ဟိုင်းကြီးကျွန်းတွင် အမြောက်စမ်းသပ်ပစ်မည်ဟု သတိပေး
ဧရာဝတီိတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်း၊ တောင်ပေါ်အမြောက်စခန်းကနေ အမြောက်စမ်းသပ်ပစ်ခတ်မှာမို့ ကျွန်းအနီးနားမှာ ငါးဖမ်းလှေနဲ့ ပြည်တွင်းပြည်ပ ရေယာဉ်တွေ ဖြတ်သန်းမောင်းနှင်ခြင်း မပြုကြဖို့ သက်ဆိုင်ရာက သတိပေးထားပါတယ်။
ဒီနေ့မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ ဟိုင်းကြီးကျွန်းမြို့ ပမ္မဝတီ ရေတပ်စခန်းဌာနချုပ်အောက်ရှိ ရေတပ် တောင်ပေါ်အမြောက်စခန်းကနေ အမြောက် လေ့ကျင့်ပစ်ခတ်မှာဖြစ်ပြီး ဒီဇင်ဘာ ၁၀ ရက်ကတည်းက ကြိုတင်သတိပေးထားတယ်လို့ မြို့နယ်ပြန်ဆက်က သတင်းထုတ်ပြန်ထားပါတယ်။
Sources : DVB
Subscribe to:
Post Comments (Atom)
No comments:
Post a Comment