Latest News

Friday, December 16, 2016

လိုင်ဇာအနီးတွင် တပ်မတော်နှင့် ကေအိုင်အေ တိုက်ပွဲများ ပြင်းထန်

လိုင်ဇာအနီးတွင် တပ်မတော်နှင့် ကေအိုင်အေ တိုက်ပွဲများ ပြင်းထန်

ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(KIO/KIA) ဌာနချုပ်တည်ရှိရာ လိုင်ဇာအနီး တွင် ဒီဇင်ဘာ ၁၆ ရက်က တိုက်ပွဲများ   ပြင်းထန်စွာဖြစ်ပွားနေကြာင်းသတင်းရရှိသည်။    ‘‘ဌာနချုပ်ဘက်ကတော့ အားလုံးသိတဲ့အတိုင်းပဲ။ ဒီမနက် က ၂ နာရီကနေ အဲဒီဂီဒွန်တို့၊ အင်ခရမ်ဘွမ်တို့မှာ လက်နက် ကြီးတွေစပစ်နေတယ်။ သုံး၊လေး နေရာကနေ ပစ်တဲ့သဘောပေါ့။ မနက်မိုးလင်းလင်းချင်းမှာ တိုက် လေယာဉ်နဲ့ လာပစ်သွားတယ်။ နေ့လယ်ကျတော့  တိုက်လေ ယာဉ်ရော၊ ရဟတ်ယာဉ်ရော ပူး တွဲပြီးမှ စစ်ဆင်ပြီးတော့ ဗုံးတွေ ကြဲသွားတယ်။ အဆက်မပြတ်ပါ ပဲ။ ဒီနေ့ကတော့ တစ်နေ့လုံးနီးပါး ဖြစ်နေတယ်။ ဌာနချုပ်လိုင်ဇာ ဧရိယာမှာပါ’’ဟု KIA တပ်ရင်း(၆) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးတန်ဆန်းက ပြောသည်။

KIA ၏ ဂီဒွန်တပ်စခန်းတည် ရှိရာ တောင်ကုန်း၌ ယမန်နေ့က တိုက်ပွဲပြင်းထန်ခဲ့သည်။ထိုနေရာ တွင် ပြီးခဲ့သည့် သြဂုတ်လလယ် ကတည်းက တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။

 ‘‘ရက်ပေါင်းမနည်းတော့ ဘူး။ လချီပြီးမှ တိုက်လာတာ။ ဆို တဲ့အခါကျတော့ ကောလာဟလ တွေ အမျိုးမျိုးကြားပါတယ်။ မရ ရအောင် တိုက်မယ်ဆိုတဲ့သတင်း တွေထွက်နေတယ်။ ဒါပေမဲ့ကော လာဟလလား၊ ဘာလားတော့ မသိဘူး။ ဒီနေ့ကတော့ တော် တော်လေး ပြင်းထန်တယ်လို့ပြော တယ်’’ဟု ၎င်းက ပြောသည်။

ဒီဇင်ဘာ ၁၆ ရက်တွင် လိုင် ဇာဌာနချုပ်တစ်ဝိုက်သာမက က ချင်ပြည်နယ် ဆွမ်ပရာဘွမ်ဘက် ၌လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု KIO အလုပ်အဖွဲ့ခေါင်းဆောင် ဦးဒေါင်ခါးကပြောသည်။

‘‘ဂီဒွန်ကိုတိုက်တာက ဒီက နေ့ ၁၆ ရက်ဆို လေးလရှိပြီဗျ။ အဲဒီဂီဒွန်ကို တိုက်လေယာဉ်တို့၊ စစ်ရဟတ်ယာဉ်တို့ လက်နက် ကြီးမျိုးစုံ၊ ပြီးရင် တပ်အင်အားမ နည်းဘူး။ ထောင်ချီပြီး ၀န်းရံပိတ် ဆို့ပြီးတော့ချနေတာ။ ဒီနေ့က လေးလပြည့်တဲ့နေ့ပဲ။ ဂီဒွန်က လက်ရှိ KIA ရဲ့လက်ထဲမှာပဲရှိ သေးတယ်’’ဟု ဦးဒေါင်ခါးက ဒီ ဇင်ဘာ ၁၆ ရက် ည ၈ နာရီခန့်တွင်ပြောသည်။

 လိုင်ဇာအနီး ဒေါ့ဖုန်းယံမြို့ တွင် ဒီဇင်ဘာ ၁၅ ရက်ညက တိုက်ပွဲစတင်ဖြစ်ပွားပြီး အနီး ၀န်းကျင်ဒေသများဖြစ်သော မိုး မောက်နှင့်ဗန်းမော်မြို့နယ်တို့၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား မည်ကို စိုးရိမ်ကြောင်း ဒေသခံ များကပြောသည်။

