အိမ်နီးချင်းနိုင်ငံ အချင်းချင်း သတင်း အချက်အလက် မျှဝေမှု ပြုလုပ်ရန် ရခိုင်ကော်မရှင် ဥက္ကဋ္ဌ တိုက်တွန်း
နယ်စပ်ဖြတ်ကျော် ပြဿနာများနှင့် ပတ်သက်၍ အိမ်နီးချင်းနိုင်ငံ အချင်းချင်း သတင်းအချက် မျှဝေရန်နှင့် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင် ဥက္ကဌ မစ္စတာ ကိုဖီအာနန်က ပြောသည်။
အဆိုပါ စကားကို ဒီဇင်ဘာလ ၆ ရက်က ရန်ကုန်မြို့ရှိ ဆူးလေ ရှန်ဂရီလာ ဟိုတယ်တွင် ပြုလုပ်သော ရခိုင်ပြည်နယ် စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ သတင်းစာ ရှင်းလင်းပွဲတွင် မစ္စတာ ကိုဖီအာနန်က မီဒီယာများကို ပြောကြားခဲ့ခြင်း ဖြစ်သည်။
“နယ်စပ်ကို ဖြတ်ကျော်ပြီး လူတွေ သွားတာတွေ၊ ဒါတွေမှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ လိုတယ်။ နောက် နိုင်ငံတစ်နိုင်ငံမှာ ပြဿနာရှာတဲ့ သူတွေ၊ သူတို့အကြောင်း သူတို့ရဲ့ သတင်း အချက်အလက်တွေကို အိမ်နီးချင်း နိုင်ငံတွေနဲ့ မျှဝေဖို့၊ နားလည် ပူးပေါင်းဖို့ လိုပါတယ်” ဟု မစ္စတာ ကိုဖီအာနန်က ပြောသည်။
ယခုဖြစ်ပွားနေသော ပဋိပက္ခများ ချုပ်ငြိမ်းသွားမည် ဆိုပါက ရခိုင်ပြည်နယ်သည် ယဉ်ကျေးမှု အမွေအနှစ်များ ပေါကြွယ်ဝသောကြောင့် ရခိုင်ပြည်နယ် အတွက် အပြင် တစ်တိုင်းပြည်လုံး အတွက် ချမ်းသာကြွယ်ဝသော ပြည်နယ်တခု ဖြစ်လာနိုင်သည်ဟု သုံးသပ်မိကြောင်း ၎င်းက ဆိုသည်။
ညိမ်းပြည့်စုံ (ဓာတ်ပုံ - ထက်အောင်ဖြိုး)
ပြည်မြန်မာ
Tuesday, December 6, 2016
Subscribe to:
Post Comments (Atom)
No comments:
Post a Comment