Latest News

Friday, December 16, 2016

ဆီသယ်ယာဉ်ကြီးနှင့် ဘိလပ်မြေတင်လာသည့်ကား တိုက်မှုဖြစ်ပွား

ဆီသယ်ယာဉ်ကြီးနှင့် ဘိလပ်မြေတင်လာသည့်ကား တိုက်မှုဖြစ်ပွား

ရန်ကုန် – မန္တလေး အမြန် လမ်းဟောင်း မိုင်တိုင် ၂၆၅/၂၆၆ ကြားမှာ ဒီဇင်ဘာ ၁၇ ရက်နေ့က Octane စက်သုံးဆီတင်ယာဉ်တွဲကားကြီးနဲ့ ဘိလပ်မြေတင်ယာဉ်တွဲကားကြီးတို့ တိုက်မှုဖြစ်ပွားခဲ့ပါတယ်။

“၅ ခွဲလောက် ဗြုန်းကနည်းဆိုပြီးကြားလိုက်တာပဲ။ ကျမတို့ အိမ်ဝင်တိုက်ပြီမှတ်တာ။ ဒါနဲ့ကားတိုက်တာဆိုပြီးသိတော့ အပြင်ထွက်ကြည့်ဖြစ်တာ ဆီကားဆိုတာသိတော့မှ အိမ်ထဲက အထုတ်တွေပြင်ပြီး အခြားနေရာမှာ ပြောင်းနေလိုက်တယ်” လို့ ဖြစ်စဉ်အနီးနား နေထိုင်သူတဦးက ပြောပါတယ်။

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ခေတ်အေးကျေးရွာအုပ်စု၊ ဝင်ပြန်ကျေးရွာရှေ့မှာ မနက် ၅ ခွဲ အချိန်က ဖြစ်ပွားခဲ့တာပါ။

ဖြစ်စဉ်မှာ မန္တလေးဘက်မောင်းနှင်လာတဲ့ ဆီသယ်ယာဉ်ဟာ ဘရိတ်ပေါက်ပြီး အခြားယာဉ်ကြောမှ မောင်းနှင်လာတဲ့ မြေသယ် ၁၀ ဘီးယာဉ်ကို ဦးစွာချိတ်မိပြီး ရပ်တန့်ထိန်းနိုင်မှုမရှိဘဲ ထပ်မံ မြေသယ်နောက်က ပါလာတဲ့ ဘိလပ်မြေတင်ဆောင်လာတဲ့ ကားကို ထပ်မံဝင်တိုက်မိခဲ့တာလို့ တာဝန်ကျယာဉ်ထိန်း ရဲအုပ် အေးဇော်ဝမ်း ကရှိင်းပြခဲ့ပါတယ်။

ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းနှင်လာသူတွေနဲ့ ယာဉ်နောက်လိုက် အသက်အန္တရာယ်စိုးရိမ်မှု မရှိဘဲ ကျိုးပဲဒဏ်ရာတွေသာဖြစ်ပေါ်ခဲ့တယ်လို့ ရဲအုပ် အေးဇော်ဝမ်းက ပြောပါတယ်။

မြေသယ်ယာဉ်ကတော့ ဘယ်ဘက် နောက်ကြည့်မှန် ပျက်စီးမှု၊ ဘေးဘောင် ဆေးပွန်းမှုသာဖြစ်ပေါ်ခဲ့ပြီး ဘိလပ်မြေတင်ယာဉ်က ခေါင်း ဘယ်ဘက်ခြမ်း ပျက်စီးခဲ့ကာ ဆီသယ်ယာဉ်ကတော့ ခေါင်းတခုလုံးပျက်မီးမှုဖြစ်ပေါ်ခဲ့ပြီး နောက်တွဲက ပက်လက်လန် အနေအထားဖြစ်ပေါ်ခဲ့တာပါ။

အောင်ကိုကိုလတ်

SOURCES DVB

No comments:

Post a Comment