ထို့အပြင် တိုက်ပွဲများကြောင့် လိုင်ဇာရှိ ပြည်သူအချို့ တရုတ် နိုင်ငံဘက်ခြမ်းသို့ ၀င်ရောက် လျက်ရှိပြီး ကျောင်းများ၊ ဈေးများ လည်း ပိတ်ထားကြောင်း သတင်းရရှိသည်။

သောကြာနေ့ နံနက် ၂ နာရီ ခန့်ကစ၍ တစ်နေကုန် လက်နက် ကြီး ကျည်များ ကျရောက်နေပြီး လိုင်ဇာနှင့် ချောင်းတခြား တရုတ် ဘက်ခြမ်းတွင်လည်း တရုတ်တပ် မတော်က လာရောက်လုံခြုံရေး ယူထားကြောင်း မြန်မာ-တရုတ် နယ်စပ်ရှိ ၀ါရင့်စစ်ရေးစောင့် ကြည့်လေ့လာသူတစ်ဦးက ပြော သည်။

  ‘‘ဒေါ့ဖုန်းယံ(မိုးမောက်မြို့ အနီး)မှာလည်း ဖြစ်နေတယ်။ မြစ်ကြီးနားသွားတဲ့ လမ်းမှာလည်း ဖြစ်နေတယ်လို့ကြားတယ်။ အခု ကျွန်မတို့မြို့နဲ့ နယ်တွေမှာလည်း တိုက်ပွဲအချိန်မရွေးဖြစ်လာနိုင် တယ်လို့ သတင်းတွေထွက်လာ တယ်။ တိုက်ပွဲဖြစ်ရင်လည်း ၀ပ် နေရုံပဲလေ။ ဘာတတ်နိုင်မှာလဲ’’ ဟု မိုးမောက်မြို့နယ်ကျေးရွာ တစ်ရွာတွင် တာဝန်ကျနေသော ပညာရေးဝန်ထမ်းတစ်ဦးကပြော သည်။

ကချင်ဒေသတိုက်ပွဲများနှင့် ပတ်သက်၍ ကာကွယ်ရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် အောင်ရဲဝင်းထံ ဆက်သွယ်ရာ ‘‘ကျွန်တော်တို့ သတင်းထုတ်နိုင် တဲ့အချိန်မှာ ထုတ်ပါမယ်ဗျာ။ ဒီ စစ်ရေးစစ်ရာတွေ ကျွန်တော်လည်း ပြောလို့မရပါဘူး’’ဟု ပြောသည်။

တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားနေခြင်းကြောင့် တစ်ဖက် နှင့်တစ်ဖက် ယုံကြည်မှုပိုမိုပျက် ပြားပြီး ငြိမ်းချမ်းရေးခရီးစဉ် ပိုမို အလှမ်းဝေးသွားမည်ကို စိုးရိမ် သည်ဟု မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုး ဆောင်အဖွဲ့ (PCG) မှ ဦးလမိုင် ဂွန်ဂျာကဆိုသည်။

‘‘နိုင်ငံတော်အစိုးရကနေပြီး တော့ ဒါကိုအမြန်ဆုံး တပ်မတော် နဲ့ တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့တွေနဲ့ အမြန်ဆုံး တွေ့ဆုံညှိနှိုင်း အဖြေရှာသွားရင်တော့ ကောင်း မယ်’’ဟု ၎င်းက ဆက်လက်ပြော ကြားသည်။

စက်တင်ဘာ ၂၂ ရက်က ကချင်ဒေသနှင့်ပတ်သက်၍ တပ် မတော်က သတင်းထုတ်ပြန်ရာ၌ ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် အတွင်း ပုံမှန်အုပ်ချုပ်မှု ကိစ္စရပ် များအတွက် လမ်းကြောင်းလုံခြုံ ရေး ဆောင်ရွက်နေသော တပ်မ တော်စစ်ကြောင်းကို စက်တင်ဘာ ၂၁ ရက်တွင် ကေအိုင်အေလက် နက်ကိုင်အဖွဲ့က ဆွဲမိုင်းနှစ်လုံး ဖောက်ကွဲတိုက်ခိုက်ခဲ့ကြောင်း၊ တပ်မတော်စစ်ကြောင်းများ ပြန် လည်ပစ်ခတ်သောကြောင့် ဆုတ် ခွာသွားကြောင်း၊ ယင်းဖြစ်စဉ် တွင် တပ်မတော်သားအချို့ ကျ ဆုံးပြီး အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း ထို့နောက် ဒေသခံများနှင့် ဒေသတွင်း လုံခြုံရေးအတွက် ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

SOURCES 7DAY DAILY NEWS JOURNAL

No comments:

Post a Comment