Latest News

Monday, October 31, 2016

မြန်အောင်မြို့တွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

ဝင်းစန္ဒာခိုင်

ဓာတ်ပုံ - ရဲသစ္စာ (FaceBook)

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့တွင် အောက်တိုဘာလ ၃၀ ရက်နေ့က စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိခဲ့ပါသည်။

မြန်အောင်မြို့ အမှတ် ၃ ရပ်ကွက်နေ ဦးမိုးဇော်(ခ)ဦးမိုးဇော်မြင့် နေအိမ်တွင် WY စိတ်ကြွဆေးပြား ၇၈ ပြားနှင့် ငွေကျပ် ငွေ ၅၇၉၀၀ ကို သိမ်းဆည်းရမိခြင်းဖြစ်သည်။ ဖမ်းဆီးမှုကို မြန်အောင်မြို့ မစခန်းမှူးနှင့် နယ်ထိန်း ဒုရဲအုပ် သက်နိုင်စိုးတို့က သတင်းအရ သွားရောက်ဖမ်းဆီးခဲ့သည်။

“သတင်းရတာနေတာ တစ်လလောက် ကြာပါပြီ ဒါကြောင့် သေချာ လေ့လာစုံစမ်းပြီး ဖော်ထုတ် ဖမ်းဆီးခဲ့တာပါ”ဟု မြန်အောင်မြို့ မ စခန်းမှူး ဒုရဲမှူး မောင်မောင်ဌေးက ပြောသည်။ နောက်ပိုင်း ကာလများတွင်လည်း ဆက်လက် ဖမ်းဆီးမှုများ ပြုလုပ်သွားမည်ဟု ဆိုသည်။

အဆိုပါ အမှုအား ၁ /၂၀၁၆ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉/ ၂၀ (က)ဖြင့် တရားဆွဲဆိုထားကြောင်း မြို့နယ်ရဲစခန်းမှသိရသည်။
Mizzima

စပါးဈေးကျခြင်းအပြင် ရာသီဥတုဖျက်သည့်ဒဏ် တောင်သူတို့ ခံနေရ



ဝင်းစန္ဒာခိုင်

ကောက်ဦးစပါး ပေါ်ချိန်ဖြစ်သော ယခုရာသီတွင် စပါးဈေးကျဆင်းနေခြင်းကြောင့် ဧရာဝတီတိုင်း ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ် အများအပြားမှ တောင်သူများအတွက် စိုက်ပျိုးစရိတ် ကာမိရုံသာရှိပြီး၊ ရာသီဥတုကလည်း ဖျက်ခြင်းကြောင့် အခက်အခဲ ဖြစ်နေကြကြောင်း  ဒေသခံ တောင်သူများက ပြောသည်။


ခရိုင်အတွင်း မြို့နယ်များတွင် စပါးအရောင်းအဝယ် နည်းနေသည့်အပြင် ဈေးပါ ကျဆင်းနေခြင်းဖြစ်သည်။ ယခင်နှစ်က စပါး တင်း ၁၀၀ လျှင် ကျပ်လေးသိန်းကျော်မှငါးသိန်း အထိ ဈေးရှိသော်လည်း ယခုအခါပျမ်းမျှ ကျပ်သုံးသိန်းခွဲ ဝန်းကျင်သာ ဈေးရှိနေခြင်းကြောင့် တောင်သူများအတွက် ခက်ခဲနေခြင်းဖြစ်သည်။

“စပါးပေါ်တဲ့အချိန် စပါးဈေးက ကျနေတယ် အရောင်းအဝယ်ကလည်း အေးနေပါတယ်။ ဒါကြောင့် တောင်သူတွေအတွက် အခက်အခဲတွေရှိတာပါ” ဟု သာပေါင်းမြို့နယ် ဇီးကုန်းကျေးရွာမှ
ဒေသခံတောင်သူ ဦးထွန်းထွန်းလင်းမှပြောသည်။

စပါးဈေးကျခြင်း၊ အရောင်းအဝယ်နည်းပါးခြင်း စသည့် အခြေအနေများကို တောင်သူများ ကြုံတွေ့နေရသည့်အပြင် ဒေသတွင်း တစ်ပိုင်တစ်နိုင် အရောင်းအဝယ် လုပ်နေသည့် စပါး ကုန်သည်များပါ ခက်ခဲနေကြသည်။

“ကျွန်တော့်အမြင် နယ်စပ်ဖက်က ဝယ်အားပါ နည်းနေတာပါ ဝယ်အားနည်းတော့ အရောင်းအဝယ်က မဖြစ် ဈေးကကျတာပါ စပါးဈေးကျတာက ကျွန်တော်တို့လို တစ်ပိုင်တစ်နိုင် ကုန်သည်တွေအတွက်ပါ အခက်အခဲဖြစ်ပါတယ်”ဟု ရေကြည်မြို့နယ်မှ စပါးကုန်သည် ကိုအောင်အောင်မှပြောသည်။

 စပါးဈေးကျင်းခြင်း၊ ဝယ်လက်မရှိခြင်းတို့အပြင် ရာသီဥတုပုံမမှန်ခြင်း၊ ရိတ်သိမ်းချိန်တွင် မိုးရွာသွန်းခြင်း တို့ကြောင့် စပါးအထွက်လျော့ခြင်းကလည်း  တောင်သူတို့အတွက် အခက်အခဲကို ပိုဖြစ်စေသည်ဟုလည်း တောင်သူတို့က ပြောသည်။

 ဧရာဝတီတိုင်း ဇလွန်မြို့နယ်နှင့် ဓနုဖြူမြို့နယ်တို့ရှိ တောင်သူအချို့မှာ ရိတ်သိမ်းစက်များ အသုံးပြုသော်လည်း လယ်ကွက်များတွင် ရေများတင်ရှိနေ ခြင်းကြောင့် စပါးအထွက်လျော့ကာ ဆောင်းနှံဖြစ်သည့် မတ်ပဲကြဲရန်လည်း မိုးရေများရှိနေခြင်းကြောင့် အခက်အခဲဖြစ်ပေါ်နေကြသည်။

ပဲကြဲပြီးသော တောင်သူတချို့ကလည်း "ဒီနေ့ရွာတဲ့မိုးကြောင့် ပဲကြဲပြီး လယ်ကွက်တွေ ရေဖောက်ထား ရပါတယ် မိုးဆက်ရွာဦးမယ် ဆိုရင်တော့ ပဲတွေဆုံးရှုံးမှာပါ" ဟု ဓနုဖြူမြို့နယ်မှ တောင်သူဦးဟန်ထွန်းက ပြောသည်။

ပုသိမ်ခရိုင်အတွင်း သာပေါင်း ပုသိမ်၊ ငပုတော၊ ကန်ကြီးထောင့်၊ ကျောင်းကုန်း၊ ရေကြည်၊ ကျုံပျော် စသော မြို့နယ်များ ပါဝင်ကာ တစ်မြို့နယ်လျှင် စပါး စိုက်ဧက တစ်သိန်းခွဲအထက် ရှိသည်။
Mizzima

ဧရာဝတီတိုင်းဒေသကြီးလယ်/ဆည်ဝန်ကြီးဦးဘဟိန်း


'ကျနော်တို့ခြောက်လအတွင်းမှာရေလုပ်သားငယ် ၈၀၀၀ ကျော်လုပ်ပိုင်ခွင့်ရအောင်လုပ်ပေးခဲ့တယ်။ခုလည်းရေလုပ်သားငယ်တွေအတွက်ဥပဒေကိုယ်တိုင်ဆွဲပြီးပြီ။အင်းသားကြီးတွေက ဒေါ်စုနဲ့ ဦးရွှေမန်းထိတောင်တိုင်ကြတယ်။ကိုယ်ကျိုးသမားတွေအတွက်သာလုပ်ပေးရရင်သိန်းထောင်ချီရတာပေါ့။ဒါပေမယ့်ကျနော်က
ကိုယ်ကျိုးသမားတွေပေးတဲ့ပိုက်ဆံကို ဒီအိမ်သာထဲက
တစ်ရှူးစက္ကူလောက်တောင်မသတီဘူး''
ဧရာဝတီတိုင်းဒေသကြီးလယ်/ဆည်ဝန်ကြီး
ဦးဘဟိန်း

Saturday, October 29, 2016

NLD မအူပင် ကိုယ်စားလှယ် လိမ်လည်မှု နဲ့ တိုင်ကြားခံရ


Image copyright NLD Maubin ။ တရားဥပဒေ အတိုင်းသာ ဆောင်ရွက် သွားမှာ ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် တိုင်ကြားစာဌာန တာဝန်ခံ ဒေါက်တာ မျိုးညွန့်က ပြော
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်မှာ တိုင်းလွှတ်တော်ကိုယ်စားလှယ် (၂)ဦး နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး တချို့အပါအဝင် လူ (၁၆)ဦးကို ရဲစခန်းမှာ ပုဒ်မ (၄)ခုနဲ့ အမှုဖွင့်တိုင်ကြားထားပါတယ်။

မအူပင်မြို့နယ်နဲ့ ကျေးရွာအုပ်စုတွေမှာ ပြည်ထောင်စုအဆင့် လွှတ်တော်က ချပေးထားတဲ့ ဒေသဖွံဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း တစ်ထောင် ခွဲဝေသုံးစွဲတာနဲ့ ပတ်သက်လို့ ကညင်ဝ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်မျိုးက မြို့နယ် ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတာ ဖြစ်ပါတယ်။

NLD မြို့နယ် ဥက္ကဋ္ဌ ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၂)ဦး ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး(၂)ဦး နဲ့ ရွာသား (၁၀) ဦး စုစုပေါင်း (၁၆)ဦးကို လိမ်လည်မှု၊ ခြိမ်းခြောက်မှု၊ အသရေဖျက်မှု၊ အားပေးကူညီမှု စတဲ့ ပြစ်မှုဆိုင်ရာ ပုဒ်မ ၄၂၀၊ ၅၀၆၊ ၅၀၀၊ ၁၁၄ ပုဒ်မ (၄)ခုနဲ့ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ မအူပင်မြို့နယ် ရဲစခန်းမှူး ဒုရဲမှူး ဦးသိန်းနိုင်အေးက ပြောပါတယ်။

ဒါနဲ့ ပတ်သက်လို့ အမှုဖွင့် တိုင်ကြား ခံထားရတဲ့ အမှုနဲ့ ပတ်သက်ပြီး ရန်ပုံငွေ တွေကို လူအများ ရှေ့မှာ ပွင့်လင်းမြင်သာ စွာ နဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ကိုလေးက တုန့်ပြန်ပါတယ်။

မအူပင် မြို့နယ် ဒေသဖွံဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း တစ်ထောင် ကို စက်တင်ဘာလတလကုန်ပိုင်းလောက်က လွှတ်တော်က ချထားပေးခဲ့ပြီး ဖြစ်ပါတယ်။

မြို့နယ်ကော်မတီရဲ့ အတည်ပြုချက်နဲ့ ချပေးခဲ့တဲ့ ဒီငွေပမာဏနဲ့ ပတ်သက်ပြီး နောက်တိုး အဖွဲ့တွေ မပါဝင် လို့ အခုလို အမှုဖွင့်ခံရတာ လို့ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်း က ပြောပါတယ်။

တိုင်ကြားခံရမှုမှာ ပါတီ လွှတ်တော်ကိုယ်စားလှယ်နဲ့ ပါတီဝင် အချို့ ပါဝင် နေတဲ့ အတွက် တရားဥပဒေ အတိုင်းသာ ဆောင်ရွက် သွားမှာ ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် တိုင်ကြားစာဌာန တာဝန်ခံ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

မအူပင် မြို့နယ် ဒေသဖွံဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း တစ်ထောင်နဲ့ ပတ်သက်တဲ့ တိုင်ကြားမှုကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီး ကိုင်တွယ်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း လို့ မြို့နယ် စခန်းမှူးက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

Thursday, October 27, 2016

သရဲပူးသည့်ကျောင်း အမိန့်ပြန်ပြီးနောက် ကျောင်းသားများ ကျောင်းပြန်တက်


ရှမ်းရေကျော်ကျေးရွာ အထက်တန်းကျောင်းသူကျောင်းသားများကို ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးမန်းဂျော်နီ တွေ့ဆုံစဉ် / ဧရာဝတီ

By ဆလိုင်းသန့်စင် 26 October 2016

သရဲပူးသည်ဟု လူပြောများနေသည့် မြောင်းမြမြို့နယ်၊ ရှမ်းရေကျော်ကျေးရွာ အထက်တန်းကျောင်း(ခွဲ)တွင် ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးမန်းဂျော်နီက အမိန့်ပြန်၍ သေနတ်ပစ်ဖောက်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် ကျောင်းသားများ ယခင်လို ကျောင်းပြန်တက်ခဲ့ကြောင်း သတင်းရရှိသည်။

ရှမ်းရေကျော် အထက်တန်းကျောင်း(ခွဲ)တွင် ပြီးခဲ့သည့် သြဂုတ်လမှစတင်၍ ၅ တန်း၊ ၇ တန်းနှင့် ၉ တန်း ကျောင်းသူ ၁၈ ဦးမှာ သရဲပူးသည်ဟုဆိုကာ အော်ဟစ်ခြင်း၊ ငိုယိုခြင်း၊ အမူအရာကြမ်းတမ်းခြင်းများ ဖြစ်ပွားနေသည့်အတွက် ဝန်ကြီးချုပ် ဦးမန်းဂျော်နီနှင့် အုပ်ချုပ်ရေးတာဝန်ရှိသူများက ယမန်နေ့တွင် အမိန့်ပြန်ကာ သေနတ် ၁၇ ချက် ပစ်ဖောက် လုပ်ဆောင်ခဲ့ပြီးနောက် ယခင်က ကျောင်းမတက်ရဲကြသည့် ကျောင်းသားများ ကျောင်းပြန် တက်ခဲ့ကြခြင်း ဖြစ်သည်။

“ကျောင်းသားတွေ အကုန်လုံးနီးပါး ကျောင်းပြန်တက်ကြပါပြီ။ သရဲပူးတာမျိုးတွေလည်း မဖြစ်တော့ပါဘူး။ သရဲအပူးခံရတယ်ဆိုတဲ့ ကလေးမလေးတွေလည်း ပုံမှန်အတိုင်းပဲ ကျောင်းတက်နေကြပါတယ်”ဟု ရှမ်းရေကျော်ကျေးရွာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နုနုက ဧရာဝတီကို ပြောသည်။

ဝန်ကြီးချုပ် ဦးမန်းဂျော်နီက ယမန်နေ့က အမိန့်ပြန်ခဲ့ရာတွင် ရှမ်းရေကျော်ကျေးရွာ အထကခွဲ ကျောင်းဆောင်သစ် ဆောာက်လုပ်ရာတွင် သုသာန်မြေ သုည ဒသမ ၃၆ ဧက ကျုးကျော်ပါသွားခဲ့ကြောင်း၊ သို့ဖြစ်ရာ သုသာန်နှင့် တောင်ဘက်ကပ်ရပ်ရှိ ကျောင်းဆောင်မြေနေရာမှ သုည ဒသမ ၃၆ ဧက ထုတ်နုတ်ပြီး သူသာန်မြေအဖြစ် အစားထိုး ပြန်လည်ပေးအပ်ကြောင်း၊ ထို့ကြောင့် ရှမ်းရေကျော်သုသာန်အတွင်း နေထိုင် ကြသည့် မြင်အပ် မမြင်အပ် ပုဂ္ဂိုလ်များအနေဖြင့် ရှမ်းရေကျော် အထကခွဲအတွင်း ပညာသင်ကြားနေသည့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအား ဝင်ရောက်ပူးကပ်နှောင့်ယှက်ခြင်း၊ အခြား မလိုလား အပ်သော ခြောက်လှန့်မှုများ မပြုလုပ်ကြရန် ဤအမိန့်ကို ကျွန်ုပ်ကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန် လိုက်သည်”ဟု ဖော်ပြပါရှိသည်။

