Latest News

Wednesday, May 4, 2016

ညောင်တုန်းမြို့ ၁၉ လမ်း နှင့် ၂၀ လမ်းကြားကန္နားတာမြှင့်ခြင်းလုပ်ငန်းတွင်အုတ်ရိုးတစ်လွှာသာစီထား၍မြေဖို့ကိစ္စအားရှင်းလင်ချက်



ညောင်တုန်းတာမြှင့်တင်ခြင်းလုပ်ငန်းတွင်အုတ်တစ်လွှာသာစီ၍မြေဖိုနေကြောင်းသိရ
****************************************************
1.5.2016နံက်ပိုင်း၌ ညောင်တုန်းမြို့ ၁၉ လမ်း နှင့် ၂၀ လမ်းကြားကန္နားတာမြှင့်ခြင်းလုပ်ငန်းတွင်အုတ်ရိုးတစ်လွှာသာစီပြီး အုတ်ရိုးထပ်မစီပဲ မြေဖို့နေကြောင်းသိရှိရသည်။
၎င်း ၁၉ လမ်းကန္နားသည် လာမည့်မိုးတွင်းကာလအတွက် အစိုးရိမ်ရဆုံး Danger Point နေရာလည်းဖြစ်နေသည်။
...........................................................................................................

(1.5.2016)ညောင်တုန်းမြို့သတင်းရပ်ဝန်းမှတင်ထားသောအုတ်တစ်လွှာသာစီထား၍မြေဖို့ကိစ္စအားရှင်းလင်ချက်

(၁၉ )လမ်းနှင့် လမ်း(၂၀) ကြားအုတ်ရိုးစီ၍ရေကာတာမြှင့်တင်ခြင်းလုပ်ငန်းတွင်အခြားကန္နားများကဲ့သို့အုတ်ရိုး( ၂) ရိုးမစီပဲမြေသားဖို့ခြင်းပြုလုပ်နေခြင်းအားစိုးရိမ်ပူပန်မှုဖြင့်''ညောင်တုန်းမြို့သတင်းရပ်ဝန်း''တွင်ဖေါ်ပြထားသည်ကိုတွေ့ရှိခဲ့ရပါသည်။
ယခုအခါတည်ဆောက်ရေး(၉) မှတာဝန်ရှိသူများကညောင်တုန်းမြို့မြစ်ကမ်းပါးဖြစ်စဉ်လေ့လာစောင်ကြည့်ရေးနှင့်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီသို့အောက်ပါအတိုင်းပြောကြားခဲ့ပါသည်။
==========================
၎င်းနေရာအားအုတ်ရိုး (၂) ရိုးစီရန်ရည်ရွယ်ထားသော်လည်းအောက်ခံမြေသားအားနည်းမှုကြောင့်အုတ်ရိုးတစ်ရိုးပဲစီခြင်းဖြစ်ပါသည်။တည်ဆောပ်ရေး ( ၉ ) ၏အင်ဂျင်နီယာများ၊မြစ်ကြောင်းဖြိုးမှတာဝန်ရှိပုဂ္ဂိုလ်များ၏အကြံဥာဏ်များဖြင့်အုတ်ရိုးလေးလံမှုဖြင့်ဝန်မပိစေရန် (၁၀)လမ်း (၁၁) လမ်းကန္နားအဖြစ်မျိုးထပ်မံမဖြစ်ပွားစေရန်ဝိတ်လျှော့ စီစဉ်ခြင်းဖြစ်ပါသည်။
ထိုအပြင်တည်ဆောက်ရေး (၉) မှGeo bag အိတ် (၄၀၀) ခန့်အား (၁၉) လမ်းကန္နား ရေနက်အိုးအတွင်းသို့ဖြည့်တင်းပေးရန်စီစဉ်ပြီးဖြစ်ပါသည်။
(၁၉)လမ်းကန္နားမိုးတွင်းကာလအတွက်လည်းသဲအိတ်များစီစဉ်ထားပြီးဖြစ်ပါကြောင်း*** အုတ်တလွှာသာစီ၍မြေဖို့ရခြင်းနှင့် ၎င်းနေရာအတွက်အုတ်ရိုးတခုတည်းရှိနေခြင်းအပေါ်စိုးရိမ်ပူပန်မှုမရှိစေလိုကြောင်းပြောကြားသွားပါသည်။ညောင်တုန်းရေကာတာမြှင့်တင်ခြင်းလုပ်ငန်းများနှင့် (၁၀) လမ်းကန္နား ကမ်းလျှောကမ်းအိ လုပ်ငန်းများအတွက်သိလိုပါက
***AE ဦးမျိုးခိုင်---09975781090
***AE ဦးဥာဏ်ဇော်ဦး---09972489282
ထံသို့ပွင့်လင်းစွာမေးမြန်းနိုင်ပါကြောင်းပြောကြားသွားပါသည်။
ပေးပို့သူ***
မြစ်ကမ်းပါးဖြစ်စဉ်လေ့လာ/ ထိန်းသိမ်ရေးကော်မတီ

ညောင်တုန်းမြို့သတင်းရပ်ဝန်း
May 1 at 11:37am ·




No comments:

Post a Comment