Wednesday, May 4, 2016
ယစ်မျိုးစီမံခန့်ခွဲမှုဆိုင်ရာများ ရှင်းလင်းပြောကြား
ဝါးခယ်မ မေ ၂
ဧရာဝတီတိုင်းဒေသကြီး ၀ါးခယ်မမြို့နယ် ရွှေခယ်သီရိအားကစားခန်းမ၌ မေ ၂ ရက် နံနက် ၉ နာရီက ယစ်မျိုးစီမံခန့်ခွဲမှုဆိုင်ရာညွှန်ကြားချက်များ ရှင်းလင်းပွဲအခမ်းအနားအား ကျင်းပပြုလုပ်ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားတွင် ယစ်မျိုးစီမံခန့်ခွဲမှုဆိုင်ရာညွှန်ကြားချက်များ၊ လိုက်နာရမည့် စည်းကမ်းချက်များ၊ ယစ်မျိုးစီမံခန့်ခွဲမှုဆိုင်ရာဥပဒေ၊ နည်းဥပဒေများဖြင့် ညီညွတ်ရမည့်အချက်များကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်အောင်ဖြိုးက ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားသို့ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ယစ်မျိုးလိုင်စင်ရရှိသော လုပ်ငန်းရှင် ၂၂၅ ဦး တက်ရောက်ခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသော လုပ်ငန်းရှင်များက သိရှိလိုသည်များကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လွှမ်းသီဟ (၀ါးခယ်မ)
ယစ်မျိုးစီမံခန့်ခွဲမှုဆိုင်ရာများ ရှင်းလင်းပြောကြား
Reviewed by timeayeyar
on
6:46 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment