Latest News

Sunday, August 7, 2016

ပုသိမ္ခရုိင္သစ္ေတာႀကိဳး၀ိုင္းမ်ားမွ ဆင္မ်ား (၅)ႏွစ္အတြင္း (၄၂)ေကာင္ ေခါင္းျဖတ္အသတ္ခံရ

ပုသိမ္၊ ၾသဂုတ္ ၂
မ်ိဳးမင္းထြန္း (ျမစ္မခ)

ဧရာ၀တီတိုင္းေဒသႀကီး ပုသိမ္ခရုိင္အတြင္း သစ္ေတာႀကိဳး၀ိုင္းမ်ားအတြင္း၌ ၂၀၁၁ ခုႏွစ္မွ၂၀၁၆ ခုႏွစ္ အတြင္း ေတာဆင္ရိုင္း(၄၂)ေကာင္ ေခါင္းျဖတ္အသတ္ခံခဲ့ရေၾကာင္း ပုသိမ္ခရိုင္ရဲတပ္ဖဲြ႔မွဴးရံုး၏ မႈခင္းမွတ္တမ္းမ်ား အရ သိရွိရသည္။

ရခိုင္ရိုးမႏွင့္ဆက္စပ္ေနသည့္ ပုသိမ္ၿမိဳ႕နယ္ႏွင့္ ငပုေတာၿမိဳ႕နယ္အတြင္းရွိ သစ္ေတာမ်ားအတြင္း ဆင္သတ္
မုဆိုးမ်ားမွ ဂိုဏ္းဖြဲ႔၍ ေတာဆင္ရိုင္းမ်ားကို စီးပြားေရးအတြက္သတ္ျဖတ္ခဲ့မႈေၾကာင့္ ဆင္မ်ားေသဆံုးရျခင္းျဖစ္ ေၾကာင္း ပုသိမ္ခရုိင္ရဲတပ္ဖြဲ႔၏ တာ၀န္ရွိသူမ်ားထံမွ သိရသည္။

“ေႏြရာသီ ေရခမ္းခ်ိန္၊အစာေရစာရွားပါးခ်ိန္မွာ ဆင္ေတြက စားက်က္အသစ္လိုက္ရွာတယ္။အစာရွိတဲ့ေနရာ ေတြကို ေျပာင္းလာၾကတယ္။အဲဒီမွာ ဆင္ပစ္မုဆိုးေတြက ေျခရာခံၿပီးသတ္ျဖတ္ၾကတာ။”ဟု ပုသိမ္ခရိုင္၊ ရဲတပ္
ဖဲြ႔မွဴး ဒုရဲမွဴးႀကီး ၀င္းျမင့္ထူးက ေျပာသည္။

ဆင္မ်ားကိုသတ္၍ ေခါင္းျဖတ္အစြယ္ထုတ္ယူသူမ်ားကို သစ္ေတာဦးစီးဌာနႏွင့္ ျမန္မာႏိုင္ငံ ရဲတပ္ဖဲြ႔အေနျဖင့္ (၅)ႏွစ္အတြင္း တရားခံ(၃၀)ဦးကို ဖမ္းဆီးတရားစဲြဆိုႏိုင္ခဲ့ၿပီး အနည္းဆံုးေထာင္ဒဏ္(၂)ႏွစ္မွ အမ်ားဆံုး (၅)ႏွစ္ အထိ ျပစ္ဒဏ္မ်ားခ်မွတ္ႏိုင္ခဲ့ေၾကာင္း သစ္ေတာဦးစီးဌာနမွ သိရသည္။

“အရင္က ဆင္သတ္ၿပီး ေခါင္းကိုျဖတ္တာ အစြယ္ကိုလိုခ်င္တာအဓိကပဲ။ ဒီဘက္ႏွစ္ေတြမွာေတာ့ အစြယ္တင္ မဟုတ္ဘဲ အေရျပား၊အၿမီးကိုပါ ယူတဲ့အျပင္ ေတာထဲမွာဆင္မုဆိုးေတြက ေတာထဲမွာစားဖို႔ရိကၡာအျဖစ္ ေက်ာ
ရုိးေတာက္ေလွ်ာက္က အသားေတြကိုလွီးထုတ္ၿပီး ယူတာေတြရွိလာတယ္။”ဟု ငပုေတာၿမိဳ႕နယ္၊ တင္းေခ်ာင္း ေက်းရြာ၊ အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းေလးက ေျပာသည္။

ဆင္မ်ားေသဆံုးရျခင္းသည္ အလြန္အကြ်ံသစ္ခုတ္သျဖင့္ သစ္ေတာျပဳန္းတီးျခင္း၊ လူတို႔က်ဴးေက်ာ္ေနထိုင္ စိုက္ပ်ဳိးျခင္းမ်ားေၾကာင့္ ဆင္စားက်က္မ်ား ေပ်ာက္ဆံုးကုန္သည့္အတြက္ အစားအစာႏွင့္ေနစရာ ရွားပါး လာသည့္ ေတာဆင္ရိုင္းမ်ားမွာ လူေနေက်းရြာမ်ားအနီးလာေရာက္ရာမွ ေသဆံုးခဲ့ရျခင္းျဖစ္ေၾကာင္း ေဒသခံ မ်ားထံမွ သိရသည္။

သစ္ေတာဦးစီးဌာနစာရင္းမ်ားအရ (၅)ႏွစ္အတြင္း ဆင္သတ္ဆင္စြယ္ျဖတ္မႈမ်ားေၾကာင့္ ရိုးမတေလွ်ာက္တြင္ ေတာဆင္ရုိင္းမ်ားတြင္ စြယ္စံုဆင္မ်ားရွားပါးလာၿပီး ဆင္ရိုင္းအေကာင္ေရ(၁၂၀၀)မွ (၁၆၀၀)ၾကားသာ
က်န္ရွိ ေတာ့ေၾကာင္း သိရသည္။

(Unicode)

ပုသိမ်ခရိုင်သစ်တောကြိုးဝိုင်းများမှ ဆင်များ (၅)နှစ်အတွင်း (၄၂)ကောင် ခေါင်းဖြတ်အသတ်ခံရ
================================================

ပုသိမ်၊ သြဂုတ် ၂
မျိုးမင်းထွန်း (မြစ်မခ)

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်အတွင်း သစ်တောကြိုးဝိုင်းများအတွင်း၌ ၂၀၁၁ ခုနှစ်မှ၂၀၁၆ ခုနှစ် အတွင်း တောဆင်ရိုင်း(၄၂)ကောင် ခေါင်းဖြတ်အသတ်ခံခဲ့ရကြောင်း ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၏ မှုခင်းမှတ်တမ်းများ အရ သိရှိရသည်။

ရခိုင်ရိုးမနှင့်ဆက်စပ်နေသည့် ပုသိမ်မြို့နယ်နှင့် ငပုတောမြို့နယ်အတွင်းရှိ သစ်တောများအတွင်း ဆင်သတ်
မုဆိုးများမှ ဂိုဏ်းဖွဲ့၍ တောဆင်ရိုင်းများကို စီးပွားရေးအတွက်သတ်ဖြတ်ခဲ့မှုကြောင့် ဆင်များသေဆုံးရခြင်းဖြစ် ကြောင်း ပုသိမ်ခရိုင်ရဲတပ်ဖွဲ့၏ တာဝန်ရှိသူများထံမှ သိရသည်။

“နွေရာသီ ရေခမ်းချိန်၊အစာရေစာရှားပါးချိန်မှာ ဆင်တွေက စားကျက်အသစ်လိုက်ရှာတယ်။အစာရှိတဲ့နေရာ တွေကို ပြောင်းလာကြတယ်။အဲဒီမှာ ဆင်ပစ်မုဆိုးတွေက ခြေရာခံပြီးသတ်ဖြတ်ကြတာ။”ဟု ပုသိမ်ခရိုင်၊ ရဲတပ်
ဖွဲ့မှူး ဒုရဲမှူးကြီး ဝင်းမြင့်ထူးက ပြောသည်။

ဆင်များကိုသတ်၍ ခေါင်းဖြတ်အစွယ်ထုတ်ယူသူများကို သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် (၅)နှစ်အတွင်း တရားခံ(၃၀)ဦးကို ဖမ်းဆီးတရားစွဲဆိုနိုင်ခဲ့ပြီး အနည်းဆုံးထောင်ဒဏ်(၂)နှစ်မှ အများဆုံး (၅)နှစ် အထိ ပြစ်ဒဏ်များချမှတ်နိုင်ခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

“အရင်က ဆင်သတ်ပြီး ခေါင်းကိုဖြတ်တာ အစွယ်ကိုလိုချင်တာအဓိကပဲ။ ဒီဘက်နှစ်တွေမှာတော့ အစွယ်တင် မဟုတ်ဘဲ အရေပြား၊အမြီးကိုပါ ယူတဲ့အပြင် တောထဲမှာဆင်မုဆိုးတွေက တောထဲမှာစားဖို့ရိက္ခာအဖြစ် ကျော
ရိုးတောက်လျှောက်က အသားတွေကိုလှီးထုတ်ပြီး ယူတာတွေရှိလာတယ်။”ဟု ငပုတောမြို့နယ်၊ တင်းချောင်း ကျေးရွာ၊ အုပ်ချုပ်ရေးမှူး ဦးထွန်းလေးက ပြောသည်။

ဆင်များသေဆုံးရခြင်းသည် အလွန်အကျွံသစ်ခုတ်သဖြင့် သစ်တောပြုန်းတီးခြင်း၊ လူတို့ကျူးကျော်နေထိုင် စိုက်ပျိုးခြင်းများကြောင့် ဆင်စားကျက်များ ပျောက်ဆုံးကုန်သည့်အတွက် အစားအစာနှင့်နေစရာ ရှားပါး လာသည့် တောဆင်ရိုင်းများမှာ လူနေကျေးရွာများအနီးလာရောက်ရာမှ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံ များထံမှ သိရသည်။

သစ်တောဦးစီးဌာနစာရင်းများအရ (၅)နှစ်အတွင်း ဆင်သတ်ဆင်စွယ်ဖြတ်မှုများကြောင့် ရိုးမတလျှောက်တွင် တောဆင်ရိုင်းများတွင် စွယ်စုံဆင်များရှားပါးလာပြီး ဆင်ရိုင်းအကောင်ရေ(၁၂၀၀)မှ (၁၆၀၀)ကြားသာ
ကျန်ရှိ တော့ကြောင်း သိရသည်။

No comments:

Post a Comment