Latest News

Tuesday, October 4, 2016

ပုသိမ်တက္ကသိုလ်အဝေးသင်ကျောင်းသားတွေ စာမေးပွဲဖြေဆိုခွင့်ရမလား..... မရဘူးလား....

ပုသိမ်တက္ကသိုလ်အဝေးသင်ကျောင်းသားတွေ စာမေးပွဲဖြေဆိုခွင့်ရမလား.....
 မရဘူးလား.....စိတ်ဝင်စားစရာကောင်းပါတယ်..
ပြန်လည်ဖြေဆိုခွင့်ရမယ်ဆိုရင်တော့ ဆုလာဘ်တစ်ခုပါပဲ ။ 
(မျိုးမင်းပိုင်)

ပုသိမ်တက္ကသိုလ် အဝေးသင် တက္ကသိုလ် စာမေးပွဲဖြေဆိုရန် အခက်အခဲရှိနေတဲ့  ကျောင်းသားကျောင်း
သူတွေ နဲ့ ဧရာဝတီတိုင်းဒေသကြီးလွတ်တော် ဥက္ကဌ တို့  အောက်တိုဘာလ(၅)ရက်နေ့ မှာတွေ့ ဆုံမည်ဖြစ်ကြောင်း လွတ်တော် ရုံးက သတင်းထုတ်ပြန်ပါတယ်။

လွတ်တော် ဥက္ကဌ နဲ့ မနက်ဖြန်တွေ့ ပါမယ် ဖြေဆိုခွင့်ရဖို့ ရော အကောင်းဆုံးအခြေနေတွေကို မျှော်လင့်ထားတယ်လို့  အဆိုပါကျောင်းသားတွေကပြောပါတယ်။
ကျောင်းအပ်ရန် နှင့် စာစဉ်အဖြေလွာ ရေးတင်ရန် ပေးဆောင်ထားသော အဝေးသင်(ဒုတိယအသုတ်)ကျောင်းသားများရဲ ငွေများကို စာရေးမတစ်ဦးက လိမ်လည် သွားရာမှ စာမေးပွဲဖြေဆိုရန် အခက်အခဲဖြစ်နေကြတာပါ။

အဝေးသင် ဒုတိယ အသုတ် ကျောင်းသားကျောင်းသူတွေအနေနဲ့  အောက်တိုဘာလ(၁၁)ရက်နေ့ 
မှာကျောင်းတက်ရမှာဖြစ်ပြီး ၂၆ ရာက်နေ့ မှာ စာမေးပွဲဖြေဆိုရတော့မှာပါ။
အဲ့ ဒီစာရေးမီဆီမှာ က သုံးဆယ့်သုံးယောက် ပေါ့ အခု သမီးတို့ သိရတာ တစ်ခြား စာရေးမတွေဆီမှာလည်း အဲ့ လိုတွေဖြစ်နေတာ ကျောင်းသားကျောင်းသူ (၂၀၀)ကျော်တယ် အခုအခြေနေက နယ်တွေ က ကျောင်းသားတွေလာရမလို မလာရမလို ဖြစ်နေတယ် ဒါပေမဲ့ လွတ်တော် ဥက္ကဌ နဲ့ တွေ့ ဖြစ်ရင်တော့ ဖြေဆိုနိုင်မယ့်အခြေနေတော့ မျှော်လင့်ရတယ်လို့  စာမေးပွဲဖြေဆိုခွင့်ရရှိရေးဆောင်ရွက်ပေးနေတဲ့  ပုသိမ်ခရိုင် ကျောင်းသားသမ္မဂ က မရွှေရည်စိုးလင်းကပြောပါတယ်။

လိမ်လည်ထားတဲ့ စာရေးမကေတေတာ့ တိမ်းရှောင်နေပြီး ရဲစခန်းမှာတရာဝင်အမှုဖွင့်မထားသေးဘူးလို့ 
ပုသိမ်နယ်မြေ ရဲစခန်းကပြောပါတယ်။
ဒီဖြစ်စဉ်တွေ ကို လေ့ လာ၍ ကျောင်းသားကျောင်းသူတွေ နဲ့ အထူးသတိပြုရတော့မှာပါ။အကြောင်းကြောင်းကြောင့် လွဲချော်ခဲ့ ရသော် ငွေကြေး အပြင် တစ်နှစ်ဆိုတဲ့ အချိန်တွေ ကနှမြောစရာပါ။
မည်သူ့ ကိုမျှအားမကိုပဲကိုယ်ကိုကိုယ်တိုင် သေချာအောင် စီစစ်လုပ်ဆောင်ဖို့ လိုလာသလို ဒီလို လိမ်လည်သွားတဲ့  သူတွေကိုလည်း ဥပဒေအရ အရေယူရမှာဖြစ်ပါတယ်။

၂၀၁၄ခုနှစ် က မအူပင်အဝေးသင်တက္ကသိုလ်မှာ လည်း အဆိုပါဖြစ်စဉ်မျိုး ဖြစ်ပွါးခဲ့ ဘူးပါတယ်.။
လက်ရှိ ဖြစ်နေတဲ့ ပုသိမ်တက္ကသိုလ်အဝေးသင်ကျောင်းသားတွေ စာမေးပွဲဖြေဆိုခွင့်ရမလား မရဘူးလား ဆိုတာတော့ စောင် စောင့် ကြည့်ရမှာပါ။ပြန်လည်ဖြေဆိုခွင့်ရမယ်ဆိုရင်တော့ ဆုလာဘ်တစ်ခုပါပဲ ။
မျိုးမင်းပိုင်

No comments:

Post a Comment