Latest News

Wednesday, December 14, 2016

ကလေးသူငယ် အဓမ္မမှုတွေမှာ ဖခင်အရင်းက ကျူးလွန်မှု ၅.၉ ရာခိုင်နှုန်းရှိ

ကလေးသူငယ် အဓမ္မမှုတွေမှာ ဖခင်အရင်းက ကျူးလွန်မှု ၅.၉ ရာခိုင်နှုန်းရှိ

အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို အဓမ္မပြုကျင့်မှုတွေထဲမှာ ဖခင်အရင်းက ကျူးလွန်တဲ့အမှုက ၅.၀၉ ရာခိုင်နှုန်းကျော်ရှိနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဒီကနေ့ လုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။

အဲဒီပမာဏဟာ ပထွေးဖြစ်သူကျူးလွန်တဲ့ ၃.၇၈ ရာခိုင်နှုန်းထက်တောင် ပိုများနေတာပါ။

၂၀၁၆ နှစ်စကနေ နိုဝင်ဘာလအထိ ဖြစ်ပွားခဲ့တဲ့ အဓမ္မကျူးလွန်မှုစုစုပေါင်းရဲ့ ၆၁.၁ ရာခိုင်နှုန်းဟာ အရွယ်မရောက်သေးသူတွေ အဓမ္မကျင့်ခံရတဲ့ အမှုတွေဖြစ်ပြီး အဲဒီ သက်ငယ်အဓမ္မမှုတွေထဲမှာ ဖခင်အရင်းက ကျူးလွန်တာ ၅.၀၉ ရာခိုင်နှုန်း၊ ပထွေးက ကျူးလွန်တာ ၃.၇၈ ရာခိုင်နှုန်းနဲ့ ဆွေမျိုးသားချင်းက ကျူးလွန်တာ ၅.၀၉ ရာခိုင်နှုန်းနဲ့ သူစိမ်းက ကျူးလွန်တာ ၈၆.၀၄ ရာခိုင်နှုန်းရှိနေတာ ဖြစ်ပါတယ်။

အသက်အလိုက်ဆိုရင်တော့ ၂ နှစ်ကနေ ၅ နှစ်အထိ ၂.၄၇ ရာခိုင်နှုန်း၊ ၆ နှစ်ကနေ ၁၀ နှစ်အထိ ၁၂.၈၃ ရာခိုင်နှုန်း၊ ၁၀ နှစ်ကနေ ၁၄ နှစ်အထိ ၂၄.၈၃ ရာခိုင်နှုန်း၊ ၁၄ နှစ်ကနေ ၁၆ နှစ်အထိ ၅၉.၈၆ ရာခိုင်နှုန်း အဓမ္မ ပြုကျင့်ခံနေရတာ ဖြစ်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနကပြောကြားတဲ့အချက်အလက်တွေအရ သက်ငယ်အဓမ္မမှုဟာ ၂၀၁၃ ခုနှစ်မှာ စုစုပေါင်း အဓမ္မမှုရဲ့ ၄၂.၉၁ ရာခိုင်နှုန်း၊ ၂၀၁၄ ခုနှစ်မှာ ၄၄.၁၈ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်၌ ၄၆.၃၃ ရာခိုင်နှုန်းနဲ့ ၂၀၁၆ နိုဝင်ဘာလအထိမှာတော့ ၆၁.၁ ရာခိုင်နှုန်းရှိနေပါတယ်။

SOURCES © 2016 MCN TV (NEWS CHANNEL)

No comments:

Post a Comment