Latest News

Tuesday, December 13, 2016

မောင်တောမြို့နယ်၌ စိတ်ကြွရူးသွပ်ဆေးပြား ၁ သန်းခွဲခန့် ဖမ်းဆီးရမိ

မောင်တောမြို့နယ်၌ စိတ်ကြွရူးသွပ်ဆေးပြား ၁ သန်းခွဲခန့် ဖမ်းဆီးရမိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း တပ်မတော်(ရေ) က ပင်လယ်ပြင်လုံခြုံရေး ဆောင်ရွက်စဉ် မသင်္ကာဖွယ် စက်လှေ ၂ စီးပေါ်က ကျပ်သိန်း ၂၉၀၀၀ ခန့် တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား တသန်းခွဲနီးပါးလောက် ဖမ်းဆီးရမိတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

အင်းဒင်ရွာအနောက်ဘက် ရေမိုင် ၁၂ မိုင်ခန့်အကွာမှာ ဒီဇင်ဘာ ၁၁ ရက် မနက် ၂ နာရီလောက်က မသင်္ကာဖွယ် လှေတစင်းအား တွေ့ရှိလို့ မီးအချက်ပြခေါ်ယူရာ မောင်းနှင်ထွက်ပြေးလို့  လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ရာမှ အဆိုပါလှေပေါ်မှ လူ ၅ ဦးကို WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်းခန့် (ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၂၀၀၀၀ ခန့်) ထည့်ထားတဲ့ ဆာလာအိတ် ငါးအိတ်နဲ့အတူ ဖမ်းဆီးရမိခဲ့တာပါ။

အလားတူ ဒီဇင်ဘာ ၁၁ ရက် မနက် ၄ နာရီလောက်မှာလည်း ကျောက်ပန်းနုကျေးရွာ အနောက်ဘက် ရေမိုင် ၅ မိုင်ခန့်အကွာမှာ မသင်္ကာဖွယ်လှေတစင်းကို တွေ့ရှိလို့ စစ်ဆေးဖမ်းဆီးရာ လူ ၆ ဦးကို တဘက်နိုင်ငံသို့ ပို့ဆောင်မယ့် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒသမ ၅ သိန်းခန့် (ခန့်မှန်းတန်ဖိုး ကျပ် သိန်း ၉၀၀၀ ခန့်) ထည့်ထားတဲ့ ဆာလာအိတ်နှစ်အိတ်ကို ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါဖမ်းဆီးရမိသူတွေကို မူးယစ်ဆေးဝါးတွေ စက်လှေတွေနဲ့အတူ စစ်တွေမြို့မရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံပြီး တရားဥပဒေအရ အရေးယူဆောင်ရွက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Sources ; DVB

No comments:

Post a Comment