မျိုးမင်းထွန်း (မြစ်မခ)
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ဧရာဝတီတိုင်းဒေသကြီး၊၀န်ကြီးချုပ် မန်းဂျော်နီမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအကြီးအကဲများနှင့် မြေစာရင်းဦးစီးဌာနအကြီးအကဲများကို ရိုးသားမှုနှင့် ပွင့်လင်းမြင်သာမှုရှိရန်အပြင် စာရိတ္တ ကောင်းစွာ အလုပ်လုပ်ရန် ဇွန်လ ၂၂ ရက်တွင် မှာကြားလိုက်ကြောင်း သိရှိရသည်။
“အလုပ်လုပ်တဲ့နေရာမှာ ပွင့်လင်းမြင်သာမှုရှိဖို့ ပွင့်လင်းမြင်သာမှုနောက်မှာ ရိုးသားမှု၊ ဖြောင့်မတ်ခြင်းရှိဖို့ အရေးကြီးပါ တယ်။ဒါမှမဟုတ်လို့ ရှိရင်ပွင့်တော့ ပွင့်လင်းတယ် ရိုးသားဖြောင့်မတ်မှုမရှိဘူးဆိုရင် အားလုံး ပြဿနာ တက်လာမှာပဲဖြစ်ပါတယ်။စာရိတ္တကောင်းကောင်းနဲ့ ကျွန်တော်တို့တိုင်းဒေသကြီး တိုးတက်အောင် လုပ်ဆောင်ကြဖို့ မှာကြားလိုပါတယ်။”ဟု ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် မန်းဂျော်နီက ပြောသည်။
ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ရက်(၁၀၀)စီမံချက်အဖြစ် တစ်မြို့နယ်လျှင် တစ်ရွာနှုန်း ကျေးရွာမြေဌားဂရန် ထုတ်ပေးရေး လုပ်ငန်းညှိုနှိုင်းအစည်းအဝေးပွဲ၌ ၀န်ကြီးချုပ်မှ ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးမောင်မောင်စန်း ၊ညွန်ကြားရေးမှူးများ၊ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး၊ မြေစာ ရင်းဦးစီးဌာနမှ ဦးစီးမှူး ဦးကျော်ထင်၊ ခရိုင်မြေစာရင်း ဦးစီးမှူးများနှင့် မြို့နယ်မြေစာရင်းဦးစီးမှူးအားလုံးတက်ရောက်ခဲ့ကြောင်း သိရသည်။
Shwe Myitmakha Media Group
Thursday, June 23, 2016
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအကြီးအကဲများနှင့် မြေစာရင်းဦးစီးဌာနအကြီးအကဲများကို ရိုးသားစွာ လုပ်ကိုင်ရန် တိုင်းဧရာဝန်ကြီးချုပ် မှာကြား
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအကြီးအကဲများနှင့် မြေစာရင်းဦးစီးဌာနအကြီးအကဲများကို ရိုးသားစွာ လုပ်ကိုင်ရန် တိုင်းဧရာဝန်ကြီးချုပ် မှာကြား
Reviewed by timeayeyar
on
5:48 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment