သော်လည်းမမိသေးသည့်အမှု များရှိနေသည်။

အလုံမြို့နယ် နိုက်ကလပ် အတွင်း တုတ်၊ ဓား လက်နက်များ ဖြင့် ၀င်ရောက်လုယက်သည့် လူ များထဲမှ အချို့ကို ဖမ်းမိထားသော် လည်း ခေါင်းဆောင်နှင့် လူရမ်း ကားအများစု လွတ်မြောက်နေ ဆဲဖြစ်သည်။ ထိုကဲ့သို့တရားခံများ လွတ်မြောက်နေမှုနှင့်ဥပဒေအရ အရေးယူရန် မစွမ်းဆောင်နိုင်မှု က ပြည်သူများအပေါ် ရဲတပ်ဖွဲ့ ၏ လုံခြုံမှုပေးနိုင်စွမ်းကို သံသယဖြစ် စေသည်။

ရာဇ၀တ်မှုများကို ကိုင် တွယ်ဖြေရှင်းရန်နှင့် ကြိုတင်တား ဆီးရန်မှာ ရဲတပ်ဖွဲ့တွင် တာဝန် အပြည့်အ၀ရှိပြီး လက်ရှိအခြေအ နေ၌ ရဲတပ်ဖွဲ့၏ အရည်အသွေး နှင့်ပတ်သက်၍ ပြန်လည်သုံးသပ် ရန်လိုလာကြောင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနနှင့် အစိုးရအရာ ရှိများအနေဖြင့် ပြည်သူများ မလုံ ခြုံသည့်အခြေအနေကို အမှန်ပင် မသိရှိသည်လားဟု လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်ညိုညို သင်းက ဝေဖန်သည်။ ၎င်းအနေ ဖြင့် ရန်ကုန်မြို့သည် မလုံခြုံသော မြို့တော်တစ်ခုဖြစ်လာပြီး လူရမ်း ကားများမှာ ပေါ်ပေါ်ထင်ထင် အ တင့်ရဲလာကာ  အချိန်မီပြုပြင်ရန် လိုအပ်နေသည်ဟု ယူဆနေသည်။

‘‘ရဲဝန်ထမ်းတွေ အရည်အ သွေးနိမ့်နေတဲ့ စွမ်းဆောင်ရည် လျော့ကျနေတဲ့အကြောင်း ကျွန်မ တို့ လွန်ခဲ့တဲ့နှစ်တွေကတည်းက ပြောခဲ့ကြပါတယ်။ အကြောင်းပြ ချက်က ၀န်ထမ်းအင်အားမရှိတာ နဲ့ ဆောင်ရွက်ရမယ့်တာဝန်တွေ များပြားနေလို့ဆိုတာပါပဲ။ ဒါတွေ ပြောခဲ့ပြီးပါပြီ။ ဒါပေမဲ့ အစိုးရသစ် လက်ထက်မှာ နှစ်ပေါင်းများစွာ ပေးခဲ့တဲ့ ဒီဆင်ခြေတွေကို အချိန် မီ ပြင်ဆင်သင့်ပါပြီ’’ဟု၎င်းကပြော သည်။

‘‘စစ်တပ်မှာတောင် လေယာဉ် နဲ့ဗုံးကြဲနိုင်နေပြီ။ စစ်အသုံးစရိတ် တွေမြှင့်ပြီးခေတ်မီစစ်တပ်တည် ဆောက်နေတာပဲ။ ဒီရဲတွေကို ဘာ လို့အဆင့်မမြှင့်နိုင်ရမှာလဲ’’ဟုဒေါ် ညိုညိုသင်းက ၎င်း၏အမြင်ကို ပြောသည်။

ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ ကလည်း ပြစ်မှုဖြစ်စဉ်များနှင့်ပတ် သက်၍ ရဲတပ်ဖွဲ့ဝင်အချင်းချင်း ထိထိရောက်ရောက် အရေးယူပြီး မှုခင်းများကို စုံစမ်းနေဆဲဟု ပြော ကြားမြဲဖြစ်၏။ ယခုနှစ်အတွင်း တရားခံမပေါ်ပေါက်သေးသော ပြစ်မှုများကြောင့် ရဲဝန်ထမ်းအချို့ ကို ပြောင်းရွှေ့ပြစ်ဒဏ်ချထား ကြောင်း ရန်ကုန်တိုင်းတွင် တာဝန် ထမ်းဆောင်နေသော ရဲအရာရှိ တစ်ဦးကပြောသည်။

‘‘ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှာ ရဲ တပ်ဖွဲ့ဝင်တွေလုပ်အားနှုန်း ကျ လာတာတော့ မှန်ပါတယ်။ မှုခင်း ကြိုတင်ကာကွယ်နိုင်ဖို့အတွက် စီ မံချက်တွေနဲ့ လုပ်ဆောင်နေပေ မယ့် ထူးခြားပြီး မှုခင်းကျဆင်းသွား တာတော့ မရှိပါဘူး။ အမှုကြီးတွေ မှာလည်း မပေါ်တဲ့အမှုက ဒီနှစ်ထဲ အများဆုံးဖြစ်နေတယ်။ ပြည်သူ တွေဆီကနေ သတင်းမရရင် တရားခံဖမ်းမိဖို့လည်း မလွယ်ပါ ဘူး’’ ဟု အဆိုပါရဲအရာရှိက ဆို သည်။

ရဲတပ်ဖွဲ့ဝင် အင်အားနည်း ပါးခြင်းနှင့် တပ်ဖွဲ့နှင့် မအပ်စပ် သည့်ကိစ္စများလုပ်ဆောင်ရခြင်း။အချိန်ပြည့် ၂၄ နာရီတာဝန်ထမ်း ဆောင်မှုများ ပြုလုပ်ရခြင်း၊ လစာငွေနည်းပါးခြင်းနှင့် အကျိုး ခံစားခွင့်များ နည်းပါးခြင်း တို့ကြောင့်ပြည်သူ့ရဲတပ်ဖွဲ့မှာ ၀န် ထမ်းနည်းပါးရခြင်းဖြစ်ကြောင်း ၎င်းအရာရှိကဆိုသည်။ ထိုအခက်အခဲများကြောင့် အပြန်အလှန် ကူညီ၍ သတင်းပေးပို့မှုနှင့် အရေးယူမှု ပြုလုပ်ရာတွင် ရဲတပ်ဖွဲ့နှင့် ပြည်သူအများစု၏ ဆက်ဆံရေးမှာ အဆင်ပြေမှုမရှိသေးကြောင်း အဆိုပါအရာရှိက ထပ်မံ၍ ပြော သည်။ လက်တွေ့တွင်လည်း ပြည်သူများက ရဲတပ်ဖွဲ့ကို အားကိုး ယုံကြည်လိုမှု နည်းပါးလာသလို ရဲတပ်ဖွဲ့ကလည်း တရားခံများ ဖမ်းမမိခြင်းမှာ ပြည်သူလူထုက သတင်းပေးပို့မှု နည်းပါးသောကြောင့်ဟု ဆင်ခြေပေးနေခဲ့ သည်။ ကူညီပါရစေဟု ဆောင်ပုဒ်ကိုင်ထားသူများကို ပြည်သူများ က ပြန်လည်ကူညီ၍ ပူးပေါင်း ဆောင်ရွက်ရန်လည်း အမှန်ပင် လိုအပ်နေသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေ ဖြင့် လက်ရှိတွင် ဖွဲ့စည်းပုံအင် အား၏ ၄၇ ရာခိုင်နှုန်းကိုသာ ခန့် ထားနိုင်ပြီး အင်အားအလျင်အမြန် တိုးတက်အောင် ဆောင်ရွက် လျက်ရှိကြောင်း ပြည်ထဲရေးဝန် ကြီးဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ် အောင်စိုးက အမျိုးသား လွှတ် တော်၌ ပြောကြားခဲ့သည်။ ရန်ကုန်တိုင်းသည် ရဲတပ်ဖွဲ့ဝင်အင်အား အများဆုံးချထားကြောင်း ၎င်းက ပြောခဲ့သည်။

‘‘ရဲတပ်ဖွဲ့ဝင်တွေဆိုတာ တရားဥပဒေ စိုးမိုးရေးအတွက် အခြေခံလိုအပ်တဲ့ပုဂ္ဂိုလ်တွေပါ။ သူတို့က လူထုနဲ့ အနီးဆုံးရှိနေတဲ့ တရားဥပဒေ စိုးမိုးရေးဝန်ထမ်း တွေဖြစ်ရမှာပါ’’ဟု လွှတ်တော် ကိုယ်စားလှယ် ဦးညီညီက ဆို သည်။

‘‘အင်အားနည်းတာများတာ ကို ကျွန်တော်မပြောပါဘူး။ ဒါပေ မဲ့ ကူညီပါရစေဆိုတဲ့ ဆောင် ပုဒ်ကိုင်တဲ့ ပြည်သူ့ရဲက ယုံကြည် အားကိုးလို့မရတာတော့ အတော် ဆိုးတယ်’’

ဦးညီညီသည် ဒီဇင်ဘာ ၁၁ ရက်က ကားမောင်းနေစဉ် လူအင် အားအပြည့်ပါ ကားတစ်စီးက ၎င်း၏ အသက်အန္တရာယ်ကို ရန်ရှာ ခဲ့သောကြောင့် ရဲစခန်းသို့ အကြိမ် ကြိမ် ဆက်သွယ်ခဲ့ရာအကြာင်း မထူးခဲ့ဘဲ ရဲစခန်းသို့ ကားမောင်း ပြေးသော်လည်း စခန်းတံခါးမှာ ပိတ်ထားကြောင်း ၎င်း၏ ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင် ရေးသား ထားခဲ့သည်။

ထို့အပြင် ‘‘ကူညီပါရစေတဲ့။ အယုံအကြည်ကို မရှိဘူးဗျာ’’ဟု ရေးသားဖော်ပြခဲ့သည်။ လွှတ်တော် ကိုယ်စားလှယ်ကိုပင် ရန်ရှာနေသည့်အနေအထားတွင် ပြည်သူများအနေဖြင့် လုံခြုံမှုမှာ ဆိုဖွယ်ရာမရှိကြောင်း ၎င်းက ဆိုသည်။

ထိုကဲ့သို့ ရဲတပ်ဖွဲ့ကို အ ကြောင်းကြား၍ မရခဲ့သည့်ဖြစ် ရပ်များ၊ တရားခံ မဖော်ထုတ် နိုင်သည့် ဖြစ်ရပ်များရှိနေချိန်တွင် ရန်ကုန်မြို့နေရာ အနှံ့ဗုံးပေါက်ကွဲ မှုများကလည်း ရဲတပ်ဖွဲ့၏ မျက် နှာကို အိုးမဲသုတ်ခဲ့သည့်ဖြစ်ရပ် တစ်ခုဖြစ်ခဲ့သည်။ M-150 ဖြင့်ပြုလုပ်သော အဆိုပါဓာတုဗေဒဗုံးမှာ ရန်ကုန်အစိုးရအဖွဲ့ရုံးဝင်းအ တွင်းတွင် ပေါက်ကွဲခဲ့သည်။ တပ်ဖွဲ့ဝင်များကိုယ်တိုင် လုံခြုံရေး စည်းပေါက်သည်ဟု ပြောကြားခဲ့သော်လည်း အရေးယူမှု တစ်စုံ တစ်ရာ ရှိ၊ မရှိကိုမူ မသိရပေ။

အင်အား နည်းပါးသည်ဟု သာ တွင်တွင်ပြောဆိုနေသော် လည်း လက်တွေ့တွင် ရဲတပ်ဖွဲ့က အမှုအခင်းများ စစ်ဆေးရာ၌ လည်း အားနည်းချက်များနှင့် အရည်အသွေး နိမ့်ပါးမှုများရှိနေ ကြောင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များတွင်တွေ့မြင်နိုင်သည်ဟု လည်း သုံးသပ်မှုများရှိနေသည်။ တရားခံများကို ဓာတ်ပုံအတိအ ကျရယူနိုင်သော်လည်း ဖမ်းမမိ ခြင်းနှင့် သဲလွန်စများကို လွဲမှား စွာ ကောက်ချက်ချသည့် ဖြစ်စဉ် များအပေါ် ပြည်သူများက အားမလို အားမရဖြစ်လာကြသည်။

ဒေါ်ရီရီနွဲ့မိသားစု၏ လေး လောင်းပြိုင်လူသတ်မှုတွင်လည်း တရားခံ၏ အိမ်၌ ဂမ္ဘီရစာအုပ် အချို့တွေ့ရှိသည်ကို အကြောင်း ပြု၍ အိမ်ထောင်ဦးစီးက ဂမ္ဘီရ ပညာလိုက်စားရင်း မိသားစုကို သတ်ခဲ့သည်ဟု ကောက်ချက်ချခဲ့သည်။ အခင်းဖြစ်သည့်အိမ်ကို ရှင်းပစ်လိုက်သည့် ဖြစ်စဉ်မျိုးများ လည်း ရှိနေခဲ့သည်။

‘‘တကယ်က အရေအတွက် ထက် အရည်အသွေးကို ဦးစား ပေးရပါမယ်။ အတွေးအခေါ်ရော ရင့်ကျက်မှုပါ ပိုအားကောင်းတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပြည်သူက အလိုရှိနေတာပါ’’ဟု တရားလွှတ် တော်ရှေ့နေ ဦးခင်ဇော် (မရမ်း ကုန်း) က သုံးသပ်သည်။ ၎င်းက ရဲတပ်ဖွဲ့ပိုမိုအားကောင်းလာရန် အတွက် တရားစီရင်ရေးမဏ္ဍိုင်နှင့်

ပြည်သူအများစုကပါ ပူးပေါင်း ပါဝင်ရန်တိုက်တွန်းသည်။ သက်သေများအနေဖြင့်  ပြစ်မှုကျူးလွန်သူများကို မျက်မြင်သက်သေဖြစ်ခဲ့လျှင် (သို့မဟုတ်) ပြစ်မှုကျူး လွန်သူကိုသိခဲ့လျှင် ရဲတပ်ဖွဲ့ကို ချက်ချင်းအကြောင်း ကြားရန် လိုအပ်ပြီး ရဲတပ်ဖွဲ့ကလည်း သက်သေကို အကာအကွယ်အကူ အ ညီအပြည့်အ၀ပေးရမည်ဟု ၎င်းက ဆိုသည်။

နိုင်ငံအတွင်း လုံခြုံမှုရှိစွာ နေထိုင်နိုင်ရန် နိုင်ငံသားအခွင့်အ ရေးဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များသည် လည်း ပြည်သူများပင်ဖြစ်ကြောင်း လေးလောင်းပြိုင် လူသတ်မှုတွင် အသက်ဆုံးပါးခဲ့ရသည့် ရဲအရာရှိ လောင်း ကိုစိုးနောင်က သာဓကပြသွားခဲ့သည်။ ပြည်သူများ မလုံ ခြုံခြင်းသည် ရဲတပ်ဖွဲ့ဝင်များ မလုံ ခြုံခြင်းဖြစ်သည်ဟု ကိုစိုးနောင်က အကောင်းဆုံးဥပမာပေးသွားခြင်း ဖြစ်၏။ ထို့ကြောင့် ဥပဒေစိုးမိုးရေး ၏ ရှေ့တန်းမျက်နှာစာမှ ၀န်ထမ်း များဖြစ်သောမြန်မာနိုင်ငံရဲတပ် ဖွဲ့အနေနှင့်လည်း ပြည်သူများလုံ ခြုံရေးနှင့် အကျိုးစီးပွားအတွက် ပြောင်းလဲချိန်တန်ပြီဟု ပြည်သူ များက ယူဆထားကြသည်။

SOURCES 7DAILY NEWS JOURNAL

No comments:

Post a Comment