ရှမ်းရေကျော်ကျေးရွာ အထက်တန်းကျောင်းခွဲတွင် ကျောင်းသူကျောင်းသား ၅၂၀ ဦးရှိပြီး သရဲပူးသည်ဟု နာမည်ကြီးသည့် သြဂုတ်၊ စက်တင်ဘာနှင့် အောက်တိုဘာလများအတွင်းက ကျောင်းသား ၁၀၀ ကျော် နေ့စဉ် ကျောင်းပျက်ကွက်နေခဲ့ကြောင်း၊ အမိန့်ပြန်ခဲ့ပြီးနောက် ယနေ့တွင် ကျောင်းသား ၅၀၄ ဦး ကျောင်းပြန်တက်ခဲ့ ကြောင်း သိရသည်။

“ကျောင်းဆောင်တိုးချဲ့မယ်ဆိုတော့ မြေကလည်း သိပ်မရှိတော့ မူလတန်းဆောင်နဲ့ တဆက်တည်း ကုန်းမြင့်လေးပေါ်မှာ ဆောက်လိုက်တာ။ သင်္ချိုင်းမြေပါနေမှန်း မသိဘူး။ ကလေးတွေ ပူးတာ ကပ်တာတွေ ဖြစ်တော့မှ မြေစာရင်းက လာစစ်တော့ လက်ရှိကျောင်းဆောင်က သင်္ချိုင်းမြေဖြစ်မှန်း သိရတာ။ ကလေးတွေကို ဝင်ပူးတာများ တပြိုင်နက်တည်း ၃ ယောက်၊ ၈ ယောက်၊ ၁၀ ယောက်အထိကို ဝင်ပူးတော့ ကျမတို့လည်း စိတ်ညစ်ရတာပေါ့။ အခုတော့ အဲဒါတွေ မရှိတော့ဘဲ အေးအေးဆေးဆေး စာသင်လို့ရသွားပါပြီ”ဟု ကျောင်းအုပ်ဆရာမကြီး ဒေါ်နုနုက ပြောသည်။

ကျောင်းပျက်ခဲ့သည့်ကာလများက မသင်လိုက်ရသည့် သင်္ခန်းစာများကို ကျောင်းသားများအား အချိန်ပိုခေါ်၍ သင်ကြားပေးရန် စီစဉ်ထားကြောင်း သိရသည်။

“သရဲပူးတယ်ဆိုပြီး ကျောင်းသားမိဘတွေက ကျမဆီ ဖုန်းဆက်ကြတော့ စိတ်ကျန်းမာရေးဆရာဝန်တွေ ဖိတ်ခေါ်ပြီး ကလေးမလေးတွေကို စိတ်ပိုင်းဆိုင်ရာ ကုသမှုတွေ လုပ်ပေးတယ်။ ဒါ့အပြင် ပယောဂဆရာနဲ့ ကုချင်တယ်ဆိုလို့ ပညာရေးဌာနက လက်ခံအောင် ကျမက ညှိနှိုင်းဆောင်ရွက်ပြီး လုပ်ဆောင်ပေးခဲ့တယ်။ အခု အေးဆေးဖြစ်သွားပြီဆိုတော့ ဝမ်းသာပါတယ်”ဟု မြောင်းမြမြို့နယ်၊ အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦးက ပြောသည်။
http://burma.irrawaddy.com/news/2016/10/26/125394.html

အင်းပိတ်ချိန် မတိုင်မီ ငါးဖမ်းသည့် အင်းလုပ်သားကို တရားစွဲမည်


အင်းသားကြီး ဦးစိုးမင်းဦးကို အချိန်မတိုင်ခင် အင်းပိတ်တာ၊ ငါးဖမ်းတာတွေ မလုပ်ဖို့ တိုင်းငါးလုပ်ငန်းရုံးမှာ ခေါ်ယူပြီး ခံဝန်လက်မှတ် ရေးထိုးခိုင်းခဲ့ပါတယ်။ အဲဒီလို ရေးထိုးပြီး နောက်ရက်မှာပဲ ငါးဖမ်းတာတွေ ပြန်လုပ်ဆောင်တဲ့အတွက် ကျနော်ကိုယ်တိုင် တရားလိုလုပ်ပြီး ရဲစခန်းမှာ အမှုဖွင့်ထားတယ်

အင်းပိတ်ချိန် (ငါးဖမ်းချိန်) မတိုင်မီ ငါးဖမ်းဆီး ရောင်းချမှုများ ပြုလုပ်သည့် သာပေါင်းမြို့နယ်မှ အင်းလုပ်သား ဦးစိုးမင်းဦး ဆိုသူအား မြို့နယ်ငါးလုပ်ငန်းဌာနက တရားလိုပြုလုပ်၍ သာပေါင်းရဲစခန်းတွင် အမှုဖွင့်ထားပြီး မြို့နယ်တရားရုံးတွင် တရားစွဲဆိုရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

“အင်းသားကြီး ဦးစိုးမင်းဦးကို အချိန်မတိုင်ခင် အင်းပိတ်တာ၊ ငါးဖမ်းတာတွေ မလုပ်ဖို့ တိုင်းငါးလုပ်ငန်းရုံးမှာ ခေါ်ယူပြီး ခံဝန်လက်မှတ် ရေးထိုးခိုင်းခဲ့ပါတယ်။ အဲဒီလို ရေးထိုးပြီး နောက်ရက်မှာပဲ ငါးဖမ်းတာတွေ ပြန်လုပ်ဆောင်တဲ့အတွက် ကျနော်ကိုယ်တိုင် တရားလိုလုပ်ပြီး ရဲစခန်းမှာ အမှုဖွင့်ထားတယ်။ တရားစွဲဆိုမှုလည်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု သာပေါင်းမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးတင်ထွန်းက ဧရာဝတီကို ပြောသည်။

အင်းလုပ်သား ဦးစိုးမင်းဦးအား သာပေါင်း ငါးလုပ်ငန်းဦးစီးမှူး ဦးတင်ထွန်းက တရားလိုလုပ်၍ မြို့မရဲစခန်းတွင် ယခုလ ဒုတိယပတ်အတွင်းက အမှုဖွင့်ခဲ့ရာ ရဲတပ်ဖွဲ့က ပြစ်မှုအမှတ် ၇၃/၂၀၁၆၊ တိုင်းဒေသကြီး ရေချိုးငါးလုပ်ငန်းဥပဒေ ပုဒ်မ ၄၆ (အင်းဂရန် စည်းကမ်းဖောက်ဖျက်မှု) ဖြင့် အမှုဖွင့်ပေးခဲ့ပြီး သာပေါင်းမြို့နယ် တရားရုံးသို့ တရားစွဲဆို တင်ပို့နိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

သာပေါင်းမြို့နယ်ရှိ အိုင်ကြီးဆည် ၄ ဂရမ်တွဲအင်းမှာ အောက်တိုဘာလ ၁၇ ရက်နေ့ကျမှသာ အင်းပိတ်၍ ငါးဖမ်းရန် ငါးလုပ်ငန်းဌာနက သတ်မှတ်ပေးထားသော်လည်း အင်းလုပ်သား ဦးစိုးမင်းဦးက သြဂုတ်လ ၃၀ ရက် နေ့ကစတင်၍ အင်းနှင့် နယ်နိမိတ် ထိစပ်နေသည့် ကျောင်းကုန်းမြို့နယ်၊ ဗြိုက်ကြီးကျေးရွာ အနီးရှိ ဗြိုက်ကြီး ရေနှုတ်မြောင်းအတွင်း ငါးဖမ်းမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ ငါးဖမ်းသည့်အတွက် ဗြိုက်ကြီး ရေနှုတ်မြောင်း အပေါ်ဘက်ရှိ ကျောင်းကုန်း၊ ရေကြည်နှင့် သာပေါင်းမြို့နယ် အတွင်းမှ ရေကျနောက်စိုက်လယ်ဧက ၆၀ဝ၀ ကျော် စပါးစိုက်ပျိုးရန် အခက်တွေ့ခဲ့သကဲ့သို့ ဗြိုက်ကြီး ရေနှုတ်မြောင်း အသုံးပြု၍ သွားလာနေကြသည့် ဒေသခံများမှာ ကျန်းမာရေး၊ လူမှုရေး ထိခိုက်မှု များဖြစ်ခဲ့ပြီး မော်တော် တိမ်းမှောက်မှုများလည်း မကြာခဏ ဖြစ်ပွားနေကြောင်း ဗြိုင်ကြီးကျေးရွာမှ ဒေသခံများက ပြောသည်။

အင်းဂရန် စည်းကမ်းဖောက်ဖျက်ကြောင်း ထင်ရှားပါက တရားရုံးတော်က ဧရာဝတီတိုင်းဒေသကြီး ရေချိုးငါးလုပ်ငန်းဥပဒေ ပုဒ်မ ၄၆ အရ ထောင်ဒဏ် ၃ နှစ် (သို့) ငွေဒဏ် ၂ သောင်း၊ သို့မဟုတ် ဒဏ် ၂ ရပ်စလုံး ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။

https://goo.gl/PJkoNS

Tuesday, October 25, 2016

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်စီမံကိန်း မှန်ကန်သော စနစ်သစ်၊ ပုံစံသစ်ဖြင့် အကောင်အထည်ဖော်မည်


Wednesday, October 26, 2016
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် လွှတ်တော်အဆောက်အအုံနှင့်တကွ အိမ်ရာများ တည်ဆောက်ရန် စီမံကိန်းအတွက် ဗိသုကာဆွဲပုံနှင့် ဒီဇိုင်း ပြိုင်ပွဲတစ်ခု ဖိတ်ခေါ်ကျင်းပခဲ့ရာ ယနေ့တွင် ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ မြို့ရွာနှင့် အိုးအိမ်အဆောက်အအုံ အပေါ်ဆုံးထပ်ရှိ မြန်မာနိုင်ငံ ဗိသုကာအသင်းရုံးခန်း၌ ပဏာမအဆင့်အနေဖြင့် အသင့် တော်ဆုံး ဒီဇိုင်းသုံးခုကို စိစစ်ရွေးချယ်ခဲ့ကြောင်း သိရသည်။
ဒီဇိုင်း ရွေးချယ်ရေးအဖွဲ့တွင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်အပါအဝင် လွှတ်တော်နှင့် တိုင်းဒေသကြီး အစိုးရကိုယ်စားပြု ရွေးချယ်ရေးအဖွဲ့ဝင် ခြောက်ဦးနှင့် မြန်မာနိုင်ငံ ဗိသုကာအသင်း၏ အလုပ်အမှုဆောင် ဗိသုကာပညာရှင် နှစ်ဦး၊ မြန်မာနိုင်ငံ ဗိသုကာကောင်စီ အလုပ်အမှုဆောင် ပညာရှင်တစ်ဦးတို့ ပါဝင်ပြီး ပြိုင်ပွဲသို့ တင်သွင်းလာသော ပြိုင်ပွဲဝင် ဗိသုကာဆွဲပုံ ၂၂ ပုံကို စိစစ် အကဲဖြတ်ကြသည်။ ပြိုင်ပွဲဝင် ၂၂ ပုံ အနက်မှ အကောင်းဆုံး ဒီဇိုင်းသုံးခုကို ပဏာမဆင့်အနေဖြင့် ရွေးချယ်ခဲ့ကြောင်းလည်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ဆောက်လုပ်မည့် လွှတ်တော် အဆောက်အအုံ စီမံကိန်းအတွက် လွန်ခဲ့သည့် စက်တင်ဘာလကတည်း က တိုင်းဒေသကြီးလွှတ်တော်က စတင်ပြင်ဆင်ခဲ့ကြပြီး မြန်မာနိုင်ငံ ဗိသုကာအသင်းသို့ အကူအညီတောင်းခံကာ ဗိသုကာပြိုင်ပွဲကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ ပုံမှန်အားဖြင့် ယခင်ကဆိုလျှင် အဆောက်အအုံစီမံ ကိန်းတစ်ခု ဆောက်လုပ်တော့မည်ဆိုလျှင် ဆောက်လုပ်မည့် ကန်ထရိုက်တာကို တင်ဒါဖြင့် ရွေးချယ်ပြီး ရွေးချယ်ခံရသူ တင်ပြသည့် ပုံစံဖြင့်သာ ဆောက်လုပ်ကြသည့်စနစ်ထက် အမှန်တကယ်လိုအပ်သော ပုံစံနှင့် ဒီဇိုင်းကို စိတ်တိုင်းကျ ကြိုတင်ရွေးချယ်ပြီးမှ ထိုပုံစံအတိုင်း ဆောက်လုပ်မည့် ကန်ထရိုက်ကို တင်ဒါခေါ် ရွေးချယ်သွားမည်ဆိုသည့် စနစ်သည် ပွင့်လင်းကာ တည့်မတ်မှန်ကန်သည့် လမ်းသစ်ကို ဖော်ဆောင်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဗိသုကာအသင်း ဒုတိယဥက္ကဋ္ဌ-၁ ဦးမော်လင်းက ပြောကြားသည်။

လိုအပ်သည့် ပုံစံနှင့် ဆောက်လုပ်မည့် ပစ္စည်းအမျိုးအစားများကို ရွေးချယ်ပြီးမှ ဆောက်လုပ်မည့် ကန်ထရိုက်ကို ရွေးချယ်ခြင်းဖြစ်သည့်အတွက် စံချိန်စံညွှန်း မှန်ကန်တိကျမှုအတွက် ပိုမိုစိတ်ချရမည်ဖြစ်ကြောင်းနှင့် ယခုကဲ့သို့သော ကန်ထရိုက် ရွေးချယ်သည့် စနစ်သစ်ကို ဆုံးဖြတ်ကာ ပထမဆုံးစတင်အကောင်အထည်ဖော်သည့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်၏ အမြော်အမြင်ရှိမှုသည် ပြည်သူလူထုအတွက် အကျိုးကျေးဇူး အမှန်တကယ်ရှိမည်ဟု ယုံကြည်ကြောင်းကိုလည်း ပြောကြားသည်။
ယနေ့ ပထမအဆင့်ပုံစံ သုံးခုကို ရွေးချယ်ပြီးသည့်နောက် အောက်တိုဘာ ၂၉ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် နောက်ဆုံး ဆန်ခါတင်အဆင့် ဗိသုကာပုံစံကို ဆက်လက်ရွေးချယ်ပြီး ဆုရသည့် ဒီဇိုင်းကို အသေးစိတ်ရေးဆွဲစေကာ ဆောက်လုပ်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်။
MOI Webportal Myanmar
(အမ်ဂျီစီအက်စ်)

Monday, October 17, 2016

ငွေဆောင်ကမ်းခြေဆင်းသည့်လမ်းပိတ်ဆို့မှုနှင့် သိမ်းဆည်းခံအုန်းခြံမြေ နစ်နာမှု ဆန္ဒပြ

ငွေဆောင်ကမ်းခြေဆင်းသည့်လမ်းပိတ်ဆို့မှုနှင့် သိမ်းဆည်းခံအုန်းခြံမြေ နစ်နာမှု ဆန္ဒပြ

Sunday, October 16, 2016

ပုသိမ်မြို့တွင် စတင်ငှားရမ်းမည့် ဥမ္မာဒန္တီ အငှားအိမ်ရာ စီမံကိန်းမှ ငှားရမ်းနိုင်မည့် အခန်းအရေအတွက်ထက် လျှောက်ထားသူဦးရေ ငါးဆကျော်ပိုများ



ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ပထမဆုံး အငှားအိမ်ရာ စနစ်ဖြင့် ငှားရမ်းမည့် အမှတ် (၁၄) ရပ်ကွက် အတွင်းရှိ ဥမ္မာဒန္တီ အငှားအိမ်ရာ စီမံကိန်းမှ ငှားရမ်းနိုင်မည့် အခန်းအရေအတွက်ထက် လျှောက်ထားသူမှာ ငါးဆကျော် ပိုများလျက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

ဥမ္မာဒန္တီ အငှားအိမ်ရာ စီမံကိန်းတွင် ငှားရမ်းရန် အသင့်ရှိနေသော အခန်းပေါင်း ၉၂ ခန်းအား လျှောက်လွှာပိတ်သည့် အောက်တိုဘာ ၁၀ ရက်အထိ လာရောက် လျှောက်ထားသူ ဦးရေမှာ ၅၀၂ စောင် ရှိကြောင်း၊ အစိုးရ ၀န်ထမ်းများမှ လျှောက်လွှာ ၂၅၇ စောင်ဖြင့် လျှောက်ထားမှု အများဆုံးဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ စာရင်းများအရ သိရသည်။

“ငှားရမ်းနိုင်မယ့် အခန်းအရေအတွက်နဲ့ လျှောက်ထားသူ မမျှဘဲ ကွာခြားနေတာတွေအတွက် အဓိက ဘတ်ဂျက်နဲ့ မြေနေရာ လိုအပ်နေတာပါ။ ဒါတွေသာ လုံလောက်ရင် မြို့ပြပြန်လည် ဖွံ့ဖြိုးရေး အစီအစဉ်တွေနဲ့ လုပ်ဆောင်သွားလို့ ရပါတယ်။ အခုဆို ၀န်ထမ်းတွေအနေနဲ့ အငယ်တန်းစာရေးဆို တစ်သိန်းခွဲလောက်ပဲ ရတာပါ။ ပုသိမ်မြို့ရဲ့ အိမ်ငှားခတွေက မနည်းဘူးလေ။ ဒီလို အငှားအိမ်ရာတွေ နေခွင့်ရရင်တော့ အပိုငွေ သုံးရတာပေါ့” ဟု ဧရာဝတီတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးနေမင်းထက်က ပြောကြားသည်။

အငှားအိမ်ရာတွင် လာရောက် လျှောက်ထားမှုမှာ လက်ရှိ အစိုးရ ၀န်ထမ်းမှ ၂၅၇ စောင်၊ အငြိမ်းစား ၀န်ထမ်းများမှ ၇၄ စောင်၊ ကုမ္ပဏီ ၀န်ထမ်းများမှ ၂၅ စောင်နှင့် အခြား သူများမှ ၁၄၆ စောင် လျှောက်ထား ခဲ့ကြောင်း၊ လျှောက်လွှာများကို သတ်မှတ်ပုံစံဖြင့် ကိုက်ညီခြင်း ရှိ၊ မရှိ စစ်ဆေးပြီး တိုင်းဒေသကြီးအစိုးရကို တင်ပြဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အငှားအိမ်ရာစီမံကိန်း စတင်တည်ဆောက်စဉ်က ၁၂၄ ခန်း တည်ဆောက်ခဲ့ရာမှ ရှစ်ခန်းတွဲ လေးထပ်တိုက်တစ်လုံးမှာ ပြီးစီးရန် ရာခိုင်နှုန်း ၃၀ ကျန်နေသဖြင့် ၉၂ ခန်းကိုသာ စတင်ငှားရမ်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အငှားအိမ်ရာမှာ အစိုးရက အိမ်ရှင်အနေနဲ့ဆိုတော့ ကိုယ်က ချမှတ်ထားတဲ့စည်းကမ်း လိုက်နာနိုင်ရင်ပြီးရော။ အခုလို အိမ်ပိုင်ရှင် မျက်နှာလည်း ကြည့်နေစရာ မလိုတော့ဘူး။ ဒါပေမဲ့ အခန်းနည်းပြီး လျှောက်ထားတဲ့ လူတွေက များနေတာရယ်၊ ၀န်ထမ်းမဟုတ်တဲ့ ကျွန်မတို့အနေနဲ့ အခန်းရနိုင်ပါ့မလား တွေးပူနေရပါတယ်။ ကျွန်မတို့နဲ့ ဘ၀တူတွေလည်း အများကြီးပါ။ ဒီလိုအိမ်ခန်းတွေ အများကြီး ပေါ်ပေါက်လာဖို့ မျှော်လင့်မိပါတယ်” ဟု လျှောက်လွှာတင်ထားသူ ဒေါ်ဇင်မာက ပြောကြားသည်။

ဧရာဝတီတိုင်း ဒေသကြီးတွင် မအူပင်မြို့နှင့် မြောင်းမြမြို့တို့တွင်လည်း လေးထပ်တိုက်နှစ်လုံး တည်ဆောက်နေပြီ ဖြစ်ကြောင်း၊ အငှားအိမ်ရာစီမံကိန်း အနီးတွင်လည်း တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၆၇၆ ခန်းကို တည်ဆောက်နေပြီဖြစ်ကြောင်း သိရသည်။

အငှားအိမ်ရာတွင် ငှားရမ်းနေထိုင်ခွင့် ရရှိသူများမှာ မြေညီထပ်တွင် နေထိုင်မည့်သူများအား ဈေးရောင်းချခွင့် မပြုခြင်း၊ နေထိုင်ခွင့် သက်တမ်းမှာ ငါးနှစ်ရှိပြီး သတ်မှတ်စည်းကမ်းများ ဖောက်ဖျက်ပါက နေထိုင်ခွင့်မှ ဖယ်ထုတ်ခွင့်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီဌာနမှ သိရသည်။


Writer:
နီလာစိုး (ပုသိမ်)

Eleven Media Group

Saturday, October 15, 2016

ပြန်နွှေးစားရင် အန္တရာယ်များသည့်အစာများ

၁။ ဟင်းနုနွယ်ရွက် (Spinach) ချက်ပြီးသား ဟင်းနုနွယ်ရွက်ကို ပြန်နွှေးပြီးမစားသင့်ပါဘူး။ ဘာလို့လဲဆိုတော့ ဟင်းနုနွယ်ရွက်ထဲမှာပါတဲ့ နိုက်ထရိတ်(nitrates) ဓာတ်ဆားကြောင့်ဖြစ်ပါတယ်။ ချက်ထားတဲ့ဟင်းနုနွယ်ရွက်ကို နွှေးလိုက်တဲ့အခါမှာ နိုက်ထရိတ် ဓာတ်ဆားကနေ နိုင်ထရစ် အက်စစ် အဖြစ်ပြောင်းလဲသွားပြီး အဲ့ဒီ ပြောင်းလဲသွားတဲ့ နိုင်ထရစ်အက်စစ်ဟာ ကင်ဆာ ရောဂါဖြစ်စေနိုင်တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။

၂။ တရုတ်နံနံကြီး (Celery) လူတွေဟာ များသောအားဖြင့် တရုတ်နံနံကြီးရွက်ကို ဟင်းအရည်သောက် လုပ်စားတဲ့အခါမှာ ထည့်လေ့ရှိပါတယ်။ တကယ်လို့အဲ့လို လုပ်စားမယ်ဆိုရင် လုပ်ထားတဲ့ အရည်သောက်ဟင်းရည်ကို တစ်ခါတည်း ကုန်အောင် စားပစ်သင့်ပါတယ်။ တကယ်လို့ ပြန်အပူပေး/ပြန်နွှေးစားမယ်ဆိုရင်လည်း တရုတ်နံနံကြီးအရွက်တွေကို ဖယ်ပြီးမှ နွှေးစားသင့်တယ်လို့ဆိုထားပါတယ်။ သူ့ရဲ့ ဆိုးကျိုးဟာလည်း ဟင်းနုနွယ်ရွက်လိုပဲ နိုင်ထရစ် အက်စစ်ကနေ ကင်ဆာရောဂါဖြစ်စေနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

၃။ သကြားမုံလာ (Beets) သကြားမုံလာဟာဆိုရင်လည်း နိုက်ထရိတ်ဓာတ်ဆားပါတဲ့အစားစာတစ်မျိုး ဖြစ်ပါတယ်။ သူ့ကို ပြန်နွှေးစားမယ်ဆိုရင် ခန္ဓာကိုယ်အတွက် အလွန်ပဲ အန္တရာယ်ရှိစေနိုင်သလိုပျက်ဆီးစေနိုင်ပါတယ်။ကင်ဆာရောဂါလည်း ဖြစ်စေနိုင်ပါတယ်။

၎။ အာလူး (Potato) အာလူးမှာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ အများကြီးရှိတဲ့အတွက် အလွန်ပဲ အသုံးဝင်ပါတယ်။ ဒါပေမယ့်လည်း ချက်ပြီးသား အားလူးကို တစ်ရက်တည်းမှာ ကုန်အောင်မစားနိုင်ဘူးဆိုရင်တော့ အဲ့ဒီ အကျိုးကျေးဇူးတွေ မရနိုင်ဘူး/ပျောက်ဆုံးသွားပါမယ်။ အာလူး ချက်ထားပြီးသားကို နောက်ရက်မှ စားခြင်းနှင့် ပြန်နွှေးစားခြင်းဟာ သင့်ခန္ဓာကိုယအတွက် အသုံးဝင်မယ့်အစား အန္တရာယ် ဖြစ်စေနိုင်တယ်လို့ ဆိုထားပါတယ်။
၅။ ကြက်/ဘဲဥ (Eggs) ကြော်ထား ပြုတ်ထားတဲ့ ကြက်/ဘဲဥကြော်ကို ပြန်နွှေးစားခြင်းဟာ သင့်ရဲ့ organisms တွေကို သေစေနိုင်တယ်လို့ဆိုထားပါတယ်။
၆။ မှို (Mushrooms) ပြန်နွှေးထားတဲ့မှိုကို စားခြင်းဟာ ကျန်းမာရေးအတွက် ဆိုကျိုးတွေကို ဖြစ်စေပါတယ်။ ဥပမာ- အစာခြေခြင်း/ချက်ခြင်း နှင့် နှလုံးကို ထိခိုက်စေနိုင်တယ်လို့ ဆိုထားပါတယ်။
သုတကြယ်စင်
Credit: ဟင်းချက်နည်းများလေ့လာမယ်

သက်ရင်းကြီး နှင့် ဖီးကြမ်းငှက်ပျောသီး


လူသားတွေဟာအသက်အရွယ်လေးအတန်သင့်ရ လာတာနဲ့အမျှသွေးသားတွေဟာလည်းတဖြေးဖြေး
ဆု တ်ယုတ်လာပြီးအလုပ်တွေပင်ပင်ပန်းပန်းလုပ်တဲ့ဒဏ်ကိုမိမိတို့ခန္ဓာကိုယ်ကြီးကခံနိုင်ရည်စွမ်းကျဆင်းလာတတ်ပါတယ်။
အလုပ်တွေပင်ပင်ပန်းပန်းလုပ်ရတဲ့,လုပ်ခဲ့တဲ့ဒဏ် တွေကြောင့်ခန္ဓာကိုယ်ထဲမှာရှိတဲ့
အကြောတွေကမကြာခဏညောင်းညာကိုက်ခဲနေတာမျိုး,အကြောတွေဆိုင်းချင်သလိုလိုဖြစ်သွားတာ,
အကြောတွေလုံးဝဆိုင်သွားတာမျိုး,လေဖြန်းချင်သလိုလိုဖြစ်သွားတာ,လုံးဝလေ ဖြန်းသွားတာမျိုးတွေဖြစ်
လာတတ်ပါတယ်။ အဲဒီလိုရောဂါတွေခံစားနေရပြီဆိုရင်အခုဖော်ပြမဲ့ ဆေးနည်းလေးကသက်သာပျောက်
ကင်းစေမှာပါ။
ဦး ဇင်းကိုယ်လဲဦးဇင်းနဲ့ပက်သတ်ဆက်နွယ်နေတဲ့ဒကာ ကြီးတွေ,ဒကာမကြီးတွေ
ကိုဆေးနည်းပြောပြပြီးသုံးစွဲဖို့တိုက်တွန်းသလိုကြုံတဲ့အခါမှာလည်း
ကိုယ်တိုင်ကိုယ်ကျဖော်စပ်ပေးခဲ့ပါတယ်။ အမြဲလိုလိုညောင်းညာကိုက်ခဲနေသူများဟာတစ် ပတ်လောက်ပုံ
မှန်စားလိုက်တဲ့အခါညောင်းညာကိုက်ခဲမှုတွေပျောက်ကင်းပြီးနောက်ထပ်ပေါ်မလာတော့ေ ကြာင်းဝမ်းသာအားရလာပြီးပြောကြပါတယ်။ အကြောဆိုင်းနေသူများနဲ့လေဖြန်းနေသူများက ကလည်းတစ်လ,နှစ်လ
စသည်အားဖြင့်ဖော်စားလိုက်,ခဏနားလိုက်နဲ့သုံးစွဲလိုက်လို့သက်သာပျောက်ကင်းကြောင်းဝမ်းသာ
အားရပြန်ပြောကြပါတယ်။ ဆေးနည်းလေးကတော့-------

၁။ဖီးကြမ်းငှက်ပျောသီးမှည့်မှည့်ရယ်(မမှည့်ရင်ချောင်းဆိုးတတ်ပါသည်)
၂။သက်ရင်းကြီးရွက်ရယ်(၎င်းအပင်မှာဒေသတိုင်းတွင်ပေါက်လေ့ရှိပါသည်) ဒီနှစ်မျိုးပဲလိုအပ်မှာပါ။ ဖော်စပ်ပုံကတော့------

၁။ဖီးကြမ်းငှက်ပျောသီးကိုဟိုဘက်ထိပ်ဒီဘက်ထိပ်အတွင်းသားလေးတွေပေါ်ရုံလောက်လှီးဖြတ်ထားပါ။

၂။သက်ရင်းကြီးရွက်ကိုရေစင်အောင်ဆေးပြီးနှစ်ရွက်သုံးရွက်ထပ်ကာငှက်ပျောသီးကိုလုံအောင်ဖုံး၍လျော်နှင့်စည်းပြီးထုတ်ပါ။

၃။ပြီးလျှင်အိုးထဲထည့်ပြီးမီးဖိုပေါ်မှာ၆-နာရီကြာပြုတ်ရပါမည်။
(၆-နာရီဆိုငြားလည်းဦးဇင်းကတောနှစ်ရေပွက်ပြီးဖိုပေါ်မှာမီးအေးအေးနဲ့ပစ်ထားလိုက်ပါသည်)
စားပုံစားနည်းကတော့---- ပြုပ်ပြီးသားအထုပ်လေးကိုအပေါ်ကဖက်တွေပြန်ခွာ,ငှက်ပျောသီးကိုလည်း
အခွံခွာပြီးအတွင်းသားကိုသာ-- မနက်တစ်လုံး ညတစ်လုံး တစ်နေ့နှစ်ကြိမ်စားရမှာဖြစ်ပါတယ်။
ငယ်ရွယ်တဲ့သူတွေအတွက်လည်းခရီးပင်ပန်းလို့, အလုပ်တွေပင်ပင်ပန်းပန်းလုပ်ရလို့တစ်ကိုယ်လုံးညောင်းညာကိုက်ခဲနေရင် ၎င်းငှက်ပျောသီးလေးတစ်လုံးမျှစားလိုက်တာနဲ့ညောင်းညာကိုက်ခဲမှုများလျင်မြန်စွာ
သက်သာပါကြောင်းကိုယ်တွေ့မို့သတင်းကောင်းပါးလိုက်ပါရစေ။
 ဖော်စပ်ပုံအဆင်ဆင့်ဓာတ်ပုံလေးတွေကိုလည်းတင်ပေးလိုက်ပါတယ်။
အထက်ပါဆေးနည်းကိုမိမိအားတစ်ဆင့်မျှဝေ ပေးခဲ့ပါသောသူငယ်ချင်းဖြစ်သူ အရှင်ဝိစိတ္တ
(ကျွန်ုပ်တို့အခေါ်"ဦးဝဲကျော်")စစ်ကိုင်းတောင်ရိုး ပံ့သကူချောင်အားအထူးကျေးဇူးတင်ပါကြောင်း.....့
Credit: Ashin Withuta

Friday, October 14, 2016

သင်္ဘောရွက်


ကင်ဆာဝေဒနာရှင်များ ကီမိုသွင်းပြီးလဲ ဆက်လက် လုပ်ဆောင်သင့်လို့ ဝေငှလိုက်ပါတယ်
Credit- မြတ်သန်းထိုက် ᠌᠌᠌ ᠌᠌᠌
===================================
ကင်ဆာဝေဒနာရှင် အတွက် ကီမိုသွင်း ဖို့ ငွေလှူဒါန်းနေတာလေး
တစ်ခုတွေ့မိလို့ ကင်ဆာဝေဒနာရှင် များအတွက် အတွက်ကိုယ်တွေ့
ဆေးနည်းလေးတစ်ခု ဒါနပြုပါရစေ။ ဆေးမှီးတိုတော့မဟုတ်ပါဘူး။
အနောက်နိုင်ငံတွေမှာလဲသေချာဓာတ်ခွဲစမ်းသပ်ထား ပြီး ကျနော်
ကိုယ်တိုင်လဲလက်တွေ့ ကြုံခဲ့ရတာမို့ လက်လှမ်းမှီရာဝေဒနာရှင်
တွေကို ဖြန့်ဝေပေျးေနပါတယ်။
ပတ်ဝန်းကျင်မှာလဲလွယ်ကူပေါများစွာတွေ့ရပြီး ကရိကထလဲမများ
တဲ့ ဆေးနည်းပါ။
ကျနော် ကိုယ်တိုင်လဲအင်ဂျင်နီယာတစ်ယောက်မို့ လူပြောသူပြောနဲ့
ကြားဖူး နားဝ မဟုတ်ပဲ ကိုယ်တိုင် လက်တွေ့ စမ်းသပ်သုံးစွဲပြီး ထိ
ရောက်မှူ့ရှိလို့ ဖြန့်ဝေပေးတာပါ။
ဆေးနည်းကတော့ ထွေထွေထူးထူး မဟုတ်ပါဘူး သင်္ဘောရွက်ကို
ရေစင်အောင်ဆေးပြီး တစ်နေ့ နှစ်ကြိမ် အရည်ညှစ်သောက်ရတာ
ပါ။
အရမ်းခါးလို့ အစိမ်း ကို မသောက်နိုင်ရင် နုတ်နုတ်စဉ်းပြီး သုံးခွက်
တစ်ခွက်တင်ကြိုပုလင်းထဲထဲ့ပြီး ရေခဲသေတ္တာထဲအအေးခံသောက်
ရင်လဲရပါတယ် ။ သိပ်အဝင်မဆိုးတော့ပါဘူး။
သေသေချာချာစွဲစွဲမြဲမြဲသောက်မယ်ဆို ကင်ဆာ ဆဲလ်တွေပွားနှုန်း
တန့်သွားပြီး တဖြည်းဖြည်းလျော့ကျသွားတာတွေ့ရပါတယ် ။ ဓာတ်
မှန်မှတ်တမ်းတွေလဲရှိပါတယ်။
2008ခုနှစ်မှာ ကျနော့ဇနီးရဲ့မိခင် အဆုတ်ကင်ဆာဖြစ်နေတာကို
သိရပါတယ် ။ ကင်ဆာအမြစ်တွေကြောင့် နှလုံးမှာလဲရေဝင်လို့
ခနခနဖောက်ထုတ်ခဲ့ရတာပါ။
အဲလိုအခြေနေကနေ တဖြည်းဖြည်းသက်သာလာရာကနေ အခု
ရုံးပြန်တက်နေနိုင်ပါပြီ ။
(ညီငယ်-မြတ်သန်းထိုက်)

မူးယစ်ဆေးနှင့် လက်နက်များ ပါသည့် ကားတစီး ကျောင်းကုန်းမြို့နယ်တွင် ဖမ်းဆီးရမိ

ဆလိုင်းသန့်စင်| October 14, 2016 |

ကျောင်းကုန်းမြို့ အဝင် ဆိုင်းဘုတ် (ဓာတ်ပုံ – ဧရာဝတီ)
ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ ရေဇလုပ် ကျေးရွာအုပ်စု၊ ပေါက်ငူကျေးရွာ အနီးတွင် လက်နက်များ တင်ဆောင်ထားသည့် ကားတစီးကို ကျောင်းကုန်းမြို့နယ် ရဲတပ်ဖွဲ့က ယနေ့ နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုအစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသည့် ကရင်လက်နက်ကိုင် တပ်ဖွဲ့တခုမှ အရာရှိတဦး စီးနင်းလာသည့် SURF အမျိုးအစားကားမှာ ကျောင်းကုန်းမြို့နယ်၊ ပေါက်ငူကျေးရွာ အနီးတွင် ဆိုက်ကားတစီးအား ၀င်တိုက်မှု ဖြစ်ပွားပြီးနောက် အဆိုပါကားကို ရဲတပ်ဖွဲ့က စစ်ဆေးခဲ့ရာမှ ပစ္စတိုနှင့် စနိုက်ပါ သေနတ်များ အပါအ၀င် လက်နက်များနှင့် ဓားရှည်များ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ကျောင်းကုန်းမြို့ခံ ကိုတင်ထွန်းက ဧရာဝတီကို ပြောသည်။

“ပေါက်ငူရွာနားမှာ အဲဒီကားက ဆိုက်ကားသမားကို ၀င်တိုက်ပြီးတော့ ရပ်မပေးဘဲ မောင်းပြေးသွားတယ်။ မောင်းရင်းကနေ လမ်းဘေးဗွက်ထဲကို ကားထိုးကျသွားတော့ အဲဒီလူကနေ ကားပေါ်ကဆင်းပြီး ပြောင်းရှည် စနိုက်ပါ သေနတ်တလက်နဲ့ ပစ္စတို တလက်ယူပြီး ကားပေါ်က ဆင်းပြေးတယ်။ နောက်တော့ ဆိုင်ကယ်တက္ကစီနဲ့ ထွက်ပြေးတာမှာ ရဲတွေက လိုက်လံဖမ်းတော့ အခုတော့ သူ့ကို ဖမ်းမိလို့ ကျောင်းကုန်းမြို့မစခန်းကို ခေါ်လာပြီ” ဟု သူက ပြောသည်။

ရဲတပ်ဖွဲ့က ဖမ်းဆီးထားသူမှာ ကရင်ငြိမ်းချမ်းရေး တပ်ဖွဲ့မှဖြစ်ပြီး မူးယစ်ဆေးဝါးများ၊ လက်နက်များနှင့်အတူ ဖမ်းမိခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းမင်းက ပြောဆိုပြီး အသေးစိတ်ဖြေကြားရန် ငြင်းဆိုခဲ့သည်။

“ဖမ်းမိတဲ့သူကတော့ ကရင်ငြိမ်းချမ်းရေး တပ်ဖွဲ့က လူလို့သိရတယ်။ မူးယစ်ဆေးဝါးရော၊ လက်နက်တချို့ ပါတယ်လည်း သိရတယ်၊ အသေးစိတ် သိနိုင်ဖို့တော့ ဆက်လက် စုံစမ်းနေပါတယ်” ဟု ရဲမှူးကြီး ထွန်းမင်းက ပြောသည်။

ဖမ်းဆီးခံရသူမှာ ကရင်ငြိမ်းချမ်းမှု ကာကွယ်ရေးတပ်ဖွဲ့ (KPDF) မှ ဗိုလ်မှုးအဆင့်ရှိသူ တဦးဖြစ်ပြီး ထားဝယ်ဒေသမှ လာရောက်သူ ဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောဆိုသော်လည်း ဧရာဝတီ တိုင်းဒေသကြီးရဲတပ်ဖွဲ့ တာဝန်ရှိသူများမှ အဆိုပါအချက်များကို အတည်ပြုပေးရန် ငြင်းဆိုခဲ့သည်။

ကားတိုက်မှုဖြစ်ပြီးနောက် လက်နက်များ ယူဆောင်၍ ထွက်ပြေးသွားသည့် အဆိုပါ ပုဂ္ဂိုလ်အား ဖမ်းဆီးရမိရေး အတွက် ကျောင်းကုန်း မြို့နယ်ရဲတပ်ဖွဲ့ နှင့်အတူ အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်သည့် ပေါက်ငူရွာနှင့် ၄ မိုင်ကျော်အကွာ စစ်ကိုင်းဒေါင့် ကျေးရွာတွင် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ကျောင်းကုန်း ဒေသခံများက ပြောသည်။

လက်ရှိတွင် အဆိုပါ ပုဂ္ဂိုလ်အား ကျောင်းကုန်းမြို့မရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးနေပြီး ၎င်းစီးနင်းလာသည့် ကားကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီး ထိမ်းသိမ်းထားကြောင်း သိရသည်။

“စပ်ကူးမတ်ကူး ဒို့အရေး …..”


ဧရာဝတီတိုင်းဒေသကြီးအတွင်း ယခုရက်ပိုင်းအတွင်းတွင် အင်း ကိစ္စပြသနာများတော်တော်ဖြေရှင်းရသည်။
အဓိကဖြစ်သည်က ရေပေါ်ရေလျှံ ရေလုပ်သားငယ်များ နှင့် အင်းသားကြီးတို့အကြား မကြေလည်ကြ
သည့်ပြသနာဖြစ်သည်။
မည်သူ့ဘက်ကိုမျှ ဘက်မလိုက်လိုသည့်အတွက် သူတို့နှစ်အုပ်စုကြား ဥပဒေကို ကြားချကာ အသေးစိတ်လေ့လာခဲ့မိသည်။
ရေချိုငါးလုပ်ငန်း ဥပဒေ လုပ်ထုံးလုပ်နည်းများ ကို အသေးစိတ်ရှာဖွေဖတ်ရှုကြည့်ပြီး ယခုပြသနာ၏
ဇာစ်မြစ်ကိုမြေလှန်ရှာဖွေကြည့်မိသည်။

ပြသနာ၏ဇာစ်မြစ်သည် အင်းသားကြီးများ အာဏာပိုင်ဆိုသူများနှင့်ခေတ်အဆက်ဆက်ပေါင်း၍ ဒေသခံအရပ်သူအရပ်သားများကို အနိုင်ကျင့်ခဲ့ခြင်းကစတင်ခဲ့သည်။
ငွေများတရားနိုင်ခေတ်တွင် အင်းသားကြီးများသည် အာဏာကိုပိုင်စိုးခဲ့သည်။
အင်းသူကြီးဆိုသည့် ဂုဏ်ပုဒ် နှင့် တွဲမြင်နိုင်သည်က ထိုသူသည် သူဌေးကြီး အမြတ်ကြီးစားကြီး ဖြစ်သည်ဆိုခြင်းပင်။
ကိုယ့်ရပ်ကိုယ့်ရွာမှာရှိသည့် အင်းရေပြင်ကိုကြည့်ပြီး ရွာသူရွာသားတို့ထမင်းငတ်ခဲ့ကြရသည်။

ငါးမမျှားရ ပိုက်မချရ…မိလျှင် ဖမ်းသည်….အချုပ်ချသည်….။
ငုံ့ခံယုံကလွဲ၍ ခေါ်စရာအဖေကမရှိ….
နာမယ်ဆိုလျှင်လည်း နာကျည်းချင်စရာ…
အင်းသူကြီးဆိုသူများကလည်း မိုးကောင်းတုန်းရွာခဲ့ယုံတင်မက လေပြင်းပါပြင်းပြင်းတိုက်ခဲ့ကြသည်…
အခုတော့ သူတို့ခေတ်ကုန်ခဲ့လေပြီ….။

……………………………………………………………………………

အင်း နှင့် ပတ်သတ်၍ပြောမည်ဆိုလျှင် အင်းတွင်
အင်းကြီး နှင့် အင်းလေးဟူ၍ အတန်းအစား နှစ်ရပ်ခွဲရပေမည်။
အင်း လေးဟူသည်မှာ သိန်း ၃၀ အောက် တန်ဖိုးနည်း အင်းများကိုဆိုလိုပါသည်။
အင်းကြီး ဆိုသည်မှာ သိန်း ၃၀ မှစကာ သိန်း ၁၀၀ ၂၀၀ ၃၀၀ ၄၀၀ ၈၀၀ သိန်း ရာထောင်ချီတန်သည့် အင်းများကို ဆိုလိုသည်။ တနည်းအားဖြင့် အင်းကြီးများကို ဂရန်အင်း ဟု ခေါ်လေ့ရှိပြီး အင်းလေးများကို ဘုံစားအင်း တနိုင်တပိုင်အင်းများအဖြစ်ခေါ်လေ့ရှိသည်။
ဂရန်အင်းများကို နှစ်ရှည်စာချုပ် ၃ နှစ်ဖြင့်ချုပ်ဆိုသောအင်းများကိုတော့ ကြေးတိုင်အင်းဟုခေါ်သည်။

တိုင်းဒေသကြီး အစိုးရအတွက် အင်း ခွန်ငွေ အများဆုံးရှာဖွေပေးနေသည်မှာ
ထိုအင်းကြီး/ကြေးတိုင်အင်းများ မှဖြစ်သည်။
အင်းလေလံဆွဲသည့်ရာသီသည် ငါးဖမ်းရာသီကုန်ဆုံးပြီးသည့် မတ်လကုန်တွင် ဆွဲလေ့ရှိကြသည်။
လေလံဆွဲသည့်အခါတွင် ဈေးပြိုင်စနစ်ဖြင့် ၀င်ရောက်ယှဉ်ပြိုင်ကြရသည်။
လေလံအောင်ပြီးသော အင်းသားကြီးသည် မိမိလုပ်ပိုင်ခွင့်ရရှိသည့် အင်း ကို ငါးကန်တစ်ခုသဖွယ်ဖြစ်အောင်
မိမိ အင်း အတွင်းမှ ငါးများ အပြင် ချောင်းမြောင်းထဲသို့လွတ်ထွက်မသွားစေရန်အတွက် မျှောတိုင်များစိုက်ကာ
ငါးထွက်ပေါက်များကို ယင်းလိပ်များ ပိုက်ချပ်များကာဆီးခြင်းများလုပ်ဆောင်ရပေသည်။

ထို့ပြင် မိမိလုပ်ပိုင်ခွင့်ရ အင်းရေကန်ထဲသို့ ငါးသားပေါက်များဝယ်ယူ၍ စိုက်ထုတ်မွေးမြူခြင်းများကိုလည်း လုပ်ဆောင်ရပေသည်။
အလွယ်ကူဆုံးပြောရလျှင် စက်များဖြင့်ငါးကန်တူးဖော်ပြီး ငါးကန်လုပ်သူများသည် ငါးသားပေါက်များထည့်ရုံအပြင် ငါးများကြီးထွားရန်အတွက် ငါးစာကျွေးခြင်းကိုပါလုပ်ဆောင်ရပေသည်။
အင်းကြီးများ တွင်တော့ ငါးသားပေါက်များသည် အင်းအတွင်းရှိ ရေညှိရေမှော် သဘာဝအစားစာများကို ရှာဖွေစားသောက်ကြသည့်အတွက် ငါးများသည် သဘာအတိုင်းကြီးထွားကြသည်။

သိန်း ရာထောင်ချီတန်သည့် အင်းကြီးများတွင် ဒေသခံအရပ်သူ အရပ်သားများ
စားဝတ်နေရေးပြေလည်စေရန်ဆိုကာ မည်သည့်နေရာသည် ဒေသခံရွာသူရွာသားများ အလကားရှာဖွေဖမ်းဆီနိုင်သည့်နေရာဖြစ်သည်ဟုဆိုကာ ငါးဖမ်းလုပ်ကွက်နေရာများကို ငါးလုပ်ငန်းဦးစီးဌာနက အတိအကျသတ်မှတ်ပေးရသည်။

ထို့အပြင် မည်သည့်နေရာသည် အင်းသားကြီးသာလျှင် လုပ်ပိုင်ခွင့်ရရှိသည့်နေရာဆိုသည်ကိုလည်း အတိအကျသတ်မှတ်ပေးရသည်။
နှစ်ယောက်စလုံး စည်းမကျော်လျှင် စည်းကမ်းလိုက်နာလျှင် မည်သည့်ပြသနာမျှ ဖြစ်စရာမရှိပေ။

………………………………………………….

သို့သော် မိုးကောင်းစဉ်အချိန်က ကိုရွှေအင်းသားကြီးများသည် လောဘဇော တက်ကာ အားလုံးကို အပိုင်သိမ်းခဲ့ကြသည်။ မည်သည့်နေရာကိုမျှ ရှာဖွေခွင့် ဖမ်းဆီးခွင့်မပေးခဲ့။
ပိုင်သည် နိုင်သည်ဆိုကာ အနိုင်ကျင့်ခဲ့ကြသည်။
အခုတော့…အခုတော့…သူတို့ခေတ်ကုန်လေပြီ…ခေတ်ပြောင်းခဲ့လေပြီ….။

………………………………………………….

ပြောင်းလဲခြင်းသည် လက်သီးလက်မောင်းတန်းခြင်းနှင့်အတူရောက်ရှိလို့လာသည်။
ခေတ်အဆက်ဆက် အနိုင်ကျင့်ခံတို့ ရင်ဖွင့်ကြလေပြီ။
ရလျှင်ရ မရလျှင်ချ။ ဖျက်သိမ်းပစ်။ ကြေးတိုင်အင်းတွေဖျက်သိမ်းပစ်။
အစွန်းသည် ကျကွဲတတ်သည်။

အင်းသားကြီးသည် လည်သည်။ ဥာဏ်ပြေးသည်။ ထို့ကြောင့်လည်း သူဌေးဖြစ်နေခြင်းဖြစ်သည်။
တစ်ချိန်က နိုင်လို့ရ၍ နိုင်ခဲ့သော်လည်း ယခုအချိန် သူခေါင်းထောင်လျှင် ခေါင်းကွဲရုံမက ခေါင်းပါပြုတ်
သွားနိုင်သည်ကို ရိပ်စားမိသည်။
ခြေတစ်လှမ်းနောက်ဆုတ်သည်။
သူရေရှည်ရပ်တည်နိုင်ရေးအတွက် ပေးသင့်တာတွေ လျှော့သင့်တာတွေလျှော့လာသည်။

လုပ်ပါ။ ပေးပါတယ်။ ဖမ်းပါ။

သူ့လုပ်ပိုင်ခွင့်ဧရိယာ၏ ၂၀ ရာခိုင်နှုန်းအား ဒေသခံများစားဝတ်နေရေးပြေလည်စေရန်
ပေးအပ်ရမည်ဟုဆိုလာသည်။
သိသည်။ ပါးတာမှ ပါးပါးလေး။
ရပါတယ် လုပ်ပါ လုပ်ပါ ခွဲပေးပါတယ် ၂၀ ရာခိုင်နှုန်းဆိုလည်း ပေးပါတယ်။
သို့သော်ငြားလည်း ၂၀ သည် ၁၀၀ မဟုတ်ဟုဆိုကာ ဒို့အရေးများဆက်လာတော့သည်။

အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး - ဒို့အရေး
ကြေးတိုင်အင်းများ ဖျက်သိမ်းရေး - ဒို့အရေး
ဆင်းရဲနွမ်းပါးမှုပပျောက်ရေး - ဒို့အရေး

ဒို့အရေး ဒို့အရေး ဒို့အရေး…………..

အင်း ဥပေဒအရ ရေလုပ်သားငယ်များသည် မိမိ၏ရပိုင်ခွင့်မဟုတ်သည့် အင်းသားကြီး၏တရားဝင်လုပ်ပိုင်
ခွင့်ရဧရိယာအားရေများရေနိုင် မီးများမီးနိုင် လူများလူနိုင်ဆိုသည့် ထုံးကိုယူကာ ၁၀၀ ရာခိုင်နှုန်းဖျက်သိမ်း
ပစ်မှသာလျှင်ဒီမိုကရေစီအစိုးရဆိုလျှင်တော့
သိန်းရာထောင်ချီတန် သည့် အင်းကြီးများအားလုံးကိုဖျက်သိမ်းပစ်ပြီး ဒေသခံများအား ရော့ အင့်
လုပ်ပေတော့ကွာဆိုပြီး ပေးပစ်လိုက်ရုံသာရှိတော့သည်။

ဇာနည်မောင်မောင်ကျော်

ဓါတ်ပုံ။ ။ အင်တာနက်။



Thursday, October 13, 2016

တရားမ၀င်ငါးဖမ်းနေမှုကြောင့် လယ်ဧက ၆၀၀၀ ကျော် စပါးစိုက်ပျိုးရန် အခက်တွေ့နေ


By ဆလိုင်းသန့်စင် | October 13, 2016 |

ကျောင်းကုန်းမြို့နယ်ရှိ ဗြိုက်ကြီးရေနုတ်မြောင်းကို ပိတ်ဆို့၍ တရားမ၀င်ငါးဖမ်းဆီးမှု လုပ်ဆောင်နေသည့်အတွက် ရေစီးဆင်းမှုမရှိဘဲ လယ်ဧက ၆၀၀၀ ကျော် စပါးစိုက်ပျိုးရန် အခက်တွေ့နေကြောင်း ဒေသခံတောင်သူများက ပြောသည်။

ကျောင်းကုန်းမြို့နယ်၊ ဗြိုက်ကြီးကျေးရွာခံ တောင်သူဦးစိန်သောင်းက “ရေအဓိက ထွက်ပေါက်ဖြစ်တဲ့ ဗြိုက်ကြီးရေနုတ်မြောင်းကို အင်းပိတ်ပြီး ငါးဖမ်းနေတော့ ရေမကျနိုင်ဘူး ဖြစ်နေတယ်။ ရေမကျနိုင်တော့ စပါးစိုက်ချိန် ရောက်နေတာကို စပါးမစိုက်ရဖြစ်ပြီး ဒုက္ခရောက်နေတယ်” ဟု ဧရာဝတီကို ပြောသည်။

ဗြိုက်ကြီးရေနုတ်မြောင်းကို ပိတ်ဆို့ငါးဖမ်းနေမှုကြောင့် ကျောင်းကုန်းမြို့နယ်ပိုင် ဗြိုက်ကြီး၊ လက်ပံချောင်း၊ ရွှေပန်းငူ၊ လှည်းဆိပ်နှင့် ယိုးဒယားတပ်ကျေးရွာရှိ ရေကျနောက်စိုက် လယ်ဧက ၂၆၀၀ နီးပါး၊ သာပေါင်းမြို့နယ်ပိုင် ဘုရားနီ၊ စစ်ပင်ကြီး၊ ဂုံမင်းနှင့် သပြေကျွန်း ကျေးရွာတို့ရှိ လယ်ဧက ၃၅၀၀ နီးပါး၊ ရေကြည်မြို့နယ် ယိုးဒယားတပ်ကျေးရွာမှ လယ်ဧက ၃၀၀ နီးပါး အပါအ၀င် စုစုပေါင်း ရေကျနောက်စိုက် လယ်ဧက ၆၄၀၀ ကျော် စပါးစိုက်ပျိုးရန် အခက်တွေ့နေကြောင်း ဒေသခံလယ်သမားများက ပြောသည်။

ဗြိုက်ကြီးကျေးရွာခံ ကိုသက်မျိုးဦးက “စပါးစိုက်ချိန် နောက်ကျရင် စပါးဝင်းမှည့်တဲ့ ဇန်န၀ါရီလလောက်ဆို နှင်းခါးရိုက်ပြီး စပါးအရည်အသွေး မကောင်းတာ၊ အထွက်နှုန်း ထိခိုက်တာ ဖြစ်တယ်။ မနှစ်ကလည်း ဒီလိုရေတားပြီး အင်းပိတ်ငါးဖမ်းလို့ စပါးအထွက်နှုန်းကျတာ ကြုံခဲ့ရတယ်။ ဒီနှစ်မှာတော့ အဲဒီလိုမျိုး အလားတူမဖြစ်အောင် ဧရာဝတီတိုင်းအစိုးရက လုပ်ဆောင်ပေးစေချင်ပါတယ်” ဟု ပြောသည်။

ဗြိုက်ကြီးရေနုတ်မြောင်းသည် သာပေါင်း၊ ရေကြည်၊ ကျောင်းကုန်းနှင့် ကန်ကြီးထောင့်မြို့နယ်တို့ကို ရေလမ်းခရီးဖြင့် အဓိကဆက်သွယ်ပေးထားသည့် မြောင်းတခုဖြစ်ပြီး နေ့စဉ် မော်တော်အစီးရေ ၁၀၀ ကျော် ဖြတ်သန်းသွားလာနေသည့် လမ်းကြောင်းတခုဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ကျောင်းကုန်းဒေသခံ ဦးမြင့်မောင်က “ ဗြိုက်ကြီးရေနုတ်မြောင်းက ကျောင်းကုန်းမြို့နယ်ထဲမှာ ရှိတာပါ။ အင်းသားကြီး ဦးစိုးမင်းဦး လုပ်ပိုင်ခွင့်ရတဲ့ အင်းကသာပေါင်းမြို့နယ်ထဲက အင်း။ အဲဒါကို သူ့အင်းနယ်နိမိတ်နဲ့ ၁ မိုင် လောက်ဝေးတဲ့ ကျောင်းကုန်းနယ်ထဲက ဗြိုက်ကြီးမြောင်းထဲလာပြီး မျဉ်းဝန်း(ရေနုတ်မြောင်းအတွင်း ပိတ်ဆို့ကာရံငါးဖမ်းနေမှု) လုပ်ပြီးတော့ ငါးလာဖမ်းနေတယ်” ဟု ပြောသည်။

သာပေါင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက အင်းသားကြီး ဦးစိုးမင်းဦးအား ၎င်းလုပ်ပိုင်ခွင့် ရရှိထားသည့် အိုင်ကြီးဆည် ၄ ဂရမ်တွဲအင်းကို အောက်တိုဘာလ ၁၇ ရက်မှ စတင်ငါးဖမ်းရန် သတ်မှတ်ပေးထားသော်လည်း ဦးစိုးမင်းဦးက သြဂုတ်လ ၃၁ ရက်မှ စတင်၍ အင်းပိတ်ပြီး ငါးဖမ်းနေသည့်အတွက် ဒေသခံတို့၏ သွားလာရေး နေ့စဉ်အခက်တွေ့နေရကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ တရားမ၀င် ငါးဖမ်းမှုများ ပြုလုပ်နေသည့် အင်းသားကြီး ဦးစိုးမင်းဦးကို အင်းစည်းကမ်းဖောက်ဖျက်မှုဖြင့် တရားစွဲဆို အရေးယူသွားမည်ဟု သာပေါင်းမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးတင်ထွန်းက ပြောသည်။

“အင်းသားကြီး စိုးမင်းဦးရဲ့ ငါးစဖမ်းရမယ့် အချိန်က အောက်တိုဘာလ ၁၇ ရက်မှ ဖမ်းရမှာပါ။ အဲဒါကို အချိန်မတိုင်ခင် ငါးကြိုဖမ်းတဲ့အတွက် သူ့ကို တိုင်းငါးလုပ်ငန်းရုံးကိုခေါ်ပြီး အင်းချိန်မတိုင်ခင် ငါးမဖမ်းဖို့ ခံဝန်ကတိ ထိုးခိုင်းပြီးသားပါ။ ဒါကို မလိုက်နာဘဲ ငါးဆက်ဖမ်းတဲ့အတွက် ကျနော်က တရားလိုလုပ်ပြီး မြို့နယ်တရားရုံးမှာ ရေချိုငါးလုပ်ငန်း ဥပဒေပုဒ်မ ၄၆ အရ အင်းစည်းကမ်းဖောက်ဖျက်မှုနဲ့ တရားစွဲဆိုသွားမယ်”ဟု ဦးတင်ထွန်းက ပြောသည်။

ဒေသခံများက ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် အင်းသားကြီးစိုးမင်းဦးကို တရားစွဲဆို အရေးယူသည့်အပြင် ဒေသခံများအား ထိခိုက်မှု ဖြစ်စေသည့် မျဉ်းဝန်း(ရေနုတ်မြောင်းအတွင်း ပိတ်ဆို့ကာရံငါးဖမ်းနေမှု) ကို အမြန်ဆုံး ဖျက်သိမ်းပေးစေလိုကြောင်း ပြောဆိုသည်။

The Irrawaddy - Burmese Edition

ကျောင်းကုန်းမြို့နယ်၊ ဗြိုက်ကြီးရေနုတ်မြောင်းအတွင်း တရားမ၀င်ငါးဖမ်းနေသည့်မျဉ်းဝန်း (ဓာတ်ပုံ – ဆလိုင်းသန့်စင်/ဧရာဝတီ)

Wednesday, October 12, 2016

မြန်မာဂျာနယ်လစ်ကွန်ယက် (ဧရာဝတီတိုင်းဒေသကြီး) ဖွဲ့စည်း

မြန်မာဂျာနယ်လစ်ကွန်ယက် (ဧရာဝတီတိုင်းဒေသကြီး) ကို ပုသိမ်မြို့မှာ အောက်တိုဘာလ ၉ ရက်နေ့က စတင်ဖွဲ့စည်းလိုက်ပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် ရဲသွေးနီက ရိုက်ကူးထားပြီး ကျော်တိုးလွင် က တင်ဆက်ပေးထားပါတယ်။

ရခိုင်နှင့်ထိစပ်နေသည့် ဧရာဝတီတိုင်း ကမ်းခြေဒေသများ လုံခြုံရေးတင်းကြပ်

ဆလိုင်းသန့်စင်| October 12, 2016 |

ငပုတောမြို့နယ် ငရုတ် ကောင်း ဒေသရှိ ဂေါ်ရင်ဂျီ ကမ်းခြေ (ဓာတ်ပုံ – ဆလိုင်းသန့်စင်/ဧရာဝတီ)
အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်နှင့် ထိစပ်နေသော ဧရာဝတီတိုင်း၏ ကမ်းခြေဒေသ တခုဖြစ်သည့် ငပုတောမြို့နယ် ငရုတ်ကောင်းဒေသတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ
ခြေလျင်တပ်ရင်း ၂ ခု၊ ရေတပ်နှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ လုံခြုံရေးတင်းကြပ်ထားကြောင်း သတင်းရရှိသည်။

“ကျနော်တို့ နံသပုရွာနားက ဂေါ်ရင်ဂျီကျွန်းပေါ်မှာ အနောက်တောင်တိုင်းစစ်ဌာနချုပ်က စစ်သား ၂၀ လောက် ဒီနေ့ မနက်ပိုင်းရောက်လာပြီး လက်နက်အပြည့်အစုံနဲ့ လုံခြုံရေးယူထားတယ်။ ဂေါ်ရင်ဂျီကျွန်းမကြီး နားမှာလည်း ရေတပ်သင်္ဘောတစီးကပ်ထားပြီး လုံခြုံရေးယူထားတယ်”ဟု ငရုတ်ကောင်းမြို့၊ နံသပုကျေးရွာမှ ရပ်မိရပ်ဖတဦးက ဧရာဝတီကို ပြောသည်။

