Latest News

Wednesday, December 14, 2016

မန္တ​လေးမြို့တွင်​ နိုင်​ငံတကာအဆင့်​မီ ပန်းခြံတစ်​ခု အ​ကောင်​အထည်​​ဖော်​ ​ဆောင်​ရွက်​မည်​..

မန္တ​လေးမြို့တွင်​ နိုင်​ငံတကာအဆင့်​မီ ပန်းခြံတစ်​ခု အ​ကောင်​အထည်​​ဖော်​ ​ဆောင်​ရွက်​မည်​..

မန္တ​လေးမြို့ ကျုံး​တောင်​ဘက်​ ၂၆လမ်း၊ လမ်း၈၀နှင့်​ ၆၆လမ်းကြား၊ မြို့ရိုးနှင့်​ ကျုံးကြား အကျယ်​​ပေ ၁၇၀ ခန့်​ရှိ ​မြေ​နေရာလွတ်​(ယခင်​ မန်းသီတာဥယျာဉ်​​နေရာ)တွင်​ နိုင်​ငံတကာအဆင့်​မီ ပန်းခြံတစ်​ခု အ​ကောင်​အထည်​​ဖော်​ရန်​ စီစဉ်​​ဆောင်​ရွက်​​နေ​ကြောင်း သတင်းရရှိသည်​။

နိုင်​ငံတကာအဆင့်​မီ အပန်း​ဖြေဥယျာဉ်​ တည်​​ဆောက်​ရန်​အတွက်​ နိုင်​ငံတကာအဖွဲ့အစည်းများနှင့်​ ​ရေးဆွဲလျှက်​ရှိ​သော မန္တ​လေး City Plan တွင်​ ထည့်​သွင်း​ရေးဆွဲနိုင်​​ရေး အကြံပြုချက်​များ ​တောင်းခံခဲ့​ကြောင်း၊ ပြင်​သစ်​သံရုံးမှ လိုအပ်​​သောအကူအညီ ​ပေးမည်​ဖြစ်​​ကြောင်း အ​ကြောင်းပြန်​စာများ လက်​ခံရရှိထားပြီဖြစ်​ရာ နိုင်​ငံတကာအဆင့်​မီ ပန်းခြံတစ်​ခုအား အ​ကောင်​အထည်​​ဖော်​ ​ဆောင်​ရွက်​မည်​ဖြစ်​​ကြောင်း မန္တ​လေးမြို့​တော်​ဝန်​ ​ဒေါက်​တာရဲလွင်​က မန္တ​လေးတိုင်း​ဒေသကြီးလွှတ်​​တော်​ အ​ရေး​ပေါ်အစည်းအ​ဝေး(၁/၂၀၁၆)တွင်​ ​ဖြေကြား​ခဲ့ခြင်းဖြစ်​သည်​။

"မန္တ​လေးမြို့​နေလူထု အပန်း​ဖြေအနားယူနိုင်​တဲ့​နေရာ နည်း​နေတယ်​။ ယခုလက်​ရှိ ပန်းခြံများမှာလည်း အပန်း​ဖြေ​နေရာ နည်းပါး​နေတယ်​။ဒါ​တွေကို ပြုပြင်​​ပြောင်းလဲပြီး ပြည်​သူလူထု စိတ်​ချမ်း​မြေ့စွာ အပန်း​ဖြေအနားယူနိုင်​ဖို့ ကိုယ်​လက်​လှုပ်​ရှား အားကစားပြုလုပ်​နိုင်​ဖို့ က​လေးများ လွတ်​လပ်​​ပျော်​ရွှင်​စွာ ကစားနိုင်​ဖို့ လက်​ရှိပန်းခြံ​တွေကိုလည်း အဆင့်​မြှင့်​တင်​ရန်​ ​ဆောက်​ရွက်​​နေပါတယ်​။ ကမ်းနားလမ်းတ​လျှောက်​ရှိ ပန်းခြံ ၆ ခြံ၊ မြနန္ဒာပန်းခြံ၊ ချမ်းမြဝတီပန်းခြံ၊ မန္တလာတံခွန်​ပန်းခြံ၊ ရှုခင်းသာပန်းခြံ၊ သင်္ဂဇာပန်းခြံများမှာလည်း အားကစားပစ္စည်းများ တပ်​ဆင်​ခြင်း၊ က​လေးကစားစရာပစ္စည်းများ တပ်​ဆင်​ခြင်း၊ နား​နေ​ဆောင်​များ ပြုလုပ်​ခြင်း၊ ​မြေယာရှုခင်း ပြုလုပ်​ခြင်းများ လုပ်​​ဆောင်​​နေပါတယ်​။"ဟု မန္တ​လေးမြို့​တော်​ဝန်​ ​ဒေါက်​တာရဲလွင်​မှ ပြောသည်​။

#MDYnews

No comments:

Post a Comment