ရွှေတိဂုံစေတီ ရွှေသင်္ကန်းကပ်တာစံချိန်မမီလို့သက်ဆိုင်ရာကန်ထရိုက်ကိုအရေးယူမည်
ရန်ကုန်၊ ဒီဇင်ဘာ ၁၄- ရွှေတိဂုံ စေတီမှာ ကပ်လှူထားတဲ့ ရွှေပြားတွေရဲ့ အရည်အသွေးမမီမူတွေကို စိစစ်တွေ့ရှိခဲ့ပြီးနောက် ပြန်လည်စစ်ဆေးမူတွေ ပြုလုပ်ပြီး သက်ဆိုင်ရာ လုပ်ငန်းရှင်တွေကို အရေးယူဆောင်ရွက်သွားမယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရပါတယ်။
“(စစ်ဆေးရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက်) သတ္တုတွင်းက ပညာရှင်တွေပါမယ် သိပ္ပံနဲ့နည်းပညာက ပညာတွေလည်းပါမယ် နောက် ရွှေနဲ့ပတ်သတ်တဲ့ ပညာရှင်တွေလည်းပါမယ် ” လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းကပြောပါတယ်။
ရွှေပြားတွေဟာ အရည်အသွေးနှင့် အရွယ်အစား၊ထုထည်ပမာဏ မညီမညာတာတွေအရောင်အဆင်းမညီညာတာတွေကြောင့်ဘုရားကြီးရဲ့ရွှေရောင်တောက်ပမှုမြင်ကွင်း မညီမညာ ဖြစ်နေတယ်လို့ အဆိုပါဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။
သတ္ထုဗေဒ ပညာရှင်၊ ပန်းတိမ် ပညာရှင်များပါဝင်သော အဖွဲ့က စစ်ဆေးရေးလုပ်ငန်းများကို ၂၀၁၇ ခုနှစ် ပွင့်လင်းရာသီတွင် ဝါးငြမ်းများဆင်၍ လုပ်ငန်း စတင်ဆောင်ရွက်မှာ ဖြစ်ပါတယ်။
လက်ရှိမှာ ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ရွှေစင် ရွှေပြား(Gold Plate)များကပ်လှူရာတွင် အောက်ခံ Frame ၁ ပေပတ်လည် ကြေးပြားအများစုတွင်မျက်နှာပြင်ညီညာမှုနှင့် ချောမွေ့မှု နည်းပါးပြီး ရွှေစင် ရွှေပြား(Gold Plate)များ ကပ်လှူမှုမှာ ရွှေစင် ၁ ကျပ်သားများလည်း ပါဝင်လျက်ရှိနေတာ ဖြစ်တယ်လို့သိရပါတယ်။
ပုံမှန်အားဖြင့် အောက်ခံ ၁ ပေ ပတ်လည် ကြေးပြားပေါ်မှာ ရွှေစင် ၆ ကျပ်သားဖြင့် ကပ်လှူပူဇော်ဖို့ လိုအပ်ပြီး သဘာဝဘေးအန္တရာယ်ကိုလည်းကောင်း၊ ကျေးငှက်တိရိစ္ဆာန်တို့ကြောင့် ဖြစ်ပေါ်လာမည့် ပျက်စီးမှုများကိုလည်းကောင်း၊ နှစ်ကာလရှည်ကြာစွာ ကာကွယ်ထိန်းသိမ်းနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ဘုရားကြီး ရဲ့ ထီးတော်မှ ငှက်ပျောဖူး အောက်ခြေအထိ ကပ်လှူပူဇော်ထားတဲ့ ရွှေပြားတွေကတော့ နှစ်ပေါင်း ၁၀၀ ကျော် ကြာမြင့်သည်အထိ ပျက်စီးမှုမရှိသေးဘူးလို့ သိရပါတယ်။
SOURCES : ကိုသက်ဖြိုး : KUMUDRA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment