Latest News

Sunday, December 11, 2016

ဒီဇင်ဘာ(၂၃)ရက်နေ့ ရုံတင်မယ့် "ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနှင့် မြိုင်ရာဇာတာတေ

ဒီဇင်ဘာ(၂၃)ရက်နေ့ ရုံတင်မယ့် "ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနှင့် မြိုင်ရာဇာတာတေ"

သည်းထိပ်ရင်ဖို ကြည့်ရမယ့် ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်ပါတယ်။

မင်းသိင်္ခရဲ့ ဝတ္ထုကို ဒါရိုက်တာ ခင်စောမျိုးက ပြန်လည်ရိုက်ကူးထားတဲ့ "ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနှင့် မြိုင်ရာ ဇာတာတေ" ရုပ်ရှင်ဇာတ်ကားကို ဒီဇင်ဘာ(၂၃)ရက်နေ့ကစလို့ ရုပ်ရှင်ရုံများတွင် ပြသသတော့မှာ ဖြစ်ပါတယ်။


ဆိတ်ဖွားရဲ့ ဇာတ်လမ်းအသစ် တစ်ခု ဖြစ်သလို ကျော်သူနဲ့ လူမင်းတို့ရဲ့ လိုက်ဖက်စွာ သရုပ်ဆောင် ထားမှုတွေက လည်း ပရိသတ်တွေကို ဆွဲဆောင်စေနိုင်မှာ ဖြစ်ပါတယ်။


"ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနှင့် မြိုင်ရာဇာတာတေ" ရုပ်ရှင်ဇာတ်ကား အထူးပွဲ ကို ဒီဇင်ဘာ(၁၁)ရက်နေ့ နံနက်က ပြသခဲ့ပါတယ်။ "ပရော်ဖက်ဆာဒေါက်တာ ဆိတ်ဖွားနှင့်မြိုင်ရာဇာတာတေ" ဇာတ်ကားထဲမှာ ကျာ်သူ၊ လူမင်း၊ ဗေလုဝ၊ အေးမြတ်သူ၊ ထွန်းလွင်အောင် တို့ အဓိက ပါဝင်ထားကြတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။

Sources ; Duwun


No comments:

Post a Comment