Sunday, December 11, 2016
ညဈေးတန်းက အစားအသောက်တွေကို ပုံမှန်စစ်ဆေးမယ်
ညဈေးတန်းက အစားအသောက်တွေကို ပုံမှန်စစ်ဆေးမယ်
အပတ်စဉ် ပုံမှန်စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။
ကမ်းနားလမ်းက ညဈေးတန်း အပါအဝင် ရန်ကုန်မြို့ထဲက ပျံကျဈေးသည်တွေ ရောင်းချနေတဲ့ အစားအသောက်တွေမှာ ခွင့်ပြုချက်မရှိတဲ့ ဆိုးဆေးတွေအသုံးပြုတာရှိမရှိကို အပတ်စဉ် ပုံမှန်စစ်ဆေးသွားမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ကျန်းမာရေးဌာန အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။
ဒီလိုစစ်ဆေးတာတွေကို ညဈေးတန်း စတင်ဖွင့်လှစ်ချိန်မှာ တစ်ကြိမ်၊ ဒီဇင်ဘာလ ၇ ရက်နေ့မှာ တစ်ကြိမ်စစ်ဆေးခဲ့ပြီး တချို့သော စားသောက်ကုန်နမူနာတွေကို ဌာနဓာတ်ခွဲခန်းမှာ စမ်းသပ်စစ်ဆေးနေပြီး အစားအသောက်တွေကို စစ်ဆေးရာမှာ ခွင့်ပြုထားခြင်းမရှိတဲ့ ဆိုးဆေးကိုအသုံးပြုခြင်း၊ အစားအသောက်တွေ ကိုင်တွယ်ရာမှာ သန့်ရှင်းမှု၊ ကျန်းမာရေးနှင့်ညီညွတ်မှုတွေကို စစ်ဆေးသွားမှာဖြစ်ကာ ဈေးရောင်းသူတွေ လိုက်နာရမယ့် စည်းကမ်းချက်တွေကိုအသိပေးထားပြီး လက်ကမ်းစာစောင်တွေကိုလည်း ဖြန့်ဝေထားတယ်လို့ ဆိုပါတယ်။
မြို့တော်စည်ပင်က ကောက်ယူခဲ့တဲ့ စာရင်းတွေအရ ရန်ကုန်မြို့တော်မှာ ပျံကျဈေးသည် ၆၀၀၀ ကျော်ရှိနေပြီး လက်ရှိအချိန်မှာ ဈေးသည် ၁၅၀၀ ကျော်ကို ကမ်းနားလမ်းညဈေးမှာ နေရာချထားပေးထားကာ ဗိုလ်တစ်ထောင်မြို့နယ် ပတ်ဝန်းကျင်မှာလည်း နောက်ထပ်ညဈေးတစ်ခု တည်ဆောက်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
Source : The Voice : Duwun
Photo & Video : 7DayDaily
ညဈေးတန်းက အစားအသောက်တွေကို ပုံမှန်စစ်ဆေးမယ်
Reviewed by Ar Ti
on
12:03 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment