Latest News

Thursday, December 15, 2016

၈၈ မျိုးဆက် ခေါင်းဆောင်တချို့ သိန်း ၂၀၀ ရလိုမှုနဲ့ တရားစွဲခံရ

၈၈ မျိုးဆက် ခေါင်းဆောင်တချို့ သိန်း ၂၀၀ ရလိုမှုနဲ့ တရားစွဲခံရ


၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)ရဲ့ လယ်ယာစီးပွားဌာနရဲ့ ခေါင်းဆောင်သုံးဦးကို နစ်နာကြေး သိန်း နှစ်ရာရလိုမှုနဲ့ မော်လမြိုင်ခရိုင်တရားရုံးမှာ တရားစွဲဆိုခံခဲ့ရပါတယ်။


တရားလို ဦးရန်လင်းအောင်က ၈၈မျိုးဆက်(ငြိမ်း/ပွင့်) လယ်ယာစီးပွားဌာနက ထုတ်ဝေတဲ့ သွေးချင်းတို့မျက်ရည်စာအုပ်မှာ သူ့နာမည်ကို ထည့်သွင်းဖော်ပြခဲ့တာကြောင့် နစ်နာမှုနဲ့တရားစွဲဆိုခဲ့တာပါ။ အဲဒီရုံးချိန်းကို ဒီဇင်ဘာ ၁၅ ရက်နေ့ ဒီကနေ့မှာ ပထမဆုံးရုံးချိန်အဖြစ်သွားရောက်ခဲ့ကြပြီး ၈၈ မျိုးဆက်(ငြိမ်း/ပွင့်)က အမှုကို မြန်မြန်နှင့်မှန်မှန် စစ်ဆေးနိုင်ရေး အတွက် တရားရုံးသို့တင်ပြတောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် ၈၈ မျိုးဆက်(ငြိမ်း/ပွင့်)အဖွဲ့ဟာ မွန်ပြည်နယ်အစိုးရအဖွဲ့မှ လယ်/ဆည်ဝန်ကြီးနှင့်သွားရောက်တွေ့ဆုံခဲ့ကြပြီး လက်ရှိအစွပ်စွဲခံရသောအမှုဖြစ်စဉ်၊ လယ်ယာမြေပြဿနာများနှင့် ပတ်သက်ပြီးဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

Photo - Credit

SOURCES © 2016 MCN TV (NEWS CHANNEL)

No comments:

Post a Comment