Latest News

Saturday, August 20, 2016

ချင်းရိုင်ရဲ့ လှပတဲ့လက်ဝှေ့မယ်


 ချောမောနုနယ်တဲ့မိန်းကလေးတစ်ယောက်နဲ့လက်ဝှေ့ထိုးခြင်းဆိုတဲ့အလုပ်ဟာ
ဆန့်ကျင်ဖက်လိုဖြစ်နေပေမယ့် ထိုင်းနိုင်ငံက ရွန်ဂျီရာနွန်း ဆိုတဲ့မိန်းကလေးဟာ
မင်းသမီးတစ်ဦးလိုချောမောပြီး သူ့ရဲ့အလုပ်က လက်ဝှေ့ထိုးသတ်ခြင်းဖြစ်ပါတယ်။
ချင်းရိုင်ဇာတိလက်ဝှေ့မယ် ရွန်ဂျီရာနွန်း ဟာ အသက်၂၃ နှစ်ရှိပြီး ထိုင်းနိုင်ငံရဲ့ မြောက်စွန်းစွန်းက ချင်းရိုင်ဇာတိဖြစ်ပါတယ်။မီဒီယာတွေမှာ သူ့ကိုလှပတဲ့လက်ဝှေ့မယ်အဖြစ် ဖော်ပြကြပါတယ်။
လက်ဝှေ့အလုပ်နဲ့အသက်မွေးပြီး ကျောင်းစားရိတ်ရှာတယ်။မိဘကိုလည်း ဒီအလုပ်နဲ့ပဲရှာဖွေကျွေးမွေးတယ်။

သူ့အဖေက သူ့ကိုစွန့်ခွာသွားခြင်းခံရတဲ့နွန်းဟာ ကျန်းမာရေးနဲ့အားကစားကိုစိတ်ဝင်စားခဲ့တယ်။
သူကဟော်တယ်စီမံအုပ်ချုပ်ရေးနဲ့ခရီးသွားဘာသာရပ်နဲ့ ကောလိပ်ကဘွဲ့ရဖြစ်တယ်။
တရုတ်ပြည်ကို ဆက်လက်ပညာသင်ကြားဖို့စကောလားရှစ်ရခဲ့ပေမယ့် လက်ဝှေ့ထိုးဖို့ရွေးချယ်ခဲ့တယ်။
လက်ဝှေ့ စခန်းကိုရောက်တော့ အကောင်းဆုံးအမျိုးသမီးလက်ဝှေ့မယ်တစ်ဦးဖြစ်တဲ့ နွန်ပရာနဲ့တွဲပြီး လေ့ ကျင့်ရတယ်။
သူ့ရဲ့ပထမဆုံးလက်ဝှေ့ပွဲက ပြီးခဲ့တဲ့သောကြ်ာနေ့က ဘန်ကောက်မှာ မိခင်များနေ့အတွက်အထိမ်းအမှတ်ပွဲ မှာဖြစ်တယ်။ ဒီပွဲအတွက် သူ ဘတ်တစ်သောင်းရမှာဖြစ်တယ်။
"ကျမရဲ့ပထမဆုံးပွဲအတွေ့အကြုံဖြစ်ပါတယ်။ စင်ပေါ်မှာ လုံးဝအတွေ့အကြုံမရှိခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်လလုံးလုံး အပြင်းအထန်လေ့ကျင့်ခဲ့လို့ ကျမနိုင်မယ်ဆိုတဲ့ယုံကြည်ချက်ရှိပါတယ်။" လို့ ပြောခဲ့ပါတယ်။
လာမယ့်ကြာသာပတေးနေ့မှာ
တရုတ်ပြည်က လက်ဝှေ့မယ်နဲ့ချင်းမိုင်မှာ ထိုးသတ်ရမှာဖြစ်ပါတယ်။
နွန်းကတော့ သူ့ကို လှပတဲ့လက်ဝှေ့မယ်ဆိုတာထက် လက်ဝှေ့ကြိုးဝိုင်းအတွင်းမှာ
တကယ်ထိုးသတ်နိုင်တဲ့လက်ဝှေ့မယ်တစ်ဦးအဖြစ်လူများအသိအမှတ်ပြုလာဖို့မျှော်လင့်ပါတယ်။
တိုင်းဧရာ

No comments:

Post a Comment