Latest News

Tuesday, December 6, 2016

ဘင်္ဂါလီအရေးဝင်ရောက်စွက်ဖက်မှုနှင့်ပတ်သက်၍မလေးရှားသံအမတ်ကြီးကို ဆင့်ခေါ်ထား

"ဘင်္ဂါလီအရေးဝင်ရောက်စွက်ဖက်မှုနှင့်ပတ်သက်၍မလေးရှားသံအမတ်ကြီးကို ဆင့်ခေါ်ထား"

ရခိုင်ပြည်နယ်မှ ဘင်္ဂါလီများအရေးနှင့်ပတ်သက်၍ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ် ပါဝင်ဟောပြောခဲ့မှုအပေါ် မြန်မာအစိုးရဘက်မှ တရားဝင် တုံ့ပြန်သွားရန်ရှိကြောင်းနှင့်မလေးရှားသံအမတ်ကြီးအားဆင့်ခေါ်ထားကြောင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

“ဟုတ်ပါတယ်။ ဒီကိစ္စကို ကန့်ကွက်သွားဖို့ရှိပါတယ်။ မလေးရှားသံအမတ်ကြီးကိုလည်း ဒီနေ့(ဒီဇင်ဘာ၆)ဆင့်ခေါ်ထားပါတယ်။

ဘာတွေပြောမလဲဆိုတာကတော့ လောလောဆယ်မှာ ပြင်ဆင်
နေတုန်းပါပဲ။ တရားဝင် သတင်းထုတ်ပြန်ဖို့ကိစ္စကတော့ လူကြီးတွေရဲ့ ညွှန်ကြားချက်အရ ဆက်ပြီးဆောင်ရွက်သွားမှာပါ”ဟု နိုင်ငံခြားရေးဝန်ကြီးဌာနကောင်စစ်ရေးနှင့် ဥပဒေရေးရာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုးက News Watch သို့ ပြောသည်။

ဒီဇင်ဘာ ၄ ရက် တနင်္ဂနွေနေ့က ကွာလာလမ်ပူတွင်ပြုလုပ်သော အဆိုပါဆန္ဒထုတ်ဖော်ပွဲ၌ ဘင်္ဂါလီများ ဖိနှိပ်ခံရသည်ဆိုသော စွပ်စွဲချက်များနှင့်ပတ်သက်၍ ၀န်ကြီးချုပ်နာဂျစ်ရာဇတ်ကမိန့်ခွန်းတက်ရောက်ပြောကြားခဲ့သည်။

အာဆီယံနိုင်ငံများအကြား တနိုင်ငံ၏ပြည်တွင်းရေးကို အခြားတနိုင်ငံက၀င်ရောက်မစွက်ဖက်ရဆိုသော မူနှင့်ပတ်သက်၍ နာဂျစ်ရာဇာတ်က
“ကျွန်တော့် မျက်လုံးတွေကို ပိတ်ထားပေးရမှာလား။ အသံတိတ် နေပေးရမှာလားအာဆီယံပဋိညာဉ်မှာလူ့အခွင့်အရေးကိုလေးစားတန်ဖိုးထားရမယ်ဆိုတဲ့အချက်
ပါပါတယ်သူတို့ကန်းနေကြတာလား။ ကိုယ်လိုချင်တာကိုပဲ ရွေးချယ်ဘာသာပြန်လို့မရဘူး”ဟု
ပြောသည်။

ထို့ပြင် ရခိုင်ပြည်နယ်မှ မွတ်စလင်များအရေးနှင့်ပတ်သက်၍ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခွင့်ရရန်မလေးရှားနိုင်ငံခြားရေးဝန်ကြီး Anifah Aman အား စေလွှတ်ခဲ့သော်လည်း မလေးရှား-မြန်မာနှစ်နိုင်ငံအရေးနှင့်ပတ်သက်သောကိစ္စရပ်များကိုသာ ဆွေးနွေးလိုပြီး ဘင်္ဂါလီအရေးကို ဆွေးနွေးရန်မရှိကြောင်းပြောဆို၍ တွေ့ခွင့်ငြင်းပယ်ခံခဲ့ရကြောင်း ၎င်းက ပြောသည်။

နာဂျစ်ရာဇာတ်၏လုပ်ရပ်နှင့်ပတ်သက်၍မလေးရှားဝန်ကြီးချုပ်ဟောင်းမဟာသီယာမိုဟာမက်ကလည်း
ပြဿ       နာများကိုသံတမန်နည်းဖြင့် ဖြေရှင်းရမည်ဖြစ်ပြီးလူစုလူဝေးရှေ့၌ ဆန္ဒထုတ်ဖော်ခြင်းသည် မေးခွန်းထုတ်စရာဖြစ်လျက်ရှိသည်ဟု မဟာသီယာမိုဟာမက်က ပြောသည်။
အော်စကာ - NewsWatch

No comments:

Post a Comment