Latest News

Sunday, August 7, 2016

7-8-2016 ပြည်တော်သာအိမ်ရာစီမံကိန်း ပြည်သူ့သဘောဆန္ဒ ကောက်ခံပွဲ



၀၇.၀၈.၂၀၁၆
ပုသိမ်မြို့
ပြည်တော်သာအိမ်ရာစီမံကိန်း ပြည်သူ့သဘောဆန္ဒ ကောက်ခံပွဲ
“ပြည်တော်သာအိမ်ရာသမိုင်းကြောင်း”
- ဝန်ကြီးချုပ်ဟောင်း ဦးနုလက်ထက်တွင် အကောင်အထည်ဖော်သည့်
အိမ်ရာစီမံကိန်းဖြစ်ပါသည်။
- ၁၉၉၄ခုနှစ်တိုင်းမှုးဗိုလ်ချုပ်မြင့်အောင်က ပြည်သူ့အိမ်ရာအဖြစ်
အစည်းအဝေးဆုံးဖြတ်ခဲ့ပြီး ဝန်ထမ်းမဟုတ်သူများအား
အိမ်ခန်းများမှ ဖယ်ရှားမှု ပြုလုပ်ခဲ့သေးသည်ဟု သိရှိရသည်။
- ပထမအစိုးရသက်တမ်းတွင် ပြည်တော်သာအိမ်ရာအား
မနောသုခ အိမ်ရာပြုလုပ်ပြီး လုံးချင်းအိမ်ရာများအဖြစ်
၎ ထပ်တိုက်များ၊ ၆ ထပ်တိုက်များဆောက်လုပ်ရန် စီစဉ်သဖြင့်
ပြည်တော်သာအိမ်ရာနေထိုင်ကြသူများမှ ကန့်ကွက်ခဲ့ကြသည်။
- ပြည်တော်သာအိမ်ရာတွင် ပင်စင်စားများ၊ ဝန်ထမ်းများနှင့် ပြည်သူများ
စုစုပေါင်း အိမ်ထောင်စု (၃၅၀) နေထိုင်လျှက်ရှိသည်။
- ယင်းအပြင် အိုးအိမ်မှ တစ်နှစ်ကျော်ကြာ အိမ်လခမကောက်ခံသည့်
အိမ်ခန်း (၁၇၇) ခန်းရှိသည်ဟုလည်း သိရှိရသည်။
……………………………………………………..
“တက်ရောက်လာသော ပြည်တော်သာအိမ်ရာတွင်နေထိုင်ကြသူများ၏ ဆန္ဒသဘောထား”
- ပြည်တော်သာအိမ်ရာကို ပြည်သူ့အိမ်ရာအဖြစ် ဆက်လက်ထားရှိပေးရန်။
- အိမ်လခမကောက်ခံသည့် အိမ်ခန်း (၁၇၇) ခန်းအား လစာအမြန်ကောက်ပေးရန်။
…………………………………………………………………
“ပြည်သူ့သဘောဆန္ဒ…..”
တက်ရောက်လာသောသူ (၂၅၀) တွင်….
အိမ်ရာအား ယခုအတိုင်းထားရှိပေးရန် ဆန္ဒမဲပေးသူ - ( ၂၄၄ ) ယောက်
အိမ်ရာအသစ်တည်ဆောက်ပေးရန် ဆန္ဒမဲပေးသူ - ( ၄ ) ယောက်
ကြားနေ ဆန္ဒမဲပေးသူ - ( ၂ ) ယောက်
( ပြည်သူ့ဆန္ဒသဘောထားအား အစိုးရကတ်ဘိနတ်ဝန်ကြီးများအဖွဲ့
အစည်းအဝေးတွင် တင်ပြဆောင်ရွက်သွားမည်။)
Ref : Credit to Mizzima
Admin

No comments:

Post a Comment