ဝါးခယ်မ မေ ၁၃
ဧရာဝတီတိုင်းဒေသကြီး ၀ါးခယ်မမြို့နယ် ဈေးရပ်ကွက်နှင့် ရေကျော် ရပ်ကွက်ကြားရှိ ဈေးချောင်း မြောင်းမကြီးအား ရေစီးရေလာကောင်းမွန်ရေး စွန့်ပစ်အမှိုက်များ ရှင်းလင်းခြင်းလုပ်ငန်းအား မေ ၁၃ ရက် နံနက် ၇ နာရီက ပြုလုပ်ကြကြောင်း သိရသည်။
အဆိုပါ ဈေးချောင်းသည် မြောင်းထဲတွင် စွန့်ပစ်အမှိုက် များကြောင့် ရေစီးရေလာကောင်းမွန်မှုမရှိခြင်း၊ ဈေးရပ်ကွက်၊ ရေကျော်ရပ်ကွက်၊ ကျုံစိန်ကျေးရွာအုပ်စု အထိ စပ်ဆက်လျှက်ရှိရာ ပြည်သူများ၏ ကျန်းမာရေးအတွက်ပါ အန္တရာယ်ဖြစ်စေနိုင်သောကြောင့် မိုးမကျမီ ရေစီးရေလာ ကောင်းမွန်အောင် စွန့်ပစ်အမှိုက်များ ရှင်းလင်းခြင်းတို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပြီး မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင့်လွင်ဦးက ကြီးကြပ်ကာ ၀န်ထမ်းများမှ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဈေးသူဈေးသား၊ ပြည်သူများအနေဖြင့် စွန့်ပစ်အမှိုက်များအား စနစ်တကျစွန့်ပစ်ပေးပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စွန့်ပစ်အမှိုက်များအား သိမ်းဆည်းပေးခြင်းဖြင့် အဆိုပါ ဈေးချောင်း မြောင်းမကြီး အမှိုက်များ ကင်းရှင်းကာ ရေစီးရေလာ ကောင်းမွန် လာမည်ဖြစ်ကြောင်း ပြည်သူ တစ်ဦးကပြောကြားခဲ့သည်ဟု သတင်းရရှိသည်။
လွှမ်းသီဟ (၀ါးခယ်မ)
MOI Webportal Myanmar
Friday, May 13, 2016
ဈေးချောင်း မြောင်းမကြီးအား ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်
ဈေးချောင်း မြောင်းမကြီးအား ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်
Reviewed by timeayeyar
on
2:33 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment