Latest News

Wednesday, December 14, 2016

စားသုံးသူ ကာကွယ်ရေးဥပဒေ(မူကြမ်း) ကို ပြင်ဆင်ရေးဆွဲနေ

စားသုံးသူ ကာကွယ်ရေးဥပဒေ(မူကြမ်း) ကို ပြင်ဆင်ရေးဆွဲနေ

သက်ဆိုင်ရာဘက်ကလည်း စားသုံးသူတွေရဲ့ တိုင်ကြားမှုကို အမြန်ဆုံးဖြေရှင်းပေးနိုင်ဖို့ စတဲ့အချက်တွေ ထည့်သွင်းထားတယ်လို့လည်း သိရပါတယ်။
     

လက်ရှိကျင့်သုံးနေတဲ့  စားသုံးသူအကာအကွယ်ပေးရေး ဥပဒေအစား ပြစ်မှုပြစ်ဒဏ်တွေ တိုးမြှင့်ထားတဲ့ စားသုံးသူ ကာကွယ်ရေးဥပဒေ(မူကြမ်း)ကို ပြင်ဆင်ရေးဆွဲလျက်ရှိတယ်လို့ သိရပါတယ်။

ယခင် ၂၀၁၄ က ပြဋ္ဌာန်းခဲ့တဲ့ စားသုံး သူအကာအကွယ်ပေးရေးဥပဒေမှာ လိုအပ်ချက်ရှိနေတာကြောင့် ယခုကဲ့သို့ ပြစ်မှုပြစ်ဒဏ်တွေ တိုးမြှင့်ထားတဲ့ ဥပဒေကို ပြင်ဆင်ရေးဆွဲရခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးဦးဆွေတင့်ကြူက ပြောထားတာ ဖြစ်ပါတယ်။

အဆိုပါဥပဒေကို စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဦးဆောင်တဲ့ ဥပဒေပညာရှင်တွေနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေက ပူးပေါင်းပါဝင်ရေးဆွဲနေတာဖြစ်ပြီး  ဈေးကွက်စစ်ဆေးရေးအရာရှိ အခန်းကဏ္ဍ၊ ထုတ်လုပ်သူ၊ တင်သွင်းသူနဲ့ ဖြန့်ဖြူးရောင်းချသူတွေရဲ့ ထုတ်ကုန်အပေါ် ၀န်ဆောင်မှုနဲ့ တာဝန်ရှိမှုအပိုင်းတွေ အပါအ၀င် သက်ဆိုင်ရာဘက်ကလည်း စားသုံးသူတွေရဲ့ တိုင်ကြားမှုကို အမြန်ဆုံးဖြေရှင်းပေးနိုင်ဖို့ စတဲ့အချက်တွေ ထည့်သွင်းထားတယ်လို့လည်း သိရပါတယ်။

 ယခင်စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေမှာ အခန်း ၁၂ ခန်း၊ ပုဒ်မ ၃၁ အထိရှိပြီး ယခုပြင်ဆင်ရေးဆွဲတဲ့ စားသုံးသူကာကွယ်ရေးဥပဒေမှာတော့ အခန်း ၂၆ ခန်း၊ ပုဒ်မ ၈၀ အထိပါရှိပါတယ်။

Photos & Source: 7Day Daily

No comments:

Post a Comment