Tuesday, October 4, 2016
ဧရာဝတီတိုင်းဘတ်ဂျက် ကျပ်သန်း ၄ ထောင်ကျော် လိုငွေပြနေ
ဧရာဝတီတိုင်းဒေသကြီးရဲ့ ဘတ်ဂျက်မှာ ကျပ်သန်းပေါင်းလေးထောင်ကျော် လိုငွေ ရှိနေတာကြောင့် ပြည်ထောင်စုအစိုးရအနေနဲ့ ဘတ်ဂျက်ပိုမိုထောက်ပံ့ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
ဧရာဝတီတိုင်းဒေသကြီးရဲ့ ဘတ်ဂျက်လိုငွေကို ထောက်ပံ့ပေးဖို့ နဲ့ ဖြည့်စွက်ဘတ်ဂျက်ခွင့်ပြုပေးဖို့ကို စက်တင်ဘာ၃၀ ရက်နေ့တိုင်းဒေသကြီးလွှတ်တော်မှာ အစီရင်ခံတင်ပြခဲ့ပြီး ဒီကနေ့ အောက်တိုဘာ ၄ ရက်နေ့ တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ အတည်ပြုပေးခဲ့တာပါ။
ဧရာဝတီတိုင်းဒေသကြီး ဘတ်ဂျက်အနေနဲ့ နှစ်စဉ်လိုငွေပြနေတာဖြစ်ပြီး ဒီလို လိုငွေပြရတာဟာ တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်ချက်တွေကို လိုငွေအနေနဲ့ ပြည်ထောင်စု ကနေတောင်းခံရတဲ့ ဘတ်ဂျတ်သဘောတရားကြောင့်ဖြစ်တယ်လို့ တိုင်းဒေသကြီး လွှတ်တော်ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးအောင်သူထွေးက ပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီးအနေနဲ့ မူလဘတ်ဂျတ်ခွင့်ပြုငွေက ကျပ်သန်းပေါင်း တစ်သိန်းသုံးသောင်းကျော်ရှိပြီး သုံးငွေက ကျပ်သန်းပေါင်း တစ်သိန်းလေးသောင်း ကျော်ရှိနေတာပါ။
ဒါကြောင့် ဘတ်ဂျတ် ထပ်မံဖြည့်စွက်ရမယ့်ငွေက ကျပ်သန်းပေါင်းကိုးထောင့်ခြောက်ရာ ကျော်ရှိပါတယ်။ အခွန်အကောက်တွေနေ ဝင်ငွေ ကျပ်သန်းပေါင်း ငါးထောင့်လေးရာ ကျော်ရရှိခဲ့တဲ့အတွက် တိုင်းဒေသကြီးကို ပြည်ထောင်စုကနေ ကျပ်သန်းပေါင်း လေးထောင့်တစ်ရာကျော် ထောက်ပံ့ပေးဖို့ လိုအပ်နေတာဖြစ်ပါတယ်။
သတင်း - သော်ဇင်မျိုး
© Copyright DVB
ဧရာဝတီတိုင်းဘတ်ဂျက် ကျပ်သန်း ၄ ထောင်ကျော် လိုငွေပြနေ
Reviewed by timeayeyar
on
8:47 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment