Latest News

Tuesday, October 25, 2016

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်စီမံကိန်း မှန်ကန်သော စနစ်သစ်၊ ပုံစံသစ်ဖြင့် အကောင်အထည်ဖော်မည်


Wednesday, October 26, 2016
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် လွှတ်တော်အဆောက်အအုံနှင့်တကွ အိမ်ရာများ တည်ဆောက်ရန် စီမံကိန်းအတွက် ဗိသုကာဆွဲပုံနှင့် ဒီဇိုင်း ပြိုင်ပွဲတစ်ခု ဖိတ်ခေါ်ကျင်းပခဲ့ရာ ယနေ့တွင် ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ မြို့ရွာနှင့် အိုးအိမ်အဆောက်အအုံ အပေါ်ဆုံးထပ်ရှိ မြန်မာနိုင်ငံ ဗိသုကာအသင်းရုံးခန်း၌ ပဏာမအဆင့်အနေဖြင့် အသင့် တော်ဆုံး ဒီဇိုင်းသုံးခုကို စိစစ်ရွေးချယ်ခဲ့ကြောင်း သိရသည်။
ဒီဇိုင်း ရွေးချယ်ရေးအဖွဲ့တွင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်အပါအဝင် လွှတ်တော်နှင့် တိုင်းဒေသကြီး အစိုးရကိုယ်စားပြု ရွေးချယ်ရေးအဖွဲ့ဝင် ခြောက်ဦးနှင့် မြန်မာနိုင်ငံ ဗိသုကာအသင်း၏ အလုပ်အမှုဆောင် ဗိသုကာပညာရှင် နှစ်ဦး၊ မြန်မာနိုင်ငံ ဗိသုကာကောင်စီ အလုပ်အမှုဆောင် ပညာရှင်တစ်ဦးတို့ ပါဝင်ပြီး ပြိုင်ပွဲသို့ တင်သွင်းလာသော ပြိုင်ပွဲဝင် ဗိသုကာဆွဲပုံ ၂၂ ပုံကို စိစစ် အကဲဖြတ်ကြသည်။ ပြိုင်ပွဲဝင် ၂၂ ပုံ အနက်မှ အကောင်းဆုံး ဒီဇိုင်းသုံးခုကို ပဏာမဆင့်အနေဖြင့် ရွေးချယ်ခဲ့ကြောင်းလည်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ဆောက်လုပ်မည့် လွှတ်တော် အဆောက်အအုံ စီမံကိန်းအတွက် လွန်ခဲ့သည့် စက်တင်ဘာလကတည်း က တိုင်းဒေသကြီးလွှတ်တော်က စတင်ပြင်ဆင်ခဲ့ကြပြီး မြန်မာနိုင်ငံ ဗိသုကာအသင်းသို့ အကူအညီတောင်းခံကာ ဗိသုကာပြိုင်ပွဲကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ ပုံမှန်အားဖြင့် ယခင်ကဆိုလျှင် အဆောက်အအုံစီမံ ကိန်းတစ်ခု ဆောက်လုပ်တော့မည်ဆိုလျှင် ဆောက်လုပ်မည့် ကန်ထရိုက်တာကို တင်ဒါဖြင့် ရွေးချယ်ပြီး ရွေးချယ်ခံရသူ တင်ပြသည့် ပုံစံဖြင့်သာ ဆောက်လုပ်ကြသည့်စနစ်ထက် အမှန်တကယ်လိုအပ်သော ပုံစံနှင့် ဒီဇိုင်းကို စိတ်တိုင်းကျ ကြိုတင်ရွေးချယ်ပြီးမှ ထိုပုံစံအတိုင်း ဆောက်လုပ်မည့် ကန်ထရိုက်ကို တင်ဒါခေါ် ရွေးချယ်သွားမည်ဆိုသည့် စနစ်သည် ပွင့်လင်းကာ တည့်မတ်မှန်ကန်သည့် လမ်းသစ်ကို ဖော်ဆောင်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဗိသုကာအသင်း ဒုတိယဥက္ကဋ္ဌ-၁ ဦးမော်လင်းက ပြောကြားသည်။

လိုအပ်သည့် ပုံစံနှင့် ဆောက်လုပ်မည့် ပစ္စည်းအမျိုးအစားများကို ရွေးချယ်ပြီးမှ ဆောက်လုပ်မည့် ကန်ထရိုက်ကို ရွေးချယ်ခြင်းဖြစ်သည့်အတွက် စံချိန်စံညွှန်း မှန်ကန်တိကျမှုအတွက် ပိုမိုစိတ်ချရမည်ဖြစ်ကြောင်းနှင့် ယခုကဲ့သို့သော ကန်ထရိုက် ရွေးချယ်သည့် စနစ်သစ်ကို ဆုံးဖြတ်ကာ ပထမဆုံးစတင်အကောင်အထည်ဖော်သည့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်၏ အမြော်အမြင်ရှိမှုသည် ပြည်သူလူထုအတွက် အကျိုးကျေးဇူး အမှန်တကယ်ရှိမည်ဟု ယုံကြည်ကြောင်းကိုလည်း ပြောကြားသည်။
ယနေ့ ပထမအဆင့်ပုံစံ သုံးခုကို ရွေးချယ်ပြီးသည့်နောက် အောက်တိုဘာ ၂၉ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် နောက်ဆုံး ဆန်ခါတင်အဆင့် ဗိသုကာပုံစံကို ဆက်လက်ရွေးချယ်ပြီး ဆုရသည့် ဒီဇိုင်းကို အသေးစိတ်ရေးဆွဲစေကာ ဆောက်လုပ်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်။
MOI Webportal Myanmar
(အမ်ဂျီစီအက်စ်)

No comments:

Post a Comment