Latest News

Sunday, August 7, 2016

တိုင်းဧရာတွင် ရေကြီးနစ်မြုပ်မှုကြောင့် ရေဘေးသင့်ပြည်သူ ၁၂၀၀၀ ခန့် ကယ်ဆယ်ရေးစခန်း များတွင် ခိုလှုံနေရေ



မျိုးမင်းထွန်း - ဧရာဝတီတိုင်း(မြစ်မခ)

ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိမြို့နယ် ၈ မြို့နယ်မှ ရေကြီး နစ်မြုပ်မှုများကြောင့် ဒေသခံပြည်သူ ၁၂၀၀၀ ခန့်သည် နေအိမ်များကိုစွန့်ခွာ၍ ကယ်ဆယ်ရေးစခန်းများတွင် ခှိုလှုံနေရကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရှိရသည်။

သြဂုတ်လ ၂ ရက်နေ့မှ စတင်၍ ဟင်္သာတ၊ မအူပင်၊ ဇလွန်၊ ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ ရေကြည်နှင့် ဓနုဖြူ မြို့နယ်တို့ရှိ အိမ်ထောင်စုပေါင်း ၂၁၆၅ စုမှ ရေဘေးဒဏ်ခံနေရသည့် ပြည်သူများအတွက် ကယ်ဆယ်ရေး စခန်း ၁၀၂ ခု ဖွင့်လှစ်စောင့်ရှောက်နေရကြောင်း ဧရာဝတီတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာန ညွန်ကြားရေးမှူး ဦးသန်းစိုးက ပြောသည်။

ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းများမှာ မြန်အောင်မြို့နယ်တွင် ၃၃ ခု၊ ဓနုဖြူမြို့နယ်တွင် ၂၂ ခု၊ ဟင်္သာတမြို့နယ်တွင် ၂၀ ခု၊ ဇလွန်မြို့နယ်တွင် ၁၂ ခု၊ ၊ကြံခင်းမြို့နယ်တွင် ၈ ခု၊အင်္ဂပူမြို့နယ်တွင် ၄ ခု၊ရေကြည်မြို့နယ်တွင် ၂ ခုနှင့် မအူပင်မြို့နယ်တွင် ၁ ခု တို့ဖွင့်လှစ်ကာ အစားအစာနှင့် သောက်ရေသန့်များ ထောက်ပံ့ထားကြောင်း ဧရာဝတီတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာနစာရင်းများအရ သိရသည်။

သြဂုတ်လ ၆ ရက်နေ့အထိ ဧရာဝတီမြစ်နှင့် င၀န်မြစ်ရေတို့မှာ ရေကြီးနစ်မြုပ်မှုဖြစ်ပွား နေသည့်မြို့များတွင် စိုးရိမ်ရေမှတ် အထက် ၁ ပေမှ ၄ ပေခန့်အထိကျော်လွန်လျှက်ရှိပြီးဓနုဖြူ၊ ဟင်္သာတ၊ မြန်အောင်နှင့် ငါးသိုင်းချောင်းမြို့တို့တွင်မြစ်ရေတားတမံများ ကျိုးပေါက်မှုမရှိစေရန် ဌာနဆိုင်ရာများနှင့် ဒေသခံများ ၀ိုင်းဝန်းစောင့်ကြည့် နေရကြောင်းဒေသခံများထံမှ သိရသည်။
Shwe Myitmakha Media Group

No comments:

Post a Comment