Latest News

Wednesday, December 14, 2016

ဖားကန့်မှာ ဘိန်းဖြူနဲ့ စိတ်ကြွဆေးပြား သိန်း ၅၀၀၀ ဖိုး ဖမ်းဆီးရမိ

ဖားကန့်မှာ ဘိန်းဖြူနဲ့ စိတ်ကြွဆေးပြား သိန်း ၅၀၀၀ ဖိုး ဖမ်းဆီးရမိ



ဖားကန့်မြို့နယ်မှာ ဒီဇင်ဘာလ ၁၃ ရက်နေ့က ဘိန်းဖြူဆိပ်ပြာခွက် ၁၇၆ ခွက်နဲ့ စိတ်ကြွဆေးပြား ၄၄၀၀၀ ဖမ်းဆီးရမိခဲ့ပါတယ်။

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာမှာ ဝှေခါကျေးရွာ လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ (ပက်ဂျဆန်)အဖွဲ့က ဒီဇင်ဘာ ၁၃ ရက်နေ့ ည ၇ နာရီခွဲအချိန်မှာ ဖမ်းဆီးရမိခဲ့တာပါ။

ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေဟာ ကာလတန်ဖိုး ကျပ် သိန်း ၅၀၀၀ ဖို့ရှိပြီး ဖားကန့်မြို့နယ် မူးယစ်အထူးတပ်ဖွဲ့ကို တရားခံနဲ့တကွ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

SOURCES © 2016 MCN TV (NEWS CHANNEL)

No comments:

Post a Comment