Tuesday, August 9, 2016
ဧရာဝတီတိုင်းအတွင်းရှိ ခရိုင်(၃)ခုတွင် ရေဘေးဒဏ်ခံနေရသူ လူပေါင်း (၄)သိန်းအထိ တိုးလာ
မျိုးမင်းထွန်း (မြစ်မခ)
ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်နှင့် မအူပင်ခရိုင်များမှ လူဦးရေ (၄)သိန်းခန့်သည် ရေဘေးဒဏ်ခံစားနေရကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၏ သြဂုတ်လ(၉)ရက်၊ နေ့လည်(၁၂)နာရီ ထုတ်ပြန်သည့် စာရင်းများအရ သိရှိရသည်။
အဆိုပါ ခရိုင်များတွင် ကျေးရွာပေါင်း(၇၈၁)ခု ရေနစ်မြုပ်နေ၍ ကယ်ဆယ်ရေးစခန်း(၂၂၅)ခုတွင် လာရောက်ခို လှုံသူဦးရေ (၄၉၀၀၀)ကျော်ရှိပြီး ကျန်ရေဘေးသင့်ပြည်သူသုံးသိန်းခွဲကျော်သည် ကယ်ဆယ်ရေးစခန်းများသို့ မရောက်ဘဲ မိမိအစီအစဉ်ဖြင့် အခြားနေရာများတွင် ပြန့်ကျဲနေထိုင်နေကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
Shwe Myitmakha Media Group
ဧရာဝတီတိုင်းအတွင်းရှိ ခရိုင်(၃)ခုတွင် ရေဘေးဒဏ်ခံနေရသူ လူပေါင်း (၄)သိန်းအထိ တိုးလာ
Reviewed by timeayeyar
on
9:25 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment