Latest News

Tuesday, December 13, 2016

အမြန်လမ်း၌ တရားမဝင်သစ်တင်ကား တိမ်းမှောက်၊ ယာဉ်နောက်လိုက်တဦး သေဆုံး

အမြန်လမ်း၌ တရားမဝင်သစ်တင်ကား တိမ်းမှောက်၊ ယာဉ်နောက်လိုက်တဦး သေဆုံး

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် အမြန်လမ်း မိုင်တိုင်အမှတ် (၇၆/ ၁ နှင့် ၂) အကြားမှာ ဒီဇင်ဘာ ၁၃ ရက် မနက် ၇ နာရီအချိန်လောက်က ကားတစီး တိမ်းမှောက်ပြီး ယာဉ်နောက်လိုက်တဦး နေရာမှာပင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

နေပြည်တော်ဘက်မှ ရန်ကုန်ဘက်ကို ယာဉ်မောင်း ရှိုင်းရှိုင်းအောင် (ခ) ဖိုးချိန်း မောင်းနှင်လာတဲ့ စူပါကပ်စတန် အမျိုးအစားယာဉ်ဟာ နောက်ဝင်ရိုးကျိုးကာ တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီယာဉ်ပေါ်မှာ တရားမဝင် တင်ဆောင်လာတဲ့ ကျွန်းခွဲသား ၂၂ ချောင်း၊ စုစုပေါင်း ၁ ဒသမ ၆၀၄၄ တန် ပါရှိလာတာဖြစ်ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်နောက်လိုက်ဖြစ်သူ အောင်ဇော်ဝင်းဟာ သေဆုံးခဲ့တယ်လို့ မြို့ချောင်း အမြန်လမ်းရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဒီနေ့မနက် မှောက်တာပါ။ နောက်ဝင်ရိုး ပြုတ်ထွက်ပြီး မှောက်တာ။ သေသူရော ဒဏ်ရာရသူကိုရော ဆေးရုံပို့ထားပါတယ်။ သေတာက ယာဉ်နောက်လိုက်ပါ။ ကားကတော့ နေပြည်တော်ဘက်က လာတာပါ။ ကျန်တဲ့ အရေးယူဆောင်ရွက်မှုတွေကိုတော့ ဆက်လုပ်နေပါတယ်။”

အဲဒီဖြစ်စဉ်ကို မြို့ချောင်းအမြန်လမ်းရဲတပ်ဖွဲ့စခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၄/၃၃၈ အရ အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Sources ; သတင်း၊ ဓာတ်ပုံ – ကျော်အောင် ကညွတ်ကွင်း DVB

No comments:

Post a Comment