Latest News

Wednesday, December 14, 2016

မြန်မာ့လက်ဝှေ့ကျော် ရဲတံခွန်နဲ့ ထိုင်းနိုင်ငံက မွေထိုင်းနာမည်ကျော် အီကျူစံတို့ ဒီဇင်ဘာ ၂၄မှာ ယှဉ်ပြိုင်မည်

မြန်မာ့လက်ဝှေ့ကျော် ရဲတံခွန်နဲ့ ထိုင်းနိုင်ငံက မွေထိုင်းနာမည်ကျော် အီကျူစံတို့ ဒီဇင်ဘာ ၂၄မှာ ယှဉ်ပြိုင်မည်


 ရန်ကုန် - ဒီဇင်ဘာ ၁၄ ။ ။ မြန်မာ့လက်ဝှေ့ကျော် ရဲတံခွန်နဲ့ ထိုင်းနိုင်ငံမှ မွေထိုင်းနာမည်ကြီး အီကျူစံတို့ဒီဇင်ဘာလ၂၄ ရက်နေ့တွင်ဘန်ကောက်မြို့မှာယှဉ်ပြိုင်ထိုးသတ်ကြမှာဖြစ်တယ်လို့သိရပါတယ်။

သည်ပြိုင်ပွဲကို ထိုင်းနိုင်ငံကစားသမားဘက်က ရဲတံခွန်ကို ကမ်းလှမ်းတာ ဖြစ်ပြီးမွေထိုင်းကစားနည်းနဲ့ထိုင်းဖိုက်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

မြန်မာလက်ဝှေ့ကျော် ကိုရဲတံခွန်က“အစကတော့သူနဲ့ယှဉ်ပြိုင်ဖို့မသိခဲ့ဘူး ရုတ်တရက်ကြီးကမ်းလှမ်းခံရတာပေါ့နော်၊ ဒါပေမယ့်အဆင်ပြေသလိုအတတ်နိုင်ဆုံးအစွမ်းကုန်ကြိုးစားသွားမယ် မွေထိုင်းနဲ့မြန်မာလက်ဝှေ့က တူပါတယ် အမှတ်ပေးစည်းမျဉ်းပဲကွာခြားမှုရှိတယ် ပြီးတော့ မြန်မာရိုးရာလက်ဝှေ့ကခေါင်းတိုက်ပါတယ် မွေထိုင်းမှာတော့ ခေါင်းတိုက်တာမပါဘူး အခုလာမယ့်ပွဲက အရှုံးအနိုင်ပွဲဖြစ်တယ်”လို့ပြောပါတယ်။

ပြိုင်ဘက်ဖြစ်တဲ့အိကျူစံဟာဆိုရင်မွေထိုင်းကစားနည်းမှာနာမည်ကြီးချန်ပီယံဖြစ်ပြီးအသက်အနေအထားအရ ၃၀ ကျော်လောက်ရှိပြီဖြစ်ပါတယ်။

သူဟာ စစ်ဆင်ရေးတွေမှာမျိုးစုံပြိုင်ပြီးတော့တိုက်ခိုက်တက်တာအဓိကက အားသာချက်လိုဖြစ်ပြီးအားနည်းချက်အနေနဲ့ကတော့တစ်ဖက်ပြိုင်ဖက်ကို ဘယ်လိုထိုးသတ်ရမယ်ဆိုတာကိုပဲအာရုံစိုက်နေတက်ပြီးကိုယ့်ကိုကိုယ်ကာကွယ် ဖို့မစွမ်းဆောင်နိုင်တာဖြစ်တယ်လို့ကိုရဲတွခွန်ကမှတ်ချက်ချပြောကြားပါတယ်။

“အရင်တုန်းကမွေထိုင်းကိုထိုင်းကစားသမားတွေနဲ့ပြိုင်ဖူးတယ် ၁ ပွဲနိုင်တယ် ၄ ပွဲသရေ ဖြစ်ဖူးတယ် ရှုံးပွဲမရှိခဲ့ဘူး”လို့ကိုရဲတံခွန်ကဆိုပါတယ်။

ကိုရဲတံခွန်ဟာဆိုရင်ပြိုင်ပွဲပေါင်း ၆၂ ပွဲယှဉ်ပြိုင်ခဲ့ရာ နိုင်ပွဲ ပွဲ ၂၀၊သရေပွဲ၊ ၃၅ ပွဲ နဲ့ ရှုံးပွဲ ၇ ပွဲ တို့ ဖြစ်ပါတယ်။

ထိုးသတ်ခဲ့သမျှပြိုင်ပွဲတွေမှာ မြန်မာ့ရိုးရာလက်ဝှေ့နဲ့မွေထိုင်းကစားနည်းတွေပဲယှဉ်ပြိုင်ခဲ့ဖူးတာ ဖြစ်တယ်လို့သိရပါတယ်။

အရပ် အမြင့် ၅ပေ ၁၀ လက်မရှိပြီးအသက်အရွယ်အရ ၂၄ နှစ်ဖြစ်ပါတယ်။ကိုရဲတံခွန်က ရိုးရာလက်ဝှေ့လောကမှာ တိုက်စစ်ဦးစားပေးယှဉ်ပြိုင်သူ တစ်ဦးမဟုတ်ဘဲ တန်ပြန်တိုက်စစ်ကစားသူသာဖြစ်ပြီး အမှတ်ပေးစနစ်နဲ့ယှဉ်ပြိုင်တဲ့ပွဲစဉ်တွေမှာရလဒ်ကောင်းတွေပိုင်ဆိုင်ထားသူဖြစ်တယ်လို့ အားကစားလောကမှာမှတ်ချက်ပေးခံထားရသူဖြစ်ပါတယ်။

မွေထိုင်းနာမည်ကြီးကစားသမားအီကျူစံက၂၀၁၃ခုနှစ်နိုဝင်ဘာလ က မြန်မာလက်ဝှေ့သမားထက်အောင်ဦးနဲ့ထိုင်းဖိုက်မှာ ယှဉ်ပြိုင်ခဲ့ရာ တစ်ဖက်သတ်အသာစီးနဲ့ကစားနိုင်ခဲ့ပြီး အမှတ်ပေးစနစ်နဲ့အနိုင်ရရှိခဲ့သူဖြစ်တယ်လို့စစ်တမ်းအရသိရပါတယ်။

SOURCES : မေဘယ်လ် ; KUMUDRA

No comments:

Post a Comment