ငရုတ်ကောင်းမြို့ပေါ်တွင်လည်း စစ်ကား ၄ စီးဖြင့် မြို့အ၀င်ဂိတ်ပေါက်နှင့် မြို့အနီးအနား ပတ်ဝန်းကျင် နေရာများတွင် လက်နက်အပြည့်အစုံဖြင့် တပ်မတော်သားများ လုံခြုံရေးရယူကာ စောင့်ကြပ်နေကြောင်း ငရုတ်ကောင်း မြို့ခံ ဦးဇော်ဝင်းက ပြောသည်။

“မြို့ထဲနဲ့ မြို့ပတ်ဝန်းကျင်မှာတော့ စစ်ကား ၄ စီးနဲ့ တပ်မတော်သားတွေ လုံခြုံရေးယူပေးထားတယ်။ ရခိုင်ဘက်မှာ အကြမ်းဖက်မှုတွေ ဖြစ်ထားတော့ ဒီဘက်ကို ကူးစက်လာမှာစိုးလို့ မြို့အတွက် လုံခြုံရေး လာယူပေးတဲ့သဘော ထင်ပါတယ်။ တံငါသည်တွေကတော့ အခြေအနေတွေ မငြိမ်မသက်ဖြစ်နေတဲ့ ကာလဆိုတော့ ပင်လယ်ထဲတောင် ငါးဖမ်းမထွက်ဘဲ နားနေကြတယ်”ဟု သူက ပြောသည်။

ငရုတ်ကောင်းမြို့သည် ဧရာဝတီတိုင်းဒေသကြီး၏ အနောက်ဘက်အစွန်ဆုံး ပင်လယ်ထွက်ပေါက်ရှိသည့် မြို့တခု ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံသို့ ခိုးဝင်လေ့ရှိသည့် လှေစီးဘင်္ဂလီများ အစုလိုက်အပြုံလိုက် ဖမ်းဆီးရမိလေ့ရှိသည့် နေရာတခု ဖြစ်သည်။

ဒေသလုံခြုံရေးအတွက် အသင့်ရှိကြရန်နှင့် သတိဝိရိယဖြင့်စောင့်ကြပ်ကြရန် ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းမင်းက ငပုတောမြို့နယ်အတွင်းရှိ ရဲတပ်ဖွဲ့စခန်းများအားလုံးကို ညွန်ကြားထားကြောင်း ငပုတောမြို့နယ်အတွင်းမှ စခန်းမှူးတဦးက ပြောသည်။

“စခန်းလုံခြုံရေး၊ ဒေသလုံခြုံရေး သတိဝီရိယရှိဖို့နဲ့ လက်နက်တွေဘာတွေဆိုလည်း တိုက်ချွတ်ထားပြီး အသင့် ရှိနေဖို့ တိုင်းရဲမင်းကြီးက ညွန်ကြားထားတယ်။ ကျနော်တို့လည်း သတိနဲ့ အသင့်အနေအထားမျိုးဖြစ်အောင် ပြင်ဆင်ထားပါတယ်”ဟု သူက ပြောသည်။
Irrawaddy

Tuesday, October 11, 2016

ခေါင်းချမယ့် မြေနေရာမရှိပါ


““ဒီသင်္ချိုင်းမြေကို မူလအတိုင်း ပြန်မရဘူးဆိုရင် ကျွန်တော်တို့ရွာ အများကြီး အခက်အခဲ ရှိလာပါလိမ့် မယ်။ ဒီနေရာအပြင် တခြားလည်း မြှုပ်စရာနေရာ မရှိတော့ဘူး။ ကျေးရွာရဲ့ ပိုင်ဆိုင်မှုက ဒီသင်္ချိုင်းမြေပဲရှိ တော့တာပါ””လို့ ငရုတ်ကောင်းမြို့ ကျွေချိုင်ရွာက ကိုဇော်မင်းဦးက ပြောပါတယ်။

ကိုမင်းဇော်ဦးဟာ အနောက်ဘက် ကမ်းခြေဒေသ ငရုတ်ကောင်း မြို့ရဲ့ ကမ်းခြေဒေသတွေမှာ ဖြစ်ပေါ် နေတဲ့ သုသာန်မြေနေရာ(သို့) သင်္ချိုင်းမြေယာ အငြင်းပွားမှုတွေမှာ သင်္ချိုင်းမြေ ဖော်ထုတ်ရေး ကော်မတီဝင် အဖြစ် တာဝန်ယူထားတဲ့ သူတစ်ယောက်ပါ။

အနောက်ဘက် ကမ်းခြေဒေသ အိမ်ထောင်စု (၃၀၀)၊ လူဦးရေ တစ်ထောင်ခန့် ရှိတဲ့ကျွေချိုင် အုပ်စုနဲ့ အိမ်ထောင်စု ခြောက်ရာကျော် လူဦးရေ (၂၀၂၈)ဦးရှိတဲ့ နတ်မော် အုပ်စုတို့မှာ သင်္ချိုင်း သုသာန်မြေနေရာ သတ်မှတ်ရေး အငြင်းပွားမှုတွေ ဖြစ်ပေါ်နေတာပါ။ ဒါ့ကြောင့် ကမ်းခြေ ဒေသမှာဖြစ်ပေါ်နေတဲ့ သင်္ချိုင်းမြေ အငြင်းပွားမှုကြောင့် ဒေသခံ များက စုပေါင်းပြီး သင်္ချိုင်းမြေ ဖော်ထုတ်ရေး ကော်မတီဝင် အဖွဲ့ဖွဲ့ကာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ထံ တင်ပြဖို့ ကြိုးစားနေကြတ လည်း ဖြစ်ပါတယ်။

ကျေးလက်ဒေသတွေမှာ လူသေမြှုပ်ရန် ရွာဦးရွာထိပ် သို့မဟုတ် ရွာနဲ့ မလှမ်းမကမ်းဝေးတဲ့ နေရာမှာ သုသာန်၊ အရပ်ခေါ် သင်္ချိုင်းကုန်းဆိုတာ ရှိပါတယ်။ ကျေးလက် ဒေသအလေ့ အထအရ ဘုန်တော်ကြီးများနှင့် လူပျို၊ အပျိုများ ကွယ်လွန်ရင်သာ မီးသဂြိုဟ်တတ် ကြသော်လည်း အခြားသူများ နာရေးဖြစ်ပါက မြေမြှုပ်သဂြိုဟ် တတ်ကြပါတယ်။

““ကုန်ကျစရိတ်ကလည်း မတူဘူး၊ မြေမြှုပ်တာက သက်သာတယ်။ မီးရှို့ရင် ထင်းဖိုးကုန်တယ်။ တတ်နိုင်တဲ့ သူက ဂူတည်ချင်တောင် အုတ်ဘိလပ်မြေသဲ အဆင်သင့်မရှိဘူး။ ဒါပေမဲ့ လူပျို အပျိုတွေ သေရင်တော့ မီးသဂြိုဟ်တယ်။ ဒါက ဘာလို့လဲဆို ဒီဘက်ရဲ့ အယူအဆ တစ်ခုပေါ့၊ ဟိုတုန်းက မှော်ဆရာတွေက လူပျို အပျိုတွေသေရင် သူတို့ အရိုးကိုယူထားပြီး ဆေးဖော် တာတွေရှိခဲ့လို့ အစဖျောက်တဲ့ သဘောပေါ့။ အများစုကတော့ မြေမြှုပ်ကြရတာပဲ””လို့ ကမ်းခြေဦး ဒေသခံ ကိုမျိုးဇော်ထွန်းက ပြောပါ တယ်။

ကျွေချိုင် သင်္ချိုင်းမြေနေရာ အငြင်ပွားမှုဟာ ဒေသခံ ရွာသားတွေက မူလ သင်္ချိုင်းကုန်း သုသာန် မြေပေါ်မှာ လူသေအလောင်းထား ဖို့သာလာယံ ဇရပ်တည်ဆောက်ရာက မိမိဝယ်ယူထားတဲ့ မြေဖြစ်ကြောင်း လုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ဦးကျင်ရှိတ်က တားမြစ်ခဲ့ရာက စတင်ခဲ့တာပါ။

““အလောင်းတင်ဖို့ သာလာယံ ဇရပ်လေး ဆောက်တော့ လုပ်ငန်းရှင် တစ်ယောက်က ဒီမြေကွက်ဟာ သူတို့ပိုင်ပါတယ်။ သူတို့ဝယ်ထားတာ လာပြောတာနဲ့ ရပ်ထားရတယ်။ အဲဒီတော့ ၀န်ကြီးချုပ်ကို ဒီဖြစ်စဉ်ကို တင်ပြထားတယ်””လို့ ကျွေချိုင်အုပ်စု နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ကိုမြင့်နိုင်က ပြောပါတယ်။

ယခင်က ကျွေချိုင်ကမ်းခြေမှာ တည်ရှိတဲ့ သင်္ချိုင်းကုန်း(၀ါ) သုသာန်မြေဟာ ငါးဧကခန့် ရှိသော်လည်း ယခုအခါ တစ်ဧကခန့်သာ ရှိပါတော့တယ်။

ဒါနဲ့ ပတ်သက်ပြီး ကျွေချိုင်အုပ်စုမှာ ပါဝင်တဲ့ အနိမ့်ချောင်း၊ သဲကုန်း၊ ရွာမကျေးရွာက ဒေသခံ တွေက သင်္ချိုင်းမြေနေရာ သတ်မှတ်ရေး ပြဿနာ ဖြစ်ပေါ်နေမှုကို ဖြေရှင်းပေးဖို့ တိုင်းဒေသကြီး အစိုးရထံ တင်ပြသွားမယ်လို့လည်း ဆိုပါ တယ်။

အလားတူပဲ လူဦးရေ နှစ်ထောင်ကျော်ရှိတဲ့ နတ်မော်အုပ်စု ကမ်းခြေ ဦးကျောက်ချောင်းလေး ကျေးရွာတွေမှာ သင်္ချိုင်းမြေ သုသာန်မြေ ပြဿနာ ဖြစ်ပေါ်နေပါတယ်။

““ခုဖြစ်နေတာက အရင်က သူလှူထားတာ မြှုပ်ထားတာလည်း အလောင်းပေါင်း လေးငါးဆယ် လောက်မြှုပ်ပြီးပြီ။ တန်ဖိုးမရှိခင်တုန်း ကတော့ ဘာမှမဖြစ်သေးဘူး။ ခု မြေယာကတန်ဖိုး ရှိလာတော့ သူက ခြံခတ်လိုက်တယ်။ သူ့မြေထဲ ၀င်မမြှုပ်နဲ့ဆိုပြီး ပြောတယ်၊ လာတားတာပေါ့။ ကျွန်တော်တို့က သတ်သတ် မှတ်မှတ်လေး ရှိစေချင်တာ”” လို့ နတ်မော်အုပ်စု မြတ်ကုသိုလ် နာရေးကူညီမှု အသင်းဝင် တစ်ဦးက ပြောပါတယ်။

ဒီလို သုသာန်မြေ ပြဿနာ တွေဟာ ကမ်းခြေဒေသ တစ်လျှောက် အခြားရွာတွေမှာလည်း ရှိလာပါတယ်။

““သုသာန်မြေ ပြဿနာက ပန်းမော်တို့ ငန်းချောင်း ဒေသတွေမှာလည်း ဖြစ်လာတယ်၊ ဘာကြောင့်လဲဆို ရွာတွေကကမ်းခြေတွေမှာ ရှိနေတော့ မြေဈေးတွေက တက်လာတော့ သင်္ချိုင်းမြေ အနားက သူတွေကလည်း ကျူးကျော်လာတာပေါ့”” လို့ဒေသခံ ကိုဝင်းစိုးက ပြောပါတယ်။

လတ်တလော သုသာန်မြေနေယာ အငြင်းပွားမှု ဖြစ်ပေါ်နေတဲ့ မြေနေရာဟာ ပင်ပယ်ကမ်းခြေ တစ်လျှောက်ဖြစ်ပြီး ဂေါ်ရန်ဂျီကျွန်းအနီး တစ်ဝိုက်က ကမ်းခြေနေရာတွေပါ။

ဧရာဝတီတိုင်း ဒေသကြီး ငရုတ်ကောင်းမြို့မှာရှိတဲ့ ဂေါ်ရန်ဂျီကျွန်းနဲ့ ပင်လယ်ကမ်းခြေ ရှုခင်းတွေကို ၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ ငရုတ်ကောင်း နံ့သာပု ကျေးရွာတွင် ကျောက်မိးသွေးစက်ရုံ စီမံကိန်း တစ်ခု အကောင်အထည်ဖော်ဖို့ အစိုးရက ဆောင်ရွက်လာရာမှ ဒီဒေသကို လူတွေ သတိထားမိခဲ့ ကြတာပါ။ ကျောက်မီးသွေး စက်ရုံနဲ့တွဲပြီး ငရုတ်ကောင်းကို သိလာသလို ငရုတ်ကောင်းမှာ ဂေါ်ရန်ဂျီကျွန်းနဲ့ လှပတဲ့ ပင်လယ်ကမ်းခြေတွေကို လူတွေ သတိထားမိလာကြ တာကနေ ၂၀၁၅ မှာ ခရီးသွားတွေ လာလည် ကြတယ်။ ၂၀၁၆ မှာတော့ စံချိန်တင် ခရီးသွားများလာ တာပေါ့။ လူဦးရေက သုံးသိန်းလောက်အထိ လာရောက် လည်ပတ်ကြတယ်လို့ အနောက်ဘက် ကမ်းခြေ ဧရာဝတီ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့က ပြောပါတယ်။

လူသိများလာတာနဲ့အမျှ ဂေါ်ရန်ဂျီကျွန်းအနီး တစ်ဝိုက်ကမ်းခြေ ဒေသတစ်လျှောက် မြေယာဈေးက တစ်ဟုန်ထိုး တိုးတက်လာ ပါတယ်။ ဒီနေရာမှာ ကမ်းခြေဒေသတွေရဲ့ လူသေမြှုပ်တဲ့နေရာ သုသာန် (၀ါ) သင်္ချိုင်းကုန်းမြေယာ အငြင်းပွားမှု ပြဿနာများပင် ဖြစ်ပေါ်လာပါ တယ်။

လက်ရှိ အငြင်းပွားနေတဲ့ သုသာန် မြေတွေဟာ တစ်ဧကကျော်မှ ငါးဧကအထိ ရှိနေပြီး လတ်တလောမှာ ကမ်းခြေဒေသက တစ်ဧက မြေကွက်တစ်ကွက်ဟာ သိန်းတစ်ထောင်ခန့် ပေါက်ဈေးရှိနေ ပါတယ်။

““၀ယ်တဲ့သူကလည်း သင်္ချိုင်းမြေမှန်းမသိ ဘာမှန်းမသိကို ၀ယ်ကြတာပဲ၊ ဒေသဖွံ့ဖြိုးမှုနဲ့အတူ လူဦးရေ တိုးပွားလာမယ်ဆို လူသေနှုန်းလည်း တိုးပွားလာနိုင် တာကြောင့် နေရာတွေ သတ်သတ်မှတ်မှတ် ရှိသင့်ပြီ”” လို့ ကျွေချိုင်အုပ်စု နာရေးကူညီမှု အသင်း ဥက္ကဋ္ဌ ကိုမြင့်နိုင်က ဆိုပါတယ်။

ကမ္ဘာကျော် ခရီးသွားဒေသ တစ်ခုဖြစ်လာနိုင်တဲ့ ဒီဒေသမှာ သုသာန်မြေအပါဝင် မြေယာ သတ်မှတ်မှု မြေယာပိုင်ဆိုင်မှု ပုံစံတွေကို အစိုးရ အဖွဲ့အ၀င် သက်ဆိုင်ရာ မြေစာရင်းနဲ့ တာဝန်ရှိသူတွေက စနစ်တကျ ကွင်းဆင်းဆောင်ရွက်ပေးဖို့ တာဝန်ရှိလာပါပြီ။

ကမ်းခြေဒေသမှာ သင်္ချိုင်းမြေယာ လုရာက မလိုလားအပ်တဲ့ ပဋိပက္ခ တွေရှိလာနိုင်သလို မူလ သုသာန်မြေ
 ပြန်လည်ရရှိရေးဆိုတဲ့ ဆန္ဒထုတ်ဖော်မှုတွေအထိ ဖြစ်လာရင်တော့ ပြောစရာတွေ ဖြစ်လာနိုင်ပါတယ်။

messenger news journal

Monday, October 10, 2016

မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်အမတ် လူမှုရေးပြဿနာတက်


မန္တလေးမြို့ ဟိုတယ် တစ်ခုတွင် မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုးမိုးသူသည် အမျိုးသမီးတစ်ဦးနှင့်အတူ တည်းခိုနေ၍ လိုက်ပါစုံစမ်းစစ်ဆေးပေးရန် ဇနီးဖြစ်သူက အမှတ်(၉)နယ် မြေရဲတပ်ဖွဲ့စခန်းတွင် လာရောက် တိုင်တန်းမှုဖြစ်ပွားကြောင်း သ တင်းရရှိသည်။
အောက်တိုဘာ ၉ ရက် ည ၁၁ နာရီခန့်က မဟာအောင်မြေ မြို့နယ်ရှိ နဒီမြန်မာဟိုတယ်သို့ ဇနီးဖြစ်သူအပါအ၀င် ရဲတပ်ဖွဲ့ ၀င် ငါးဦးကသွားရောက်စစ်ဆေးခဲ့ ရာ ဒေါက်တာစိုးမိုးသူနှင့် အမျိုး သမီးတစ်ဦး တည်းခိုနေသည်ကို တွေ့ရှိပြီးနောက် စခန်းတွင်ရှင်း လင်းရန် ခေါ်ဆောင်လာခဲ့ကြောင်း အမှတ် (၉)နယ်မြေရဲတပ်ဖွဲ့စခန်း မှ စုံစမ်းသိရသည်။

‘‘လွှတ်တော်ကိုယ်စားလှယ်ကို လွှတ်တော်ဥက္ကဋ္ဌပါမှ ဖမ်းဆီးလို့ရမှာဖြစ်တဲ့အတွက် အချင်းချင်းညှိနှိုင်းကြတယ်။ ဘာတွေညှိနှိုင်းတယ်ဆိုတာတော့ မသိရဘူး။ သူ့ရဲ့ဇနီးကလည်း အခုအချိန်မှာ အမှုမဖွင့်ချင်သေးဘူး။ စစ်ချက်နဲ့ တိုင်ကြားတာတွေတော့ စခန်းမှာရှိနိုင်မယ်။ သတင်းကြားလို့ စောင့်နေတယ်။ နောက်ဆုံးမှာ တံတားဦး လွှတ်တော်ကိုယ်စားလှယ်ကနေ လာခေါ်သွားတယ်’’ဟု အဆိုပါဖြစ်စဉ် ဖြစ်ပွားနေချိန်တွင် ရောက်ရှိနေသည့် မန္တလေးမြို့ခံသတင်းထောက်တစ်ဦးက ပြောသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မဟာအောင်မြေမြို့နယ် အမှတ် (၉)နယ်မြေရဲတပ်ဖွဲ့စခန်းရှိ စခန်း မှူး ဒုရဲမှူးကျော်သာဦးသို့ ဆက် သွယ်မေးမြန်းရာ အမှုဖွင့်တိုင် ကြားမှုမရှိသေးကြောင်း၊ ပြဿနာတစ်စုံတစ်ရာဖြစ်မည်စိုး၍ လှည့်ကင်းရဲတပ်ဖွဲ့ဝင်အချို့ လိုက်သွားခဲ့ကြောင်း ပြောသည်။

‘‘ဒီကိစ္စနဲ့ပတ်သက်ပြီး ကြားတော့ မကြားသေးဘူး။ မန္တလေးမှာဖြစ်ခဲ့တာဆိုတော့ ပါတီကတာဝန်ပေးလာရင် စုံစမ်းစစ်ဆေးတာတွေ လုပ်ပေးရမှာပါ’’ဟုမန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးတင်ထွဋ်ဦးကအောက်တိုဘာ ၉ ရက် ညနေ ၄ နာရီခန့်တွင် 7Day Daily အား ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် အတွင်း ရေးမှူး
 ဒေါက်တာတင်မင်းထွဋ်ထံ သို့ ဆက်သွယ်မေးမြန်းရာတွင် လည်း အဆိုပါဖြစ်စဉ်ကို သိရှိ ခြင်း
မရှိသေးကြောင်း၊ စည်းကမ်း ထိန်းသိမ်းရေးကသာ ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း ဖြေ ကြားခဲ့
သည်။
နေပြည်တော် စည်ပင်ဧည့် ရိပ်သာဝင်းရှိ ယူနီစန် စားသောက် ဆိုင်တွင် အောက်တိုဘာ ၉ ရက် က ကျင်းပခဲ့သည့် ပါတီဗဟိုအ လုပ်အမှုဆောင်အဖွဲ့ လစဉ် ပုံမှန် အစည်းအဝေးအပြီးတွင် NLD ပါတီ အတွင်းရေးမှူး ဦးဝင်းထိန်ကို သတင်းထောက်များက အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မေးမြန်းရာလူငယ်ခေါင်းဆောင် ဒေါက်တာစိုးမိုးသူဖြစ်စဉ်နှင့် ရွှေပြည်သာအမတ်တို့၏ ဖြစ်စဉ်များသည် ဥပဒေအတိုင်းသာ လုပ်ဆောင်မည်ဖြစ်ပြီး ၀င်ရောက်စွက်ဖက်မည်မဟုတ်ဟု ပြောခဲ့ကြောင်း DVB သတင်းဌာနက ဖော်ပြသည်။
‘‘ရွှေပြည်သာကိစ္စလည်း တရားဥပဒေအတိုင်းပဲ။ မန္တလေး မှာဖြစ်တဲ့ ဒေါက်တာစိုးမိုးသူကိစ္စ ဒါလည်း ဥပဒေအတိုင်းပဲ ဘာမှ ၀င်မစွက်ဖက်ဘူး’’ဟု ပြောသည်။
============
7Day News Journal
ဓါတ်ပုံများကို Lwin Pyin ဘလောဂ်မှ ကူးယူဖေါ်ပြပါသည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲ မဲဆွယ်ကာလက ပါတီအောင်နိုင်ရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်နေတဲ့ ဒေါက်တာစိုးမိုးသူရဲ့ မြင်းကွင်းတွေဖြစ်ပါတယ်။






NLD မြောင်းမြ အမတ်ကို ပါတီ စည်းကမ်း ထိန်းသိမ်းရေးဖြင့် အရေးယူမည်


ထက်နိုင်ဇော်| October 10, 2016 |
(ဓာတ်ပုံ – ဆလိုင်းသန့်စင် / ဧရာဝတီ)
အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိုးမိုးသူသည် လူမှုရေး ဖောက်ဖျက်ခဲ့သဖြင့် ပါတီ စည်းကမ်းထိန်းသိမ်းရေးက အရေးယူရန် ဆုံးဖြတ်ထားကြောင်း ပါတီ၏ ပြောရေးဆိုခွင့် ရှိသူ ဦးဝင်းထိန်က ဧရာဝတီသို့ ပြောသည်။

“ကျနော်သူ့ကို ပထမ တခေါက်တုန်းကတည်းက ခေါ်သတိပေးတယ်။ အဲဒီတုန်းက ‘ဘူး’ ငြင်းတယ်။ အခုတော့ ငြင်းလို့ မရတော့ဘူး။ အဲဒါကြောင့် ပါတီစည်းကမ်း ထိန်းသိမ်းရေးက အရေးယူမယ်။ သူသွားဖို့ရှိတဲ့ နိုင်ငံခြား ခရီးစဉ်တခုကိုလည်း ဖျက်သိမ်းလိုက်ပြီ” ဟု ဦးဝင်းထိန်က ပြောသည်။

ဒေါက်တာ စိုးမိုးသူကို NLD ပါတီ၏ စည်းမျဉ်းစဉ်းကမ်းများနှင့် အညီ အရေးယူမည်ဟု သိရပြီး အသေးစိတ် ရှင်းလင်းခြင်း မရှိသေးပါ။

“ပါတီ စည်းကမ်း ထိန်းသိမ်းရေးကနေ အရေးယူမယ်ဆိုရင် ပထမဆုံး စုံခုံဖွဲ့ပြီး စစ်ရမှာ။ ၂ ဖက် အပြန်အလှန် သက်သေတွေကို မေးမယ်။ ပြစ်မှု ထင်ရှားမှ အမြင့်ဆုံး ပြစ်ဒဏ်က ပါတီက ထုတ်ပစ်တာပဲ။ ဒါမှမဟုတ် ကာလ အပိုင်းအခြားနဲ့ ပါတီတာဝန်ကနေ ရပ်စဲတာမျိုး လည်း ဖြစ်နိုင်တယ်” ဟု NLD ရန်ကုန်တိုင်း ပြန်ကြားရေး ဒုတာဝန်ခံ ဦးစိုးဝင်းဦးက ဧရာဝတီသို့ ပြောသည်။

မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်သည် အိမ်ထောင် ရှိသော်လည်း လူမှုရေး ဖောက်ပြားသည်ဟုဆိုကာ ဇနီးဖြစ်သူက မန္တလေးမြို့ရှိ အမှတ် (၉) ရဲစခန်းတွင် အောက်တိုဘာလ ၉ ရက်နေ့က အမှုဖွင့်ခဲ့သည်။

ယခုဖြစ်စဉ် မတိုင်မီ NLD ပါတီမှ ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးနှင့် ရွှေပြည်သာ မြို့နယ်ရှိ ဟိုတယ် တခုတို့ကြား ညအချိန်တွင် ပြဿနာ ဖြစ်ပွားခဲ့ရသဖြင့် ပါတီကို ဂုဏ်သိက္ခာ ထိခိုက်မှု ရှိခဲ့ပြီး ဖြစ်သည်ဟု NLD အသိုင်းအဝိုင်းက ပြောသည်။

နိုင်ငံရေး လေ့လာသုံးသပ်သူ တဦးဖြစ်သူ ဒေါက်တာ ရန်မျိုးသိမ်းက ယခုဖြစ်စဉ်များကို လေ့လာကြည့်ပါက တိုင်းပြည်တွင် လွှတ်တော် ကိုယ်စားလှယ်များကို တာဝန်မှ ပြန်လည်ရုတ်သိမ်းနိုင်သည့် ဥပဒေတရပ် လိုအပ်နေသည်မှာ သိသာနေပြီ ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ပြည်သူက ရွေးကောက် တင်မြောက်တဲ့သူကို ပြည်သူက မကြိုက်ရင် တာဝန်က ပြန်ရုတ်သိမ်းခွင့် ရှိရပါမယ်။ မဲဆန္ဒရှင် ပြည်သူတွေရဲ့ မူလအခွင့်အရေးကို ရှေ့တန်းတင်နိုင်မှ လွှတ်တော်က ပြည်သူကို မျက်နှာမူနိုင်မှာပါ” ဟု ၄င်းက ပြောသည်။

ယခင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးသည် ၂၀၁၅ ခုနှစ် သြဂုတ်လက “လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုတ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း” ကို အမြန်ဆုံး ပြဋ္ဌာန်းပေးပါရန် ထိုစဉ်က ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းထံ အကြောင်း ကြားခဲ့သော်လည်း လွှတ်တော်က မဲခွဲဆုံးဖြတ်ပြီးနောက် ယင်းဥပဒေကြမ်း ဆိုင်းငံ့ထားရန် ဆုံးဖြတ်ခဲ့သည်။
Irrawaddy

Sunday, October 9, 2016

မြန်မာဂျာနယ်လစ် ကွန်ယက် (ဧရာဝတီတိုင်းဒေသကြီး) ဖွဲ့ စည်းကြောင်း အသိပေးကြော်ငြာခြင်းအခမ်းအနားပြုလုပ်


မြန်မာဂျာနယ်လစ် ကွန်ယက် (ဧရာဝတီတိုင်းဒေသကြီး) ဖွဲ့ စည်း  ကြောင်း အသိပေးခြင်းအခမ်းအနားကို အောက်တိုဘာလ (၉)ရက်နေ့ မှာ ပုသိမ်မြို့  မှာ ကျင်းပပြုလုပ်ခဲ့ ပါတယ်။
သတင်းသမားများ ခြိမ်းခြောက်မှုများ နှင့်  အခွင့်ရေးမျာ့းကာကွယ်ဖို့  ဆောင်ရွက်မှာဖြစ်သလို  ဒေသတွင်းသတင်းထောက်များ ဂျာနယ်လစ်ပညာနှင့် သက်ဆိုင်သော သင်တန်းများ  ရရှိစေရေးအတွက်ဖွဲ့ စည်းရခြင်းဖြစ်တယ်လို့  မြန်မာဂျာနယ်လစ် ကွန်ယက် (ဧရာဝတီတိုင်းဒေသကြီး)က ပြောပါတယ်။
ဒီလို ဖွဲ့ စည်းလိုက်တာနဲ့ ပတ်သတ်ပြီး လွတ်တော်ကဥက္ကဌ က ၀မ်းမြောက်ကြောင်းနှင့် ၄င်းတို့ လွတ်တော် အနေနှင့်လည်း သတင်းမီ.ဒီယာများ သတင်းအချက်အလက်များရရှိနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမယ်လို့  ပြောပါတယ်။
သတင်းမီဒီယာတွေဆိုတာ အစိုးရက ပြည်သူကို ပြောချင်တာတွေ ပြည်သူက အစိုးရကို ပြောခြင်တာတွေနှင့် ဥပဒေပြုမှု အခြေနေတွေကို ပြည်သူများအကြား ပြောပြနိုင်ရန် ပေါင်းကူးပေးရန် မှာ သတင်းတွေ တာဝန်ဖြစ်သလိုဥပဒေ ပြုရေး အုပ်ချုပ်ရေး တရားစီရင်ရေးတွေမှာ သတင်းအချက်အလက်များ ထောက်ပံ့ ပေးခြင်းဖြင့် သက်ဆိုင်ရာတာဝန်ရှိသူတွေ နေ့ စဉ် ဆုံးဖြတ်ချက် တွေမှန်ကန်လာအောင် လုပ်ဆောင်ပေးနေခြင်းဖြစ်တယ်လို့  မြန်မာဂျာနယ်လစ်ကွန်ယက်အတွင်းရေးမှူး ဦးဇေယျာလှိုင်က ဆိုပါတယ်။
လွတ်လပ်စွာထုတ်ဖော်ရေးသားခွင့်  ပေးမထားရင် ဒီမိုကရေစီစံနှန်းနိမ့် ကျတယ်လို့  ယူဆနိုင်ကြောင်းဒီမိုကရေစီစံနှန်းကို တိုင်းတာရာမှာ အဲ့ ဒီနိုင်ငံရဲ့ သတင်းစာ လွတ်လပ်ခွင့်အခြေနေကို ကြည့်ခြင်းဖြင့်လည်း သိနိုင်တယ်လို့  လည်း ၄င်းကဆက်ပြောပါတယ်။
        မြန်မာနိင်ငံစာနယ်ဇင်းကောင်စီ အဖွဲ့ ဝင်  ဦးမြင့်ကျော်က ဒီအဖွဲ့ အစည်းအောင်မြင်ဖို့  ပူးပေါင်းဆောင်ရွက်ပေးကြဖို ကို တိုက်တွန်းခဲ့ ပါတယ်။
ရဲတပ်ဖွဲ့ ကတော့ သတင်းမီဒီယာများသတင်းအချက်အလက်များရရှိရေး ပူးပေါင်းဆောင်ရွက်မယ်လို့ ဆိုပါတယ်။

ယမာန်နေ့ ကပြုလုပ်ခဲ့ တဲ့ အခမ်အနားကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်းစီမှဦးမြင့်ကျော် မြန်မာဂျာနယ်လစ်ကွန်ယက် အတွင်းရေးမှူး ဦးဇေယျာလှိုင် ၊ ဧရာဝတီတိုင်းဒေသကြီးလွတ်တော် ဥက္ကဌ ဥိးအောင်ကျော်ခိုင် နှင့် ပုသိမ်မြို့ နယ့် တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် (၂)ဦး တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှုးနှင့် တာဝန်ရှိသူများ အရပ်အဘက်အဖွဲ့ အစည်းများ။စုစုပေါင်းး(၁၀၀)ခန့် လည်းတက်ရောက်ခဲ့ ပါတယ်။
တိုင်းဧရာ

  

ဟင်္သာတမြို့တွင်​ဆိုင်​ကယ်​ဖြင့် ဖုန်းလုယက်​​သောတရားခံ​ခြောက်​ဦး


ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်နေတဲ့ဟင်္သာတမြို့တွင်​ဆိုင်​ကယ်​ဖြင့်​ဖုန်းလုယက်​​သောတရားခံ​ခြောက်​ဦး
ဖမ်းဆီးရမိကြောင်းသိရသည်။
သတင်း - ဦးဝင်းသီဟ





ရွှေပြည်သာအမတ်နှင့် မြောင်းမြအမတ်တို့ကို ဥပဒေအတိုင်း လုပ်ဆောင်မည်ဟု ဆို


ရွှေပြည်သာ KTV တခုမှာ လွှတ်တော်ကိုယ်စားတဦး မူးယစ်ရမ်းကားမှုနဲ့ မန္တလေးမှာ လွှတ်တော် ကိုယ်စားလှယ်တဦး အိမ်ထောင်ရေးဖောက်ပြန်တဲ့ ကိစ္စတွေကို ဥပဒေအတိုင်း ဆောင်ရွက်သွား မယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။

ဒီနေ့ နေပြည်တော် စည်ပင်ဧည့်ရိပ်သာဝင်းအတွင်းက ယူနီစန် စားသောက်ဆိုင်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပါတီဗဟို အလုပ်အမှုဆောင်အဖွဲ့ လစဉ် ပုံမှန်အစည်းအဝေးအပြီးမှာ အန်အယ်လ်ဒီပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က သတင်းထောက်တွေကို ပြောခဲ့တာပါ။

“ရွှေပြည်သာကိစ္စကတော့ တရားဥပဒေအတိုင်းပဲ။ သူတို့က ၀င်စွက်စရာအကြောင်းမရှိဘူး။ မန္တလေးမှာ ဖြစ်တဲ့ လူငယ်ခေါင်းဆောင်စိုးမိုးသူ ဒါလည်း ဥပဒေအတိုင်းပဲ ဘာမှဝင်မစွက်ဘူး။”

ဒါ့အပြင် လွှတ်တော် ကိုယ်စားလှယ်တွေ အုပ်ချုပ်မှုပိုင်းဝင်ရောက်စွက်ဖက်မယ်ဆိုရင်တော့ ဥပဒေ အကြောင်းရ အရေးယူသွားမယ်လို့ အန်အယ်လ်ဒီပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်ထိန်က ပြောပါတယ်။

“လွှတ်တော်ကိုယ်စားလှယ်က ဥပဒေကြောင်းကလူ၊ အုပ်ချုပ်မှုဆိုတာသက်သက် ဥပဒေ ကြောင်းကလူက အုပ်ချုပ်မှုပိုင်းကလူနဲ့သွားပြီးမရောနဲ့ မစွက်ဖက်နဲ့သွားပြီး စွက်ဖက်ရင် ပြဿ နာ တတ်မယ် အဲ့ဒါဆို ဥပဒေအကြောင်းရပဲအရေးယူမယ် ကျနော်တို့က ဝင်ပြီးတော့ ပါမှာ မဟုတ်ဘူး။ ကိုယ့်ဘာသာကိုယ်ရှင်းကြ။”

ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြင်ဆင်ချက်ရှိတာပြင်ဆင်ဖို့၊ လူငယ်တွေ ပြန်လည် ဖွဲ့စည်းဖို့၊ လူငယ်တွေကဏ္ဍအတွက် တရုတ်ပြည်ကိုစေလွှတ်ဖို့၊ မကွေတိုင်းဒေကြီးမှာ ဖြစ်ပေါ် ခဲ့တဲ့ အစိုးရအဖွဲ့နဲ့ ပါတီအဖွဲ့အစည်း နည်းနည်းသဟဇာတမဖြစ်တဲ့ကိစ္စတွေကို ဆွေးနွေးခဲ့ တယ်လို့ သိရပါတယ်။

ပါတီအနေနဲ့ တောင်ကြီးက ဒေါ်ခင်မိုးမိုးကိစ္စ (အယူခံဝင်တဲ့ကိစ္စ)နဲ့ ဝန်ကြီးချုပ်တွေကိုလည်း တိုင်းနဲ့ ပြည်နယ်တွေမှာ အလုပ်အကိုင်ဖန်တီးပေးဖို့တွေကိုဆွေးနွေးခဲ့တယ်လို့ ဦးဝင်ထိန်က ပြောဆိုခဲ့ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်နေရာ အားလုံးဝင်ရောက်ယှဉ်ပြိုင်ဖို့ကိုလည်း ဆောင်ရွက် ထားတယ်လို့ သိရပါတယ်။

by - အောင်ကိုကိုလတ်

DVB TV News

ပုသိမ်..ဒါးကကားလမ်း ..ဒါးကအနီး ကြိမ်ချောင်းတံတားအဆင်း..ကားတိုက်ခြင်း


9.10.2016 Sun 14:05 hour at " Daga ".
ပုသိမ်..ဒါးကကားလမ်း ..ဒါးကအနီး ကြိမ်ချောင်းတံတားအဆင်း..ကားတိုက်ခြင်း ...
ဒါးကမြို့မှာဝက်အူချောင်းဝယ်ပြီပြန်လာတဲ့
ပုသိမ်မြို့ " မျိုးဆက်သစ် " စားသောက်ဆိုင် (နာရီစင်အနီး ) မှရပ်ထားသောကားကို
ပုသိမ်ဘက်မှမောင်းလာတဲ့ Landcruser ကားက
ဒရွတ်တိုက်ပါသွားတဲ့အထိဝင်တိုက်တဲ့အတွက် ကားထဲမှပါလာတဲ့အဖွားအိုသွား ၃ ချောင်းကျိုးပြီး
ကလေးငယ်တစ်ဦးဒဏ်ရာရှိသွားပါတယ်..
ယာဉ်မောင်းသူက ကားကိုစက်သတ်ပြီး လမ်းဘေးဆင်းအပေါ့သွားနေချိန်မှာဝင်တိုက်တာပါ..
တိုက်သောကားမှလူ ၃ ဦးဆီကတော့အရက်နံ့အတော်ထွက်နေပါတယ်..ပုဇွန်ရောင်းနေတဲ့ကားလမ်းဘေးကဈေးသည်တွေပြောပြချက်အရတော့တိုက်တဲ့ကားကအမှားပါတဲ့..ရပ်ထားတဲ့ကားကလည်းယာဉ်ကြောမှန်နေတာပဲ..
အခင်းဖြစ်တာ နာရီဝက်ခန့်ကြာနေသော်လည်း ၄ ဖာလုံလောက်သာဝေးတဲ့ ဒါးကရဲစခန်းကတစ်ယောက်မှရောက်ရှိမလာသေးပါ..
ခရက်ဒစ် ကို ဝင်း ခိုင်
Via - Ye Lin Aung




NLD အမတ်တွေရဲ့ လူမှုရေးကိစ္စပါတီက စွက်ဖက်မည်မဟုတ်


အမတ်တွေရဲ့ လူမှုရေးကိစ္စတွေမှာ ပါတီ အနေနဲ့ တစ်စုံတစ်ရာဝင်ရောက်စွက်ဖက်သွားမှာ မဟုတ်ပေမယ့် အပြစ်ရှိခဲ့ရင်တော့ ဥပဒေအရအရေးယူသွားမယ်လို့ NLD ပါတီ စည်းကမ်းထိန်းသိမ်းရေးတာဝန်ယူထားတဲ့ ဦးဝင်းထိန်ကပြောပါတယ်။

သူက" ရွှေပြည်သာ ကိစ္စလည်းတရားဥပဒေအတိုင်းပဲ မန္တလေးမှာဖြစ်တဲ့ ဒေါက်တာ စိုးမိုးသူကိစ္စ ဒါလည်း ဥပဒေအတိုင်းပဲ ဘာမှ ၀င်မစွက်ဖက်ဘူး "လို့  ပြောပါတယ်.။

သည်ရက်ပိုင်းအတွင်း ရွှေပြည်သာ အမတ် ကေတီဗီတစ်ခုမှာ အော်ဟစ်ခြိမ်းခြောက်တယ်ဆိုပြီး အမှုဖွင့်ခံထားရပါတယ်။ မြောင်းမြအမတ်လည်း အိမ်ထောင်ရေးဖောက်ဖျက်မှုကြောင့်ဇနီးဖြစ်သူက ရဲစခန်းမှာတိုင်ကြားခဲ့ပါတယ်။

တရားဥပဒေအရသူတို့ အပြစ်ရှိတယ်လို့  ဆုံုးဖြတ်ခဲ့ရင် ပါတီ အနေနဲ့ လည်းပါတီစည်းကမ်းအရ ဆက်လက် အရေးယူသွားမယ်လို့ ဦးဝင်းထိန်ကပြောတာပါ။
ပါတီစည်းကမ်းထိန်းသိမ်းရေးအနေနဲ့ အမတ်တွေရဲ့ အခုလို ကိုယ်ကျင့်တရားကောင်းဖို့ တွေကအစ ၀တ်စားဆင်ယင်ပုံ တွေ ထိအဆုံး တွေ့ ရင် တွေ့ သလို ဆုံးမလေ့ရှိတယ်လို့ လည်း ဦးဝင်းထိန်ကပြောပါတယ်။

သူက"တရားရေးအရ အရေးယူမယ်ကိုယ်စားလှယ် တစ်ယောက်ရဲ့  ဥပဓိရုပ်ပီသဖို့ ပြောသင့်ပြောထိုက်တာတော့ ပြောနေတာပဲပြောတာ က ပြောတယ်အမြဲအားမနာတမ်းပြောပြောနေတာပဲ " လို့ ဆိုပါတယ်။

Source: Kumudra

လွှတ်တော်ကိုယ်စားလှယ် နောက်မိန်းမနဲဖောက်ပြန်နေမှု ဇနီးဖြစ်သူက အမှုဖွင့်သော်လဲ ပြန်လွှတ်



၉..၁၀..၁၆

မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်( ဒေါက်တာ စိုးမိုးသူ )မှာ အိမ်ထောင်ရှိလျက်နှင့်
မန္တလေးမှ ကဗျာဆရာမဆိုသူ( စောနန္ဒာခိုင် )ဆိုသည့်အမျိုးသမီးနှင့် ဖောက်ပြန်နေတာ ကြာခဲ့ပြီး
( ဒေါက်တာ စိုးမိုးသူ )ရဲ့ ဇနီးကသိရှိထားတာ ကြာပြီဖြစ်သော်လဲ လွှတ်တော် အမတ်၏ဂုဏ်သိက္ခာ
ကို ထောက်ထားပြီး ဆက်လက်မမှားကြဖို့ တာဝန်ရှိသူတွေကို တိုင်ကြားခဲ့သော်လဲ တစုံတရာ အရေးယူ
 ခြင်းမရှိခဲ့ကြောင်း သိရပါတယ် ။

မနေ့ ၈..၁၀..၁၆ နေ့မှာတော့( ဒေါက်တာ စိုးမိုးသူ )ဟာ မန္တလေးမြို့သို့သင်တန်းတက်ရန် ရောက်ရှိနေစဉ်
ကဗျာဆရာမ( စောနန္ဒာခိုင် )ဆိုတဲ့ အမျိုးသမီးနှင့် နဒီမြန်မာ ဟော်တယ် အခန်းနံပတ်( ၀၀၃ ) တွင်အတူ
တည်းခိုနေစဉ်( ဒေါက်တာ စိုးမိုးသူ )၏ဇနီးမှ အမှတ် ၉ ရဲစခန်းကို တိုင်ကြားခဲ့ပြီး  ဒေါက်တာ စိုးမိုးသူဇနီးအပါအ၀င် တာဝန်ရှိသူများနှင့် နဒီမြန်မာဟော်တယ် အခန်းနံပတ် ( ၀၀၃ ) တွင်ည ၉ နာရီခွဲတွင်
ဝင်ရောက်စစ်ဆေးခဲ့ရာ ဒေါက်တာစိုးမိုးသူနှင့် ( စောနန္ဒာခိုင် )ပါ အတူတွေ့ရှိခဲ့ပြီး အမှတ် ( ၉ ) ရဲစခန်းကို ခေါ်ယူပြီး မျက်နှာစုံစီ ပြေပြေလည်လည် ရှင်းလင်းကြဖို့ တာဝန်ရှိ ရဲအရာရှိများက ညိုနှိုင်းပေးခဲ့ကြောင်း
သိရပါတယ်။

ထိုအချိန်တွင် လွှတ်တော်အမတ်ဆိုသူ နောက်တစ်ယောက် အမှတ်( ၉ ) ရဲစခန်းကို ထပ်ရောက်လာပြီး
လွှတ်တော်ကိုယ်စားလှယ်ကို အမှုဖွင့်တယ် ဆိုတာပဲရတယ်။ ဖမ်းမယ်ဆို လွတ်တော် ဥက္ကဌ ခွင့်ပြုမိန့်နဲ့မှ
ရမှာမို့ ဖမ်းပိုင်ခွင့်မရှိဘူး။ သူဇနီးက အမှုဖွင့်တာမဟုတ်ဘူး။တိုင်တန်းတာဘဲ့ရှိတယ်။ ပြန်လွှတ်ပေးဖို့
လာရောက် ပြောကြားခဲ့ကြောင်း မျက်မြင်သက်သေများ ဆိုပါတယ် ။

ထိုနောက် ညှိနှိုင်းရင်းနှင့် ခွန်းတုန့်ခွန်းပြန် စကားများကြပြီး ပြသနာပိုမိုကြီးထွားမလာအောင် မနက် ( ၃ ) နာရီအချိန်တွင် ဒေါက်တာစိုးမိုးသူနှင့် ဇနီး၊ဖောက်ပြန်သူ စောနန္ဒာခိုင် ကိုပါ ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရပါတယ်။

၎င်းကိစ္စနှင့် ပတ်သက်ပြီး မီဒီယာနှစ်ခုမှ သတင်းဓါတ်ပုံများရရှိထားပါသော်လဲပုဂ္ဂိုလ်ရေးဟုဆိုကာ သတင်းထုတ်ပြန်ခြင်း မရှိသည့်အပြင် အမှတ် ၉ ရဲစခန်းကို အကြိမ်ကြိမ်ဆက်သွယ်ပြီး အမှုမှတ်တမ်းကို
ဆက်သွယ်မေးမြန်းခဲ့သော်လဲ တာဝန်ရှိ ရဲအရာရှိမှ ဒီကိစ္စ လုံးဝ မသိကြောင်းငြင်းဆိုခဲ့ကြောင်း
သတင်းရရှိပါတယ်။

မမီမီကျော် ( မန်းလေး ) အလွတ်တန်းသတင်းထောက်