Latest News

Wednesday, December 14, 2016

မြန်မာတောင်သူကြီးများ ဂျာနယ်ရဲ့ မန္တလေးသတင်းတာဝန်ခံ သတင်းထောက် ရိုက်နှက်ခံရ

မြန်မာတောင်သူကြီးများ ဂျာနယ်ရဲ့ မန္တလေးသတင်းတာဝန်ခံ သတင်းထောက် ရိုက်နှက်ခံရ

မြန်မာတောင်သူကြီးများဂျာနယ်(The Farmer)ရဲ့ မန္တလေးတာဝန်ခံ သတင်းထောက် ဦးကျော်သူရမျိုးကို ဒီဇင်ဘာလ ၁၄ ရက်နေ့က လူတစ်စု ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြပါတယ်။

မန္တလေးမြို့ လမ်း ၇၀ နဲ့ ၃၂ လမ်းထောင့်မှာ လူလေးဦးက ၀န်းဝိုင်းရိုက်နှက်ခဲ့တာဖြစ်ပြီး အခုအချိန်မှာ မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာနမှာ ဆေးဝါးကုသမှုခံယူနေရတာဖြစ်ပါတယ်။ ဦးကျော်သူရမျိုးဟာ ၂၀၁၂ ခုနှစ်ကတည်းက မြန်မာ တောင်သူကြီးများဂျာနယ်မှာ တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး မန္တလေးနှင့် ဒေသ၀န်းကျင်သတင်းများကို ရေးသား နေသူဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၂ ရက်နေ့ကလည်း အလဲဗင်းမီဒီယာရဲ့ မုံရွာသတင်းထောက်တစ်ဦးဖြစ်သူ ကို စိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရပြီး သုံးရက်အကြာမှာ သတင်းမီဒီယာသမားတစ်ဦး ထပ်မံတိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

SOURCES © 2016 MCN TV (NEWS CHANNEL)

No comments:

Post a Comment