Latest News

Wednesday, June 22, 2016

ဘိုကလေးမြို့နယ်၌ ဘင်ဂိုလောင်းကစားဝိုင်း ဖမ်းဆီးရမိ

( ၂၀-၆-၂၀၁၆)

၁၈- ၆- ၂၀၁၆ ရက်နေ့ ညနေ ၀၄.၃၀ အချိန်တွင် ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြင်းကကုန်းနယ်မြေရဲစခန်းမှစခန်းမှူး ရဲအုပ်ခိုင်မင်းထွန်း နှင့်အဖွဲ့သည်သက်သေများနှင့်အတူ မြင်းကကုန်းကျေးရွာ၊ အမှတ်(၂) နယ်မြေနေမခင်မာမြင့် (၃၀)နှစ်၊ (ဘ)ဦးခင်မောင်မြင့်၊ ဗမာ/ဗုဒ္ဒ၊ ကျဘမ်းလုပ်သူ၏ နေအိမ်တွင်လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၏ နေအိမ်အတွင်း ၀င်ရောက်ရှာဖွေခွင့် ၀ရမ်းအမှတ်(၄/၂၀၁၆)ဖြင့်
ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ရာ နေအိမ်နောက်ဖေးအတွင်း အိမ်ရှင်မခင်မာမြင့်နှင့်အတူ မငယ်၊ မမြတ်မြတ်မူ၊ မဇာဇာ၊ မစန်းစန်းမော်တို့(၅)ဦးအား ဘင်ဂိုလောင်းကစားပြုလုပ်ရာတွင် အသုံးပြုသောပစ္စည်းများ ၊ လောင်းကြေးငွေ(၁၃၅၀)နှင့်အတူ တွေ့ရှိရာ သိမ်းဆည်းခဲ့ပြီး ရဲအုပ်ခိုင်မင်းထွန်းမှ တရားလိုပြုလုပ်တိုင်တန်းကာ မြင်းကကုန်းနယ်မြေရဲစခန်းမြို့မရဲစခန်း၏ (ပ)၁၁/၂၀၁၆ဖြင့် လောင်းကစားဥပဒေပုဒ်မ-
၁၃(က)/၁၄(က)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရပါသည် ။

ကိုးကား - ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရူံး

No comments:

Post a Comment