Tuesday, August 9, 2016
ဧရာတိုင်းအစိုးရ ရေဘေး ကူညီရေး အစီအမံ
ဧရာတိုင်းအစိုးရက ခရိုင်တစ်ခုကို သိန်း ၂၀၀ ဆန်အိတ် ၁၀၀၀ ရေသန့်များ ပေးထားပါတယ် သက်ဆိုင်ရာဝန်ထမ်း များ အနေနဲ့ ရေဘေးသင့်ပြည်သူများထံ အလေအလွင့်မရှိဘဲ ရောက်ရှိအောင် ဆောင်ရွက်ပေးကြပါ လို့ တိုက်တွန်း လိုက်ပါတယ်။
လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့်နေရာပြန်လည်ချထားရေး ဌာနကလည်း လိုအပ်တဲ့ အထောက်အပံ့တွေ လုပ်ဆောင်နေတယ် လို့သိရပါတယ်။
လက်ရှိအချိန်ထိ ဧရာတိုင်းရေဘေး အတွက် ကမ္ဘောဇဘဏ်မှ ကျပ်သိန်း ၁၀၀၀၊ ဧရာဝတီ ဘဏ်မှ
ကျပ်သိန်း ၁၀၀၀ အပါအဝင် အခြားအလှူရှင်များ နှင့်စုစုပေါင်း ကျပ်သိန်း ၄၀၀၀ ကို အစိုးရအဖွဲ့ ထံလှူဒါန်းထားပြီး ရေဘေးအတွက် တပြားတချပ်မကျန် သုံးစွဲသွားမယ်လို့ ဝန်ကြီးချုပ် မန်းဂျော်နီက ပြောထားပါတယ်။
ကျန်းမာရေးအတွက် အဖွဲ့ငယ် ၂၀ ခန့်ဖွဲစည်းပြီး လှည့်လည်ကုသပေး သွားမယ်လို့ လည်းသိရပါတယ်။
မျိုးမင်း ထွန်း
ဧရာတိုင်းအစိုးရ ရေဘေး ကူညီရေး အစီအမံ
Reviewed by timeayeyar
on
9:29 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment