Latest News

Wednesday, May 4, 2016

ငါးမွေးမြူရေးကန်များ အပူချိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး အသိပညာပေး



ဝါးခယ်မ မေ ၎
ဧရာတီတိုင်းဒေသကြီး ၀ါးခယ်မမြို့နယ် ဂရမ်းကျေးရွာအုပ်စု ဦးသာနေအေးငါးကန်၌ မေ ၄ ရက် နံနက် ၉ နာရီက ငါးမွေးမြူရေးကန်များ အပူချိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောခြင်းနှင့် အယ်လ်နီညိုပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ပြုလုပ်ကြောင်း သိရသည်။
အပူချိန်မြင့်မားလွန်ကဲမှုကြောင့် ငါးမွေးမြူရေးကန်များရှိ ကန်ရေများ ရေငွေ့ပျံပြီး ရေလျော့နည်းကာ ကန်ထဲရှိငါးများ၏ စွန့်ပစ်အညစ်အကြေးကြောင့်လည်းကောင်း၊ အစာကျွေးလွန်ကဲသဖြင့် စားကြွင်းစားကျန်များကြောင့်သော်လည်းကောင်း ညစ်ညမ်းပြီး ငါးရောဂါများ ကျရောက်တတ်သဖြင့် ရှောင်ကျဉ်ရမည့် အချက်များ၊ အပူချိန်လွန်ကဲမှုကြောင့် ငါးများသေဆုံးမှု လျော့နည်းစေရေးအတွက် ကြိုတင် ဆောင်ရွက်ထားရှိရမည့် အချက်များ၊ ငါးမွေးကန်၌ ပုံမှန်မဟုတ်သော အခြေအနေပြောင်းလဲခြင်းမျိုးများ ဖြစ်ပေါ်လာသည်ကို တွေ့ရှိရပါက ငါးလုပ်ငန်းဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်ပေးရန် မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးအရာရှိဦးသိန်းဦးက တက်ရောက်လာသော ဂရမ်း၊ မြဂိုးလေး၊ မြဂိုးကြီး၊ သီလချောင်း မြစ်ကလေး၊ ကျွဲတလင်းကျေးရွာအုပ်စုများမှ ငါးကန်ပိုင်ရှင်များအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ရေလုပ်သားငယ်များအပါအ၀င် ရေလုပ်ငန်းလုပ်ကိုင်သူများအားလုံး အယ်လ်နီညိုရာသီဥတုဆိုင်ရာ အကျိုးသက်ရောက်မှုကို ကြိုတင်သိရှိကာကွယ်နိုင်ရန်၊ သဘာဝပတ်ဝန်းကျင်နှင့် ငါးလုပ်ငန်းဆက်စပ်မှု ဂေဟစနစ်ကို ရေလုပ်ငန်းရှင်များ သိရှိနားလည်စေပြီးရေရှည် ဖွံ့ဖြိုးတိုးတက်သော ငါးလုပ်ငန်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောခြင်းဖြစ်ကြောင်း သိရသည်။
လွှမ်းသီဟ (၀ါးခယ်မ)
Hlwann Thiha




No comments:

Post a Comment