Latest News

Sunday, December 11, 2016

မြေငလျင်တိုင်းတာစက် အလုံး သုံးဆယ်ကို မြန်မာနိုင်ငံ အနှံ့တပ်ဆင်မယ်

မြေငလျင်တိုင်းတာစက် အလုံး သုံးဆယ်ကို မြန်မာနိုင်ငံ အနှံ့တပ်ဆင်မယ်

ဖေဖော်ဝါရီလကုန်အတွင်း အပြီးသတ်တပ်ဆင်မှာဖြစ်ပါတယ်။
     
မြန်မာနိုင်ငံ မြေငလျင်ကော်မတီနှင့် စင်ကာပူနိုင်ငံ နန့်ယန်းနည်းပညာတက္ကသိုလ်တို့ ပူးပေါင်းကာ မြေငလျင်တိုင်းတာစက် အလုံးရေ ၃၀ ကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မြန်မာနိုင်ငံအနှံ့ လိုက်လံတပ်ဆင်နေတယ်လို့ သိရပါတယ်။

စစ်ကိုင်းပြတ်ရွေ့အပါအဝင် မြန်မာနိုင်ငံအနှံ့ရှိနေတဲ့ ပြတ်ရွေ့တွေပေါ်မှာ  Kinemetrics အမျိုးအစား မြေငလျင်တိုင်းစက် အလုံးရေ ၃၀ ကို ၂၀၁၆ ဒီဇင်ဘာမှ၂၀၁၇ ဖေဖော်ဝါရီလကုန်အတွင်း အပြီးသတ်တပ်ဆင်မှာဖြစ်ကြောင်း မြေငလျင်ဌာနခွဲ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောကြားထားတယ်လို့ 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

တပ်တဲ့ အလုံး ၃၀မှာ ၁၀ လုံးက အမြဲတမ်းတပ်ဆင်မှာဖြစ်ပြီး အလုံး ၂၀ ကတော့ ယာယီတပ်ဆင်တာဖြစ်တယ်လို့လည်း ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောထားပါတယ်။

ယာယီမြေငလျင်တိုင်းစက် အလုံး ၂၀ မှ ပြတ်ရွေ့အခြေအနေတွေနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ ဒေတာတွေ ရယူပြီးရင် ပြန်လည်ဖြုတ်သိမ်းမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံမှာ  မြေငလျင်တိုင်းတာစက်မျိုးစုံ ၂၂ လုံးရှိထားပြီး ယခုတပ်ဆင်တဲ့ အလုံး ၃၀ နဲ့ဆိုရင် စုစုပေါင်းစက်မျိုးစုံ ၅၂ လုံးရှိမှာ ဖြစ်ပါတယ်။

Photos & Source: 7Day Daily : Duwun

No comments:

Post a Comment