လမ်းမတော်မှာရောင်းနေတဲ့ မုန့်ဖတ်၊ နန်းကြီးနဲ့ ညှပ်ခေါက်ဆွဲဖတ်တချို့မှာ ဖော်မလင်တွေ့ရှိ
စားသုံးသူတွေကို အန္တရာယ်ဖြစ်စေတဲ့ ဖော်မလင်တွေ ပါနေတယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ထဲက ၀ါးတန်းလမ်းနဲ့ ရတနာလမ်းထဲက မုန့်ဖတ်နဲ့ပတ်သက်တဲ့ စားသောက်ကုန်တွေကို စတင်စစ်ဆေးခဲ့ရာမှာ စားသုံးသူတွေကို အန္တရာယ်ဖြစ်စေတဲ့ ဖော်မလင်တွေ တွေ့ရှိခဲ့တယ်လို့ စည်ပင်သာယာရေးနဲ့ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြတ်ဦးက ပြောပါတယ်။
“လမ်းမတော်မြို့နယ်ထဲမှာရှိတဲ့ လမ်းဘေးဈေးသည်တွေရောင်းချတဲ့ ပဲပြားဆိုင်လေးဆိုင်နဲ့ ခေါက်ဆွဲ၊ မုန့်ဟင်းခါး၊ ညှပ်ခေါက်ဆွဲ၊ နန်းကြီးသုတ် စတဲ့ စုစုပေါင်းဆိုင်ခန်း(၉)ဆိုင်ကို မနက်(၇)နာရီကနေ(၈)နာရီထိစစ်ဆေးပါတယ်။ စစ်ဆေးတဲ့အခါမှာ သံသယရှိနိုင်ဖွယ်ရာတွေကိုတွေ့ရပါတယ်”လို့ ဦးဝင်းမြတ်ဦးက ပြောပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကျန်းမာရေးနဲ့မညီညွှတ်တဲ့ အစားအသောက်တွေ ရောင်းချတဲ့ဆိုင်တွေကို မြန်မာနိုင်ငံ အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နဲ့ ပူးပေါင်းပြီး စနစ်တကျစစ်ဆေး အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ နိုဝင်ဘာလ ၂၃ ရက်က ဖွင့်လှစ်ထားတဲ့ ကမ်းနားလမ်းညဈေးတန်းက ဈေးသည်တွေကိုလည်း ကျန်းမာရေးလက်ကမ်းစာစောင်တွေ ပေးအပ်ဖြန့်ဝေထားပြီး လမ်းဘေးဈေးသည်တွေအနေနဲ့အစားအသောက်တွေကိုကျန်းမာရေးနဲ့ ညီညွှတ်အောင်ထားပြီး ဖုံမ၀င်နိုင်အောင်အုပ်ထားကာ မှန်တံခါးတွေ တပ်ဆင်ထားမယ့် အချက်တွေပါရှိတယ်လို့ သိရပါတယ်။
Source & Photos : Kumudra
Subscribe to:
Post Comments (Atom)
No comments:
Post a Comment