Latest News

Thursday, May 12, 2016

NLD ခေါင်းဆောင်ကြီးများနဲ့ NLD ချစ်သူများသိစေဖို့

အောက်ပါသတင်းအချက်အလက်များသည် အတည်ပြုချက်ရရှိထားသောသတင်းအချက်အလက်များ
မဟုတ်၍မှန်ကန်သည်ဟု တိုင်းဧရာမှ အာမ မခံနိုင်ပါ။ရေးသားသူ မောင်ကာလု၏အာဘော်သာလျှင်ဖြစ်ပါသည်။စွတ်စွဲခံရသူမှ ပြန်လည်ဖြေရှင်းချက်ရရှိလျှင် ထပ်မံတင်ပြပါမည်။
...................................................
NLD ခေါင်းဆောင်ကြီးများနဲ့ NLD ချစ်သူများသိစေဖို့

မဟာသင်္ကြန်အပြီး နှစ်ဆန်း ၁ရက်နေ့ က
ဧရာဝတီတိုင်းဒေသ လွှတ်တော်ဥ့က္ကဌ ဦးအောင်ကျော်ခိုင်နဲ့ပုသိမ်မြို့နယ်မဲဆန္ဒနယ် ပြည်သူလွှတ်တော်
ကိုယ်စားလှယ်ဦးဝေလှိုင်ထွန်းတို့ငွေဆောင်က ရပ်ကွက် အုပ်ချုပ်ရေးမှူး အ
မည်ခံ မြေပွဲစား အိမ်ပွဲ စား ကိုကိုနိုင်အပါအ၀င် အမည် မသိ လူ ၃ ဦး တို့က ငွေဆောင် ၇ွက်လှေဟိုတယ် မှာည စာ စားပွဲနဲ့တည်ခင်း ဧည့်ခံခဲ့ပါတယ်။

ဥက္ကဌ ဦးအောင်ကျော်ခိုင်နဲ့ ဦးဝေလှိုင်ထွန်း တို့အဲဒိနေ့ ည ၁၀ နာရီကျော်မှာပုသိမ်ကိုပြန်ရောက်ကြပါတယ်။
ချောင်းသာဒေသခံပြည်သူတွေကပြောပါတယ်သူတို့တွေခ၇ီုနီ နဲ့ လုပ်ငန်းရှင် ပွဲစားတွေ ကျွေး တာကို
စားရင် တော့အခက်ပဲတဲ့..။သူတို့စိုးရိမ်နေကြပါတယ်။
ကျွန်တော်လည်းဆုတောင်းမိပါတယ်...NLDက ခေါင်းဆောင်ငယ်တွေ ရဲ့လုပ်ရပ်က. လူထုခေါင်းဆောင်နဲ့ ပါတီရဲ့အစဉ်အလာ ကောင်းမွန်တဲ့ပုံရိပ်ကို မပျက်စီးပါစေနဲ့လို့..။
သူတို့ ၂ ဦး ဘာအတွက်ကြောင့်သွားတာလဲ..အဲလူတွေနဲ့ဘာတွေ လုပ်ခဲ့သလဲ..ဘယ်လိုကတိစကားတွေ ရှိနေပြီလဲ...မေးခွန်းတွေက အများကြီးရှိလာပါတယ်..။ပါတီ နဲ့လွှတ်တော် ကိုအသိမပေးပဲ ဒီလိုသွားခွင့်ရှိပါသလား...ဒါကပါတီရဲ့..လုပ်ငန်းပိုင်းပေါ့....ပါတီကတာဝန်ရှိသူတွေ...ထိမ်းကျောင်းဖို့ပါ..။

ဒီဖြစ်စဉ်ကို..အဲနေ့ညကတည်းက ..ပုသိမ်က နိုင်ငံရေး အသိုင်းအ၀ိုင်းတွေသတင်းသမားတွေသိခဲ့ကြပါတယ်...။သို့သော်လည်း...။ပေါ့...။
မောင်ကာလုရေးရတာကတော့...ကိုဝေလှိုင်ထွန်းက ကိုအောင်ကျော်ခိုင်နဲ့တစ်ပူးပူးနဲ့အတွဲများနေပါတယ်..။.
သူတို ၂ ဦးဟာ ၂၀၁၂ ကနေစပြိး ပါတီတစ်ခုထဲမှာ ရှိလာကြပေမဲ့ ဒီမို ကရေစီ ရဲ့ ရဲဘော်ရဲဘက်တွေ
မဟုတ်ကြသလို ..။
.လွှတ်တော်ရဲ့သဘောသဘာဝအရလည်း လုပ်ငန်းပိုင်းအရ ဒိလောက် ပူးတွဲ နေရမဲ့ ပုံစံမဟုတ်လေ..တော့။
..ဒီတော့ သူတို့နှစ်ဦးရဲ့အခြေအနေကသူတော်ခြင်းသတင်း တစ်လွေ့လွေ့လားလို့ပေါ့...
ကောင်းသောသတင်းလွေခြင်းသာဖြစ်ပါစေတော့...။
NLD ခေါင်းဆောင်ကြီးများနဲ့ NLD ချစ်သူများသိစေဖို့ရေးပါတယ်...။
ဦးကျော်ဟိုး..ဒေါက်တာတင်မင်းထွဋ်..ဒေါက်တာမျိုးညွန့်..ဒေါက်တာ အေးကြူ ...၀င့်မော်အောင်...
ညီညီအောင် တို့ရေ..ထိန်း ကြပါအုန်း ခင်ဗျ..။
မကျွံခင်ပေါ့နော်...။ဒီ.. post ကို လည်းပါတီက တာဝန်ရှိသူတွေ ကိုပေးဖတ်လိုက်ပါ။
ကျွန်တော်ကလည်းကိုယ်တိုင်လက်သန်းနဲ့တောက်တင်ခဲ့ရတဲ့ပါတီဆို
တော့သံယောဇဉ်ကြောင့်ဆိုလည်းမမှားပါဘူး..။
ငါးခုန်းမတစ်ကောင်ကြောင့်တစ်လှေလုံးမပုပ်စေချင်ပါဘူး
ပြည်သူတို့ေ၇ှ့ရေးအတွက်
မောင်ကာလု
မေလ ၁၃
https://www.facebook.com/karlu.soe/posts/256076098080314

No comments:

Post a Comment