Latest News

Thursday, December 15, 2016

ဆီလီကွန်အရုပ်တွေ ရောင်းအားကျလာ

ဆီလီကွန်အရုပ်တွေ ရောင်းအားကျလာ

ရန်ကုန်-ဒီဇင်ဘာ ၁၅။ ဂျပန်နိုင်ငံကထုတ်ပြီး မြန်မာနိုင်ငံမှာရောင်းချနေတဲ့ ဆီလီကွန်အရုပ်တွေရဲ့ရောင်းအားကအခုရက်ပိုင်းမှာ ကျလာတယ်လို့သိရပါတယ် ။

“စစရောင်းရောင်းချင်းတုန်းကတော့ ရောင်းအားကတအားကောင်းတယ် အခုနောက်ပိုင်းဂျာနယ်တွေမှာလဲ တရားဝင်မဟုတ်ဘူးဆိုတာတွေလဲပါပါလာတယ် ဆိုတော့ရောင်းအားကတော့တော်တော်ကျသွားတယ် မ၀ယ်ရဲတော့တာလို့တော့ထင်တယ်။ ဘာလို့လဲဆိုတော့တရားဝင်လဲမဟုတ်ဘူးလေ ဘာ အာမခံချက်မှလဲမရှိဘူးဆိုတော့ ငွေကြေးအများကြီး အကုန်ခံပြီးဝယ်တာနည်းသွားတယ်လို့တော့ ထင်ပါတယ် “လို့ အွန်လိုင်းက နေ ဆီလီကွန်အရုပ်တွေရောင်းချသူ ကိုထွန်းထွန်းကပြောပါတယ် ။
သည်အရုပ်တွေကိုမြန်မာနိုင်ငံမှာတရားဝင်တင်သွင်းခွင့်နဲ့ရောင်းချနေတာမဟုတ်ဘဲ မှောင်ခိုသွင်းပြီးရောင်းချနေတာဖြစ်ပါတယ် ။သည်အရုပ်တွေကို တရားဝင်တင်သွင်းခွင့်ရအောင် အရုပ်ရောင်းချသူတွေစုပြီးလုပ်မယ်ဆိုပေမယ့်လက်ရှိမှာတော့ အကောင်ထည်မဖော်နိုင်သေးဘူးလို့သိရပါတယ် ။

တရားမ၀င်တင်သွင်းတာတွေကြောင့် အရုပ်ဈေးတွေက မြှင့်တက်နေတာဖြစ်တယ်လို့သိရပါတယ် ။
“ဘာလို့အခုရက်ပိုင်းရောင်းအားကျတာလဲဆိုတော့ ပေါ်ခါစတုန်းကတော့ ပေါ်ပင်လုပ်ကြတယ်ထင်ပါတယ် ။အလုယက်ဝယ်ကြတယ် အဲ့တုန်းကဆို

ပစ္စည်းတွေတောင်မလောက်ဘူး ဂျပန်ဘက်ကလဲ ဒီတိုင်းဝယ်
တယ်ဆိုရင် အကန့်သတ်တွေနဲ့ရောင်းကြတာ သူတို့နဲ့ချိတ်ထားတဲ့သူတွေကသာ လိုချင်သလောက်ရတာ အခုကြတော့

မှာထားတာတွေကအလကားတော့ဖြစ်တယ် အိမ်မှာသောင်တင်နေတယ်ငွေတွေလဲပြန်မပေါ်
တော့ဘူးလေ “လို့ အရုပ်ရောင်းချသူ ကိုထက်အောင်ကပြောပါတယ်။

အရုပ်တွေရောင်းအားကျလာလို့ ရောင်းချသူတွေပါအခက်ခဲတွေကြုံတွေ့နေရတာဖြစ်ပါတယ် ။အရုပ်တွေရောင်းအားကျတဲ့အကြောင်းက

တရားဝင်တင်သွင်း ခွင့်မရတာတွေကြောင့် ၀ယ်သူတွေက မ၀ယ်ရဲတာကြောင့်လဲရောင်းအားကျဆင်းတယ်လို့လဲသိရပါတယ် ။ အရုပ်ရောင်းချတဲ့ဈေးတွေကြီးနေတာကြောင့်လဲ
ဝယ်ယူသူနည်းပါးသွားတာဖြစ်ပါတယ် ။ အရုပ်တွေစပေါ်တုန်းကရောင်းအားတွေတအားထိုးတက်ပြီးကောင်းမွန်ပေမဲ့ အခုချိန်မှာတော့

အရင်တုန်းကရောင်းနေတဲ့ရောင်းအားရဲ့တစ်ဝက်လောက်တောင်မရှိတော့တာဖြစ် တယ်လို့သိရပါတယ်။

SOURCES KUMUDRA ; လိမ္မာ

No comments:

Post a Comment