မြန်အောင် မေ ၁၀
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်မှ ကျေးရွာအုပ်စု ၅၇ အုပ်စုရှိ တောင်သူ ၁၈၀၀၀ ကျော်တို့၏ လယ်ယာမြေ (၁၀၃၂၀၀)လျာထား ဧကကို တစ်ဧကလျင် တစ်သိန်းငါးသောင်းကျပ်နှုန်းဖြင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မြန်အောင်ဘဏ်ခွဲမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို မေ ၁၀ ရက်နေ့က စတင် ထုတ်ချေး နေပြီဖြစ်ကြောင်း သိရှိရသည်။
မြန်အောင်မြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မြို့နယ် မန်နေဂျာ ဒေါ်ခင်မြင့်ရီက “မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေကို ကျေးရွာ အုပ်စုအလိုက် မိမိတို့ဆန္ဒသဘောအရ ပါဝင်တဲ့ တောင်သူသုံးဦး တစ်ဖွဲ့စနစ်ဖြင့် လယ်(၁) ဧက ငွေကျပ် တစ်သိန်းငါးသောင်းနှုန်းကို အတိုး ၈% ဖြင့် ထုတ်ချေးမှာဖြစ်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇) ရရှိတဲ့ တောင်သူများကိုသာ ထုတ်ချေးပေးသွားမှာဖြစ်ပါတယ်’’ ဟုပြောသည်။
မြို့နယ်မန်နေဂျာ ဒေါ်ခင်မြင့်ရီက မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေ စတင် ထုတ်ချေးသော ရှားတောကျေးရွာအုပ်စုမှ တောင်သူများကို ချေးငွေ ထုတ်ချေးသည့် စာချုပ် ပါ စည်းကမ်းချက်များအား ရှင်းလင်းပြောကြားပြီး ရှားတောအုပ်စုမှ တောင်သူ ၁၁၄ ဦး၊လယ်မြေ ၅၂၂ ဧကအတွက် ၇၈၃ သိန်းကျပ် ထုတ်ချေးပေးခဲ့ကြောင်းသိရှိရသည်။
ဝင်းဗိုလ် ပြန်/ဆက်
MOI
Friday, May 13, 2016
တစ်ဧက တစ်သိန်းငါးသောင်းကျပ်နှုန်းဖြင့် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေ စတင်ထုတ်ချေး
တစ်ဧက တစ်သိန်းငါးသောင်းကျပ်နှုန်းဖြင့် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေ စတင်ထုတ်ချေး
Reviewed by timeayeyar
on
2:29 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment