Latest News

Tuesday, December 6, 2016

ဘင်္ဂလာဒေ့ရှ်တွင် ဓာတ်ပုံအတုများကို သုံးပြီး သွေးထိုး လူံ့ဆော်မှုများ ဆက်လက် ပြုလုပ်နေ

ဘင်္ဂလာဒေ့ရှ်တွင် ဓာတ်ပုံအတုများကို သုံးပြီး သွေးထိုး လူံ့ဆော်မှုများ ဆက်လက် ပြုလုပ်နေ

ဒီဇင်ဘာ ၆

ယခု ဖော်ပြပါ ဓာတ်ပုံမှာ နတ်မြစ်အတွင်း မြန်မာဘက်မှ ထွက်ပြေးလာစဉ် သေဆုံးသွားခဲ့သည့် ဘင်္ဂလီလူမျိုးကလေးငယ်တစ်ဦးပုံ ဖြစ်သည်ကို ဆိုကာ ဖေ့စ်ဘုတ်များတွင် ဖော်ပြပြီး ဘင်္ဂလာဒေ့ရှ်တွင် သွေးထိုး လှုံ့ဆော်မှုများကို ဆက်လက် ပြုလုပ်နေသည်ကြောင်း သိရသည်။

ယခုဓာတ်ပုံမှာ နိုင်ငံခြား တိုင်းပြည်တစ်ခုမှ ဓာတ်ပုံ တစ်ပုံ ဖြစ်သည်။ သို့သော်လည်း ဘင်္ဂလာဒေ့ရှ်မှ  လူအများအပြားကမူ နတ်မြစ်အတွင်း သေဆုံးခဲ့ရသည့် မြန်မာဘက်က ထွက်ပြေးလာသည့် ဘင်္ဂလီ ကလေးငယ် တစ်ဦးဖြစ်သည်ဟု ယူဆကာ  မျက်ရည်ကျခဲ့ကြရသူများ ရှိကြောင်း  Cox’bangla တွင် သတင်းဖော်ပြသည်။

ယခုဓာတ်ပုံနှင့် ပတ်သက်ပြီး လူအများအကြားတွင် အမျိုးမျိုးထင်မြင်ချက်များ ပေးနေကြပြီး အများစုက ဘင်္ဂလာဒေ့ရှ်တွင် နတ်မြစ်အတွင်းတွင် သေဆုံးနေသော ကလေးငယ်တစ်ဦးပုံဟု ယုံကြည်နေကြသည်ဟုဆိုသည်။

သို့သော်လည်း ယခုဓာတ်ပုံမှာ မြန်မာပြည်က ဓာတ်ပုံ မဟုတ်ကြောင်း၊ အလိမ်တင်ထားသော ဓာတ်ပုံဖြစ်ကြောင်း ပြောဆိုနေသူများလည်းရှိကြောင်း သိရသည်။
နိရဉ္စရာ

No comments:

Post a